ဂျွန်လ ၂၆ရက်ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် ဂျူလိုင်လ ၂ ရက်က မိုင်းလား တပ်ဖွဲ့ခေါ်အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (NDAA- National Democratic Alliance Army) ကမူးယစ်ဆေးဝါးမီးရှိုးဖျက်ဆီး ပွဲ ကျင်းပခဲ့ကြောင်းသျှမ်းပြည်အရှေ့ပိုင်းသတင်း ရပ်ကွက်က ဆိုပါသည်။
“ အဲ့ဒီ ၂၆ ရက်မှာ ကျနော်တို့မလုပ်တာက ကျနော်တို့ ပြင်ဆင်နေတာတွေ မပြီးသေးလို့၊ အဆင်မသင့်လို့ မလုပ်နိုင်တာ ဖြစ်တယ်။ တခြားအကြောင်းတော့မရှိပါဘူး” ဟု မိုင်းလားတပ်ဖွဲ့မှ အရာရှိတဦးကပြောသည်။
မူးယစ်ဆေးမီးရှို့ဖျက်ဆီးပွဲသို့ မိုင်းလားတပ်ဖွဲ့မှ အရာရှိများ တပ်မတော်သားများနှင့်အတူ ဒေသခံပြည်သူ အပြင် ဖိတ်ကြား ထားသည့် တရုတ်ဧည့်သည်တော်များ၊ မဟာမိတ်တပ်ဖွဲ့ကိုစားလှယ်များတက်ရောက်ခဲ့၏။ မြန်မာအာဏာပိုင်များမှာမူ ဖိတ်ကြားထားခြင်းအကြောင်း မိုင်းလားအရာရှိတဦးက ဤကဲ့သို့ ပြောပြပါသည်။
“အသွင်ပြောင်းရေးအဆိုကို ကျနော်တို့ လက်မခံခဲ့တဲ့ နောက်ပိုင်း ဆက်ဆံရေးသိပ်မပြေပြစ်ဘူး။ အဲဒါကြောင့် မဖိတ် မိတာ။ မီးရှို့ပွဲကတော့ မိုင်းလားမြို့အနောက်ဖက် ၁ မို်င်လောက်အကွာမှာရှိတဲ့ ကောင်းဟိုနောင်ကန် ဘေးနားမှာ လုပ်တယ်။ မနက် ၈ နာရီခွဲမှာ လုပ်တယ်။ ကျနော်တို့လဲ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်နေ ကြောင်း ကမ္ဘာကိုပြချင် လို့ ကျင်းပရတာဖြစ်တယ်။
ကျနော်တို့ထိန်းချုပ်နယ်မြေထဲမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးအမျိုးမျိုး အလေးချိန် ၄ တန် လောက်ကိုမီးရှို့ဖျက် ဆီးပြတာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။
မိုင်းလားတပ်ဖွဲ့ကို လင်မင်ရှင်းခေါ် ဦးစိုင်းလင်းကခေါင်းဆောင်ပြီး မြန်မာစစ်တပ်နှင့် ၁၉၈၉ ကအပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ကြသည်။ ၁၉၉၇ တွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ကြောင်း ကြေငြာလိုက်ပြီး နောက်ပိုင်း မိုင်းလား နယ်မြေသည် မူးယစ်ဆေးဝါးကင်းစင်နယ်မြေအဖြစ် မြန်မာစစ်တပ်အပါအဝင် အမေရိကန်ပါ အသိအမှတ်ပြုခဲ့သည်။
၂၆ ရက်တွင်မူ မိုင်းလားတပ်ဖွဲ့မဟာမိတ် ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA ကလည်း ပန်ဆန်းမြို့ တော်၌ ယွမ်ငွေ သန်း ၃၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေး ၅ တန်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။
ဂျွန် ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ် UNODC က မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု နှစ်ဆတိုးလာကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။