မူဆယ် အမှတ် ၁ စျေးကြီး မီးလောင်

မူဆယ် အမှတ် ၁ စျေးကြီး မီးလောင်
by -
မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ် ၁ စျေးကြီး ယနေ့ နံနက် ဆိုင်ခန်းပေါင်း ၆ ခန်းခန့် မီးလောင်သွား  ကြောင်း သိရှိရပါသည်။

“အမှတ် ၁ စျေးကြီး အနောက်ဖက်ခြမ်း အပေါ်ထပ်မှာ လောင်တာဖြစ်တယ်။ ဆိုင်ခန်းအပြင်ဘက် ဝါယာကြိုး ရှော့ဖြစ်ပြီး မနက် ၆ နာရီမှာ စလောင်တာ။ မီးသတ်ကား ၃-၄ စီးနဲ့ လာငြိမ်းတယ်။ မိုးလဲအရမ်းရွာနေတော့ ရ နာရီလောက်မှာ မီးငြိမ်းသွားတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပါသည်။

မီးလောင်ကျွမ်းသွားသော ဆိုင်များမှာ ပရိဘောဂ၊ မွေ့ယာနှင့် ရွှေဆိုင်များဖြစ်ကြောင်း၊ ဆုံးရှုံးမှုပမာဏ အတိ အကျ မသိရသေးကြောင်း ၎င်းကပြောပါသည်။

“တံခွန်မွေ့ယာဆိုင်တော့ အားလုံးလောင်သွားတယ်။ ရွှေဆိုင်တစ်ဆိုင်လဲပါတယ်။ ဒါပေမဲ့ ဗီရိုအလွတ်ဘဲ။ ရွှေမပါဘူး။ အခုလောင်တာ ခပ်များများက ယိုးဒယားပစ္စည်းတွေ” ဟု မူဆယ်ဒေသခံနောက်တစ်ဦးကလည်း ပြောပါသည်။

မျက်မြင်သက်သေတစ်ဦးကမူ တန်ဖိုး သိန်း ၅၀ ရှိ မွေ့ယာဆိုင်တစ်ဆိုင်သာ လောင်ကျွမ်းသွားကြောင်း၊ အခြား ဆိုင်များမှာ ပစ္စည်းများ ပြောင်းရွှေ့ချိန်မှီလိုက်ကြောင်း ပြောပါသည်။

မြို့ခံတစ်ချို့က စျေးဖွင့်ခါနီး မီးလောင်မှုဖြစ်ခြင်းမှာ တစ်ဦးဦးကလာ ရောက်ရှို့ခြင်းဖြစ်နိုင်ကြောင်းထင်ကြေး ပေး နေကြသည်။

မီးလောင်မှုဖြစ်ပွားပြီးနောက် မူဆယ် အမှတ် ၁ စျေးကြီးကို ယနေ့ ပိတ်ထားသည်ဟုဆို၏။

Most read this week