ယခုအပါတ်အတွင်းဖြစ်ပွါးသောသျှမ်းပြည်တပ်မ တော်တောင်ပိုင်းမှတပ်ဖွဲ့တဖွဲ့၏ချုံခိုတိုက်ခိုက် မှုတွင် မြန်မာစစ် တပ်၏ တပ်ရင်းမှူးအပါအဝင် လေ့ကျင့်ရေး ကျောင်းဆင်း စအကြပ်အရာရှိများ သေဆုံးကြောင်း သျှမ်းပြည်တောင် ပိုင်း သတင်း ရပ်ကွက်ကဆိုပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် (တောင်ကြီး - လွယ်လင် - ပင်လုံ - လဲချား - မိုင်းကိုင် - သီပေါ - လားရှိုး ကားလမ်း ပေါ်ရှိ) ဆားတောအုပ်စု အတွင်း ၉ ရက်နေ့ ညနေ ၃ နာရီက မြန်မာစစ်သားများ စီးလာသော ထော်လာဂျီ အား သျှမ်းပြည်တပ်မတော် RCSS/SSA က ချုံခိုတိုက်ခိုကလိုက်ခြင်းဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်၏ တိုင်းဖှရီးဒမ်း ဝဲပ်ဆိုက်တွင်လည်းဖော်ပြထားသည်။
“သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံအခြေစိုက် စကခ ရ လက်အောက်ခံ ခမရ ၄၂၂ တပ်ရင်းက တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး သန်းထိုက်ဝေ ဦးဆောင်တဲ့ အဖွဲ့ ထော်လာဂျီစီးပြီး တုံလောင်းကနေ မိုင်းကိုင်ဆားတော အသွား ကားလမ်းပေါ်မှာ အတိုက်ခံ ရတာ။ ဗိုလ်မှူးကြီးသန်းထိုက်ဝေ နဲ့ ထော်လာဂျီမောင်းသမား အပါအဝင် ၁၁ ယောက်ပွဲချင်းပြီးသေ တယ်။ ၁၅ ယောက်ဒဏ်ရာရတယ်။ ဗမာတပ်ဖွဲ့ရဲ့ သေနတ် ၁၅ လက်သိမ်းဆည်းရမိတယ်” - ဟု သျှမ်းပြည်မတပ် မတော် တောင်ပိုင်းမှ အရာရှိတဦးကသျှမ်းသံတော် ဆင့်အားပြောပြသည်။
သို့သော် သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တိုင်းဖှရီးဒမ်း ဝဲပ်ဆိုဒ်တွင်မူ ၉ ဦးသေ ၁၁ဦးဒဏ်ရာရ သည် ဟု ဖေါ် ပြထားပါသည်။
အဆိုပါ ခမရ ၄၂၂ တပ်ဖွဲ့အား ချုံခိုတိုက်ခိုက်သည့်သျှမ်းတပ်ဖွဲ့မှာ အင်အား ၈၀ ခန