ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ပြောင်း လဲ တာဝန် ပေးအပ်လိုက်ခြင်းသည်တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအား ဗဟိုအစိုးရကခိုင်မာ စွာ ချုပ်ကိုင်နိုင်ရန် ဖြစ် သည်ဟု ဥရောပ-မြန်မာရုံး (Euro Burma Office EBO) က သုံးသပ်သည်။
“ဝန်ကြီးတွေ ပြောင်းလဲတာဝန်ပေးအပ်တာဟာ တိုင်းနဲ့ပြည်နယ်အစိုးရကို ချုပ်ကိုင်နိုင်ဖို့အတွက် ဗဟိုအစိုးရရဲ့ ကြိုး စားမှုဘဲ။ ဘာကြောင့်လဲဆိုတော့ ဗဟိုအစိုးရနဲ့ တိုင်း/ပြည်နယ်အစိုးရတို့ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိလဲ။ အချင်းချင်း ကြား ဘယ်လိုဆက်သွယ်မလဲဆိုတာ အခုအချိန်ထိ မသဲကွဲသေးဘူး။ အထူးသဖြင့် ဘတ်ဂျက်နဲ့ ပေါ်လစီပိုင်းမှာ ပြဿနာက အမြဲရှိတတ်တယ်” ဟု EBO က သုံးသပ်ပါသည်။
ဂျူလိုင် ၁ ရက် နေ့စွဲဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းဒေသကြီး ရ ခုနှင့် ပြည်နယ် ရ ခုမှ ဝန်ကြီးအသီးသီးအား တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တင်ပြလာသည့် အတိုင်းပြောင်းလဲ တာဝန် ပေးအပ်ခဲ့သည်။
သျှမ်းပြည်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်းတွင် -
(၁)ဗိုလ်မှူးကြီးအောင်သူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (ယခင်)
(၂) ဦးခွန်သိန်းမောင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး (ယခင်)
(၃) ဦးစိုင်းဆာလူ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး လယ်ယာနှင့်သစ်တောဝန်ကြီး (ယခင်)
(၄) ဦးစိုင်းအိုက်ပေါင်း သစ်တောနှင့်သတ္တုဝန်ကြီး စက်မှုနှင့်သတ္တုတွင်းဝန်ကြီး (ယခင်)
(၅) ဦးသောင်းရွှေ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး စီးပွားရေးဝန်ကြီး (ယခင်)
(၆) ဦးစိုင်းနော်ခမ်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီး (ယခင်)
(၇) ဦးစိုင်းထွန်းရင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး (ယခင်)
(၈) ဦးတူးမောင် စည်ပင်သာယာရေးဝန်ကြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး (ယခင်)
(၉) ဒေါက်တာမျိုးထွန်း လူမှုရေးဝန်ကြီး ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး (ယခင်)
တို့ဖြစ်ကြသည်။