မြန်မာစစ်တပ်အား SSPP/SSA ဆက်တိုက်ခြုံခိုတိုက်ခိုက်

မြန်မာစစ်တပ်အား SSPP/SSA ဆက်တိုက်ခြုံခိုတိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

မြန်မာတပ်အချို့သျှမ်းပြည်တပ်မတော် SSPP/ SSA ဌာနချုပ်အနီးမှတပ်ဆုတ်သွားနေပြီဟု ဆိုသော် စားနပ်ရိက္ခာများဆက်တိုက်ပို့ဆောင်ရာတွင်လုံခြုံ ရေး ယူပေးသည့်တပ်များဆက်တိုက် ခြုံခိုတိုက်ခိုက် ခံရ ကြောင်း ကြားသိရပါသည်။

“တိုက်ပွဲက ၃ ရက်နေ့မှာ နှစ်ခါ ဖြစ်တယ်၊ ၄ ရက်နေ့ ၃ ခါ၊ ၅ ရက်နေ့မှာနောက်တခါထပ်ဖြစ်တယ်။သတင်း ကြိုရ ထားလို့ ကျနော်တို့ ဘက်ကနေ ခြုံခိုတိုက်ခိုက်တာ။ စာရင်းရထားတာကတော့ ဗမာစစ်တပ်က ၂ ယောက်သေ တယ်။ ၁၅ ယောက်ဒဏ် ရာ ရတယ်။ အဲလောက်ဘဲ သိထားတယ် ” - ဟု ပြောခွင့် ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
sspp_in_the_forest
ဩဂတ်စ် ၅ ရက်နေ့ မြန်မာတပ်ခလရ ၃၃ မှ တပ်သားအချို့နှင့်လားဟူပြည်သူ့စစ် ၁၀ ယောက် ပါဝင်သည့် စစ်ကြောင်း တကြောင်းအား သျှမ်းပြည်တပ်မတော် SSPP/SSA မှ ခြုံခိုက်တိုက်ရာ  မြန်မာစစ်တပ်၏အလောင်း တလောင်း နှင့် M 22 တစ်လက်၊ ကျည် ၃၀ ဒေါင့် တို့ကို SSPP ကသိမ်းဆည်းရမိကြောင်းသျှမ်းပြည် တပ်မတော် သတင်းရပ်ကွက်ကပြော ပါသည်။

ထို့အတူ ဩဂတ်စ် ၃-၄ ရက်နေ့အထိ ကျေးသီးမြို့တွင်း ထော်လာဂျီအကြီး၊ ဒရီးဂရောင်း၊ ဖိုးဝှီး၊ မှန်လုံ၊ လေးလုံးထိုး တမျိုးတစီးချောဆွဲပြီး (ဝမ့်ဟိုင်းဌာနချုပ်အနီး တပ်ချ ဝိုင်းရံထားသည့် မြန်မာတပ်များထံ) ပန်စေ့ လွယ်ယွဲဘက် ဆန်အိတ်ရာချီတင်ပို့ရာတွင် လုံခြုံရေးယူပေးသည့် ကျေးသီးအခြေစိုက် ခလရ ၁၃၁ အား ဆက်တိုက်ခြုံခိုတိုက်ခိုက် ခဲ့ ကြောင်း ဗိုလ်မှူးစိုင်းလက ဤကဲ့သို့ဆက်ပြောပါသည်။

“ ၃ ရက်နေ့တုန်းက ကုန်းကားပျင့်(ကားမှောက်ကုန်း)မှာ ကျနော်တို့ တပ်မဟာ ၂၇ ၊ တပ်ရင်း ၅၇၆ က ခြုံခိုတိုက် ခိုက်တာ၊ အဲနေ့ မှာဘဲဘဲ ၁၈: ၂၅ နာရီ ပန်စေ့အလွန် လွယ်ယွဲ မရောက်ခင်မှာ လဲတိုက်တယ်။ ၄ ရက်နေ့မှာလဲ ကုန်း ကားပျင့်မှာဘဲ ဆွဲမိုင်း ထောင်ပြီး ထပ်တိုက်တယ်။ အဲမှာသူတို့ဖက်က ၁ ယောက်ပွဲချင်းပြီး၊ ၁၀ ယောက် ကျော် ဒဏ်ရာ ရတယ်။ ရွာသားတွေကို ချော ခေါ်ပြီး ကောင်းလန်းဘက်ထမ်းပို့ုရတယ်။ တန့်ယန်းမြို့နယ် တုန့်ဟုန်း နဲ့ နမ့်ကတ်း ကြား မှာလဲ ဗမာတပ်ကို ခြုံခို တိုက်ခိုက် တာတွေရှိတယ်။အဲမှာ လဲတော်တော်သေတယ် ပြောတယ်။ ကျနော်တို့ ဘက် ကတော့ နေရာကောင်းယူပြီး ကြိုတိုက် တော့ အသာစီးနေရာရတာပေါ့”

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် နယ်မြေအနီး မြန်မာအစိုးရတပ် ခြေကုပ်ထားသောနေရာများမှာ အနောက် မြောက်ဘက်တွင် ၁။ ဝမ့်မိတ် ကိန်းလိန်ကြားက ကောင်းမူးဟမ်း(စေတီပျက်ကုန်း)၊ ၂။ ဝမ့်မိတ်ရွာ မြောက်ဘက် လွယ် ကောင်းမူးမတ်ကိန်၊ ၃။ လွယ်ကုန်၊ လွယ်ကျိုင်း။ ဝမ့်ဟိုင်းဌာနချုပ်သို့ အဝင်လမ်းတောင် ဘက်ခြမ်းတွင်မူ လမ်းခွဲ၊ (ကိုက် ၅၀ ခန့်သာရှိသည့်အကွာအဝေး နှစ်ဘက် အင်အား ရာကျော်ဖြင့်အပြန်အလှန် ချိန်နေဆဲ) ဝမ့်ဆော့ မှ ခရီးသည်များ ဝင်ထွက်သွားလာခွင့်ကို မြန်မာဘက်မှ ပိတ်ထားဆဲဖြစ်သည်။

Most read this week