၃ လကျော်ကြာကြံ့ဖွံ့အစိုးရသစ်တက် လာပြီး နောက်ပိုင်း တိုင်းရင်းသားဒေသများ၌ လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများရှိနေသော် လည်း တိုင်တန်း စရာနေရာမရှိသေးဘဲ ယခင်စစ်အုပ်ချုပ် ရေး အတိုင်း ရှိနေသေး ကြောင်း သျှမ်းပြည်မြောက် ပိုင်း သတင်း ရပ်ကွက်ကဆိုပါသည်။
ယခုလ ၆ ရက်ည ဖားရိုက်ရာမှပြန်လာသော ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ ရပ်ကွက် ၃ မှ ဦးလုံးတိ (အသက် ၄၈ နှစ်) နှင့်သားအား ကာလိအခြေစိုက် မြန်မာစစ်တပ် ခလရ ၁၅၁ (ယခင် ခလရ ၂၉၆ ) က ပစ်သတ်ရာ စစ်တပ်မှအရာရှိများက တိုင်တန်းခြင်းမပြုရန်၊ သတင်းမပေါက်ကြား စေရန် ခြိမ်းခြောက် တားမြစ်သွားခဲ့သေးသည်ဟု ကွန်ဟိန်း မှ ကုန်သည်တဦးက သျှမ်းသံတော်ဆင့် ကပြောသည်။
“အဲ့ညက မိုးရွာတော့ ရွာသားတွေ ဖားထွက်ရိုက်ကြတာ။ ပစ်သတ်ခံရတာက လုံးတိ (အသက် ၄၈ နှစ်)။ သူတို့သားအဖ ၃ ယောက် ဖား၊ ငါး ရှာပြီးအပြန် ကာလိ မြို့နယ်နဲ့ ၂၀ - ၃၀ လံလောက် အကွာ မာ့လုံးဝင် တံတားနားအရောက် ရွာထဲ ကင်းသွား လှည့် လာ တဲ့ အဲဒီ တပ်ဖွဲ့နဲ့တိုးတာ။ စစ်သားတွေက ရပ်ခိုင်းပြီး ‘ဘယ်သူလဲ’ လို့သူတို့ကို အော် မေးတယ်တဲ့။ သူတို့သားအဖကလဲ ‘ ကျနော်တို့ ရွာသားပါ’ လို့ပြန် ပြောတာနဲ့ ပစ်ထဲ့လိုက်တာ လုံးတိ ပွဲချင်းပြီး သေတာဘဲ။ သူ့သား ၂ ယောက် ထွက်ပြေးတုံးသားအငယ် ကောင်က ညာပါးနဲ့ ဘယ်လက်ဖျံမှာ ဒဏ်ရာ အကြီးအကျယ်ရသွားတယ်” ဟုဖြစ်စဉ်အကြောင်းရင်း သိရသည့် အဆို ပါကုန်သည်ကပြောသည်။
သေဆုံးသူ လုံးတိ၏ ဇနီး ပါ့နန်းငင်းနှင့်အမျိုးတော်စပ်သူကလည်း လုံးတိ၏ သားငယ် အသက် (၁၃ နှစ်) ဒဏ် ရာ ပြင်းထန်သဖြင့် လွယ်လင်မြို့သို့ ပို့ဆောင်ကုသနေရကြောင်း၊ လုံးတိအသုဘ သို့ရောက်လာသည့် ခလရ ၁၅၁ မှ အရာရှိက ‘‘ သျှမ်းသူပုန်ထင်လို့ မှားပစ်မိတယ်။ သေတဲ့သူလဲ သေ သွားပြီဘဲ။ ဘာမှ မတတ်နိုင် တော့ဘူး။ တခြားကိုသွားမပြောနဲ့။ သတင်းမပေါက်ကြားစေနဲ့’’ ဟုလည်း ပြောဆိုသွား ကြောင်း သိရသည်။
“ လုံးတိရဲ့အလောင်းကို ရဲတွေလဲ လာစစ်တယ်။ ဆရာဝန်ကြီးလဲလာစစ်တယ်။ မြန်မာစစ်တပ်ရဲ့ ကျည်ဆန်ကိုလဲ ခွဲစိပ်တွေ့မိတယ်။ ဒါပေမယ့် သူတို့လဲ ဘယ်လိုမှ မကူညီနိုင်ဘူး” ဟု ၎င်းက ပြော သည်။
