သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တောင်ဘက် လားရှိုး - မန္တလေးလမ်းမပေါ် ကျောက်မဲမြို့ အဝင် မုခ်ဦး တွင် ဗုံးတလုံး ပေါက်ကွဲသောကြောင့်ဒေသ ခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရှိသည်ဟုဆို သည်။
“မနေ့ည က ၉ နာရီထိုးခါနီး မုခ်ဦးနား ဗုံးတလုံးပေါက်ကွဲတယ်။ ဒဏ်ရာ ရတာသုံးယောက်၊ တယောက်က အရမ်းပြင်းထန်လို့ ကျောက်မဲဆေးရုံမှာဘဲ ဒီမနက် သေဆုံးသွားတယ်” - ဟု ကျောက်မဲ ကျန်းမာရေးဝန်ထမ်း အသိုင်းဝိုင်းက ပြောပါတယ်။
ဂျူလိုင် ၁၂ ရက် ည ၈:၄၀ နာရီကျော် အချိန် ကျောက်မဲမြို့ အဝင် ဘီးလိမ့်ခွန် ဂိတ်အနီး ဆိုင်ကယ်သမား ၂ ယောက် ဆိုင်ကယ်လာရပ်ကာ ပြန်ထွက်သွားသည်နှင့် မကြာမှီ ဗုံးပေါက်ကွဲခဲ့သည်ဟုဆို၏။ ဗုံးကွဲစများကြောင့် လူသုံးဦး ဒဏ်ရာအပြင်းအထန်ရသည်ဟု မျက်မြင်တဦးကပြောပါသည်။
“ကျနော်တို့ကြားတာကတော့ ဆိုင်ကယ်သမားနှစ်ယောက် လက်ပစ်ဗုံးနဲ့ ဝင်ပစ်သွား တယ်ဆိုဘဲ။ သုံးဦးသေ တယ်လို့တောင်ကြားတယ်။ မြန်မာတပ်ကတော့ သျှမ်းသူပုန်လာလုပ်သွားတယ်ပြောတာဘဲ” - ကျောက်မဲမြို့မ ဈေးကြီးအနီးနေထိုင်သူ တဦးကပြောပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် အရာရှိတဦးက - “ပြီးခဲ့သည့် တလ နှစ်လ ကတည်းက မြို့ပေါ် မှာ ဗုံးတွေ မကြာခဏ ပေါက်တယ်၊ အဲလိုမကောင်းမှုလုပ်တိုင်း သူပုန်ကိုဘဲ စွပ်စွဲနေတာ မဆန်းပါ ဘူး။ တိုင်းပြည် မငြိမ်မသက်လုပ်နေတာ ဘယ်သူလဲဆိုတာ လူတိုင်းသိတယ်။ တိုင်းရင်းသားလက်နက်ကိုင် (အပစ်ရပ်)တွေ ကိုယ့် ဟာကို အေးဆေးနေတာကို ရန်ရှာပြီးလာတိုက်နေတာ ဗမာတပ်ဘဲ” - ဟုသျှမ်းသံတော် ဆင့်သို့ ပြောပါသည်။
လားရှိုး - မန္တလေးလမ်း ခေါ် ပြည်ထောင်စု လမ်းမကြီးသည် ကျောက်မဲမြို့တွင်း မဖြတ်သန်းဘဲ မြို့၏ တောင်ဘက် ခြမ်းမှပတ်၍ ဖြတ်သန်းသွားကြောင်း၊ ကိုယ်ပိုင်၊ အငှား၊ ဗင်ကားလေးများသာ မြို့တွင်းသို့ ဖြတ် သန်းမောင်းနှင် ကြောင်း၊ ယခုဗုံးပေါက်ကွဲသည့်နေရာသည် မြို့အဝင် (မြို့၏တောင်ဘက်ခြမ်း) ဖြစ်ကြောင်း၊ အနီးအနားတွင် ကျေးရွာ များရှိကြောင်းလည်း ကျောက်မဲသားတဦးကပြောပါသည်။
မြန်မာအစိုးရ စစ်တပ်နှင့် သျှမ်းတပ်၊ ကချင်တပ် တို့နှင့် စစ်ရေးတင်းမာမှု၊ မြန်မာစစ်တပ်မှ ထိုးစစ်ဆင်တိုက် ခိုက်မှု ပြုလုပ်လာသည့်နောက်ပိုင်း မြို့ပေါ် ဗုံးကွဲမှု ဆက်တိုက်ဖြစ်ပေါ်လာကာ မြို့ခံများည ၈ နာရီနောက်ပိုင်း အိမ်အပြင်ဘက် မထွက်ရဲဘဲ ကျီးလန့်စာစားနေရသည့်ဘဝ ရောက်နေကြရကြောင်းလည်း လားရှိုးမြို့နေ ရပ်မိရပ် ဖတဦးကလည်း သုံးသပ်ပြောဆိုသည်။