ဗန်မော်မြို့တွင် ညမထွက်ရ အမိန့်ထုတ်

ဗန်မော်မြို့တွင် ညမထွက်ရ အမိန့်ထုတ်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်အတွင်း KIAနှင့် မြန်မာစစ်တပ် တိုက်ပွဲ များ ဖြစ်ပွားပြီးနောက်ပိုင်း ယခုလ ၁၄ ရက်နေ့ ညပိုင်း က ဒေသတွင်းရှိ တံတားများဗုံးခွဲ ဖျက်ဆီးခံရရာမှ ယမန်နေ့ညပိုင်းမှစ၍ ဗန်းမော် မြို့ တွင်ညမထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း မြို့ခံထံမှတဆင့် သိရသည်။

မြို့ပေါ်ရှိစျေးဆိုင်များအား ည ၈ နာရီ နောက်ဆုံးထား ပိတ်သိမ်းရန်နှင့် ည ၉ နာရီကျော်လျှင် အပြင်မထွက် ကြ ရန် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ညွန်ကြားထားကြောင်း သိရသည်။

မြို့ဧရိယာအတွင်း တည်ရှိသည့် စစ်တပ်နယ်မြေ ဖြတ်သန်းရာတွင်လည်း စစ်ဆေးမှုများ တင်းကြပ်လျက်ရှိ နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
001
“အရင်တုန်းကတော့ တပ်ဧရိယာဆိုတာ မြို့ပြင်မှာ တဖြည်းဖြည်းမြို့ချဲ့လာတော့ တပ်ဆိုတာလည်းမြို့ လယ်လောက် မှာ ဖြစ်နေတာ မြို့ဟိုဘက်အခြမ်းနဲ့ဒီဘက်အခြမ်း သွားမယ်ဆိုရင် ဗျူဟာကုန်းလမ်းနဲ့တပ် ဧရိယာလမ်းဆိုပြီး လမ်းနှစ်ခု အတိုင်းသွားမှ ရောက်တာ၊ ဗျူဟာကုန်းလမ်းကတော့ လုံးဝဖြတ်ခွင့်မပြုတော့ ဘူး တပ်ဧရိယာလမ်းက မနက် ၆ နာရီကနေ ည ၆ နာရီအထိပဲသွားခွင့်ရှိတယ်၊ သွားတဲ့လူတွေမှတ်ပုံတင် စစ်ပြီးမှ ဖြတ်ခွင့်ပြုတယ် ” ဟု ဆိုသည်။

မြန်မာစစ်တပ်၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြတ်တောက်သည့် အနေဖြင့် KIA က တံတားများ ဗုံးခွဲ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဘက်လက်နက်ကိုင်ပဋိပက္ခများကြောင့် ယခုအခါ ဗန်းမော်မြို့ပေါ်တွင် လျှပ်စစ်မီးခွဲတမ်းဖြင့်သာရရှိတော့ ပြီး တစ်မြို့လုံးဆိတ်ငြိမ်ခြောက်ကပ်နေကြောင်း နောက်မြို့ခံတစ်ဦးက ပြောသည်။

“တစ်မြို့လုံးခြောက်ကပ်နေတာပဲ၊ ည ရ နာရီကျော်ရင် လူတစ်ယောက်မှမရှိတော့ဘူး၊ တရုတ်နယ်စပ် ဘက် လမ်းတွေလဲ အသွားအလာ မရှိတော့ဘူး၊ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်လောက်က အခြေအနေပြန်ရောက် သွားပြီ စစ်ဖြစ်ပြီဆိုရင် ကြားထဲက ပြည်သူလူထုပဲနစ်နာတာပေါ့” ဟု ဆိုသည်။

ယမန်နေ့ညနေပိုင်းကလည်း ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာ အနီး KIA နှင့်မြန်မာစစ်တပ်တို့ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အတည်မပြုနိုင်သေးသော သတင်းတစ်ပုဒ်အရ ယနေ့နံနက်ပိုင်းတွင် မြန်မာစစ်ကားတစ်စီးကို KIA တိုက်ခိုက် ခဲ့ကြောင်း ကြားသိရသည်။