၎င်းနှင့်ပါတ်သက်၍ ကာလိမှ ရပ်မိရပ်ဖတဦးကလည်း “ ကျနော်တို့ကို ဘာနစ်နာကြေးမှမပေးဘူး။ သွားပြီး တိုင်တန်းလို့ အမှုအခင်းဖြစ်လာလဲ ကိုယ့်ဖက်ကအမြတ်မရှိဘူး။ ပိုက်ဆံဘဲ ထပ်ကုန်မယ့်ကျနော် တို့နိုင်မှာ မဟုတ်ဘူး။ အဓိကကတော့ ကျနော်တို့ သွားတိုင်လိုက်ရင် ကျန်တဲ့ရွာသားတွေ ထပ်ပြီး ကိုယ်ထိ လက် ရောက် အစော် ကားခံရမှာ၊ အဖိခံရမှာမလွဲဘူး။ ရွေးကောက်ပွဲတုန်းက အနိုင်ရတဲ့ပါတီတွေရှိ ပေမယ့်သူတို့ ကလဲ ဘာမှမကူနိုင်ဘူး။ ဆွေမျိုးလဲ မတော်စပ်တာက တကြောင်းတရားခံဖက်ကလဲလက်လှမ်းမမှီနိုင်တာ က တ ကြောင်းပေါ့ ” ဟု ဆိုပါသည်။
လုံးတိအား သျှမ်းသူပုန်နှင့်မှားပစ်မိသည်ဟုဆိုသော အဆိုပါအဖွဲ့မှာခလရ ၁၅၁ မှ ဒုဗိုလ်မှူးကြီး မျိုးဝင်းနှင့် ဗိုလ်မှူးစိုင်းလှဝင်းတို့ဦးဆောင်သော ကင်းလှည့်သည့်အဖွဲ့ဖြစ်သည်ဟုလည်း သိရသည်။
အပစ်ရပ် သျှမ်းပြည်တပ်မတော် ဦးလောင်ဝ်ကွမ်း ဦးဆောင်သည့် လွယ်ဖာ တပ်မဟာ ရ ပြည်သူ့ စစ် အသွင် မပြောင်း ခင်က ကာလိမြို့နယ်ခွဲရှိ လမ်းမကြီးမြောက်ဖက်ခြမ်းတွင် လှုပ်ရှားလျက်ရှိပြီးလမ်းတောင် ဖက်ခြမ်း တွင် ဒု-ဗိုလ်ချုပ် ကြီးယွက်စစ်ဦးဆောင်သည့် RCSS/SSA တပ်ဖွဲ့က လှုပ်ရှား ကြောင်း၊ ထိုစဉ်က ဖွံ့ဖြိုးတိုး တက် လျက်ရှိပြီး ကူးသန်းရောင်းဝယ်ရေးလည်းလွတ်လပ်မှုရှိကြောင်း၊ ယခုကဲ့သို့ အနိုင်ကျင့် သတ်ဖြတ်ခံရမှု လည်းမရှိခဲ့ဖူးကြောင်း၊ ခရီး သွားများ ကုန်သည်များက ‘သျှမ်းပြည်ဟောင် ကောင်’ဟု တင်စားခေါ်ဝေါ် ကြ ကြောင်း ကာလိ-တောင်ကြီး ကုန်သည်တဦးက သျှမ်းသံတော်ဆင့် သို့ပြောပြသည်။
လွန်ခဲ့သော ဧပြီလ ၁၂ ရက် ည ၉ နာရီကလည်း (တောင်ကြီး - ကျိုင်းတုံ လမ်းမပေါ်ရှိ) ကာလိ မြို့နယ်ခွဲ နောင်ငင်းရွာရှင်ပြုပွဲအတွင်း လက်နက်ကြီးအပစ်ခံခဲ့ဖူးရာ ပွဲနှင့် သိပ်မဝေးသော ခလရ ၁၅၁ က ၎င်းတို့အား ခြုံခိုပစ်ခတ်သော သျှမ်းတပ်၏ လက်ချက်ဖြစ်ကြောင်းပြောခဲ့ဖူးသည်။ ထိုစဉ် ကလည်းလက်နက်ကြီးစာ မိ၍ ဘုန်းကြီး တပါးဒဏ်ရာရကာ တောင်ကြီးဆေးရုံသို့ ပို့ဆောင် ကုသ ခဲ့ရသည်။