ဝမ့်ဟိုင်းဌာနာချုပ် အနောက်မြောက်ဘက် နမ့်ကိုင် ဖိတ် ခံတပ်စခန်းမှ SSPP/SSA သျှမ်းပြည် တပ်မတော် ဆုတ်ခွါပေး ပြီးနောက် ဌာနချုပ်အနီး ကိန်းလိန်အထိမြန်မာတပ်ရောက်ရှိ နေကြောင်း သျှမ်းပြည်ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါသည်။
“ပထမ သုံးလေးရက် ဗမာတပ်တွေ ၈၁ mm လက်နက်ကြီးတွေနဲ့ထုတာ အလုံးရာချီတယ်။ ကျနော်တို့ တပ်ကို မရောက်ဘူး။ ၁၄-၁၅ ရက်တုန်းက လေယာဉ်နဲ့ လာခြိမ်းခြောက်တယ်။ အဲနေ့ကစပြီး ကျနော်တို့နမ့်ကိုင်ဖိတ် တပ် စခန်း ကို ၁၂၀ mm တွေနဲ့ မရပ်မနားထုတယ်။ ခံစစ်နဲ့နေလို့မရတော့ဘူး။ ကျနော်တို့အတွက်ခံတိုက် နေရင် ပိုအထိနာမယ်။ ပြောက်ကျားနဲ့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်”
ဂျူလိုင် ၁၆ - ၁၇ ရက် မြန်မာစစ်တပ် အင်အား ၁၀၀၀ နီးပါးက သျှမ်းပြည်တပ်မတော် နမ့်ကိုင်ဖိတ် ခံတပ်စခန်း အား ၁၂၀ mm လက်နက်ကြီးများဖြင့် မရပ်မနားပစ်သောကြောင့် သျှမ်းတပ်များအဆိုပါစခန်း ၃-၄ ခု ဆုတ်ခွာ လိုက် ရ ကြောင်း၊ ယနေ့ ၁၈ ရက်နေ့ မနက်ပိုင်း၌ မြန်မာတပ်များ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်နှင့် ၅ မိုင်ကျော် သာ ဝေးသည့် ကိန်းလိန်ကျေးရွာသို့ ရောက်ရှိနေကြောင်း ဒေသခံသတင်းရပ်ကွက်မှ ကြားသိရပါသည်။
“ဗမာတပ်တွေ အခုကိန်းလိန်ကို ရောက်နေတယ်။ အနောက်မြောက်ဘက်၊ အနောက်ဘက်၊ တောင်ဘက် အရှေ့ တောင် ဘက်ကနေ ကျနော်တို့ ဌာနချုပ်ဆီ ဦးတည်လာနေတယ်။ ဗမာတပ်အင်အား ၁၇ ရင်းလောက် ရှိတယ်။ တိုက်နေဆဲ တပ်တွေအပြင် တပ်မ ၅၅ လက်အောက်ခံ ခလရ ၁၇၊ ခမရ ၁၁၄၊ ၁၁၅ စတဲ့တပ်သစ် တွေလဲထပ် ရောက်တယ်”- ဟုပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှ ကပြောပါသည်။
မြန်မာစစ်တပ်ထိုးစစ်ဆင်မှုကြောင့် ရွာပေါင်း ၂၀ ကျော်မှ ကျေးလက်လူထု တောတောင်အတွင်း ပုန်းခိုနေရ၏။ မြန်မာစစ်တပ် က နမ့်ကိုင်ဖိတ် တပ်စခန်းအားလက်နက်ကြီးနှင့်လှမ်းပစ်စဉ် ဝမ့်မိတ်ရွာ လုံးလောဝ်ဇန်းအိမ်ထိ မှန်ပြီး ကျေးလက်ရွာသားအများအပြား ဒဏ်ရာရရှိကြောင်း လားရှိုးရောက်ဒေသခံများက ပြောပြပါသည်။
တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်ကြသည့် ရွာများမှာ ကိန်းလိန်၊ ခီခပ်၊ ဝမ့်မိတ်၊ ခေးပွမ်း၊ ဖတ်နမ်၊ ပိန်းညောင်၊ မက်ကျိုင်း၊ နမ့်ကုန်၊ ဝမ့်မိုင်၊ မက်လုံး၊ နမ့်ကိုင်ဖိတ်၊ နမ့်ဟို၊ ဝမ့်မော့၊ ဝမ့်တုံ့ထွမ် -- စသည့်ရွာများ ဖြစ်ကြောင်း၊ ထိုးစစ် ဆင်နေသည့်မြန်မာတပ်များမှာမူ - ရပခ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ - ၂၂၊ ၃၃၊ ခမရ ၂၄၃၊ ခမရ - ၅၀၁၊ ၅၀၃၊ ၅၀၄၊ ၅၀၆၊ ရပခ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ခံ ခလရ - ၉၊ ၁၂၊ ၆၄၊ ၂၈၆၊ ၂၈၇၊ ခမရ ၅၁၃၊ ၅၁၅၊ ၅၁၇၊ ၅၁၈၊ ၆၁၆ စသည့်တပ်များဖြစ်သည်ဟု ဆိုသည်။
SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်း ဌာနချုပ်အား ရ ရက်အတွင်းသိမ်း ပိုက် နိုင် ရန် နေပြည်ပြည်တော်က ညွှန်ကြားထားသည်ဟုလည်း သတင်းထွက်နေပါသည်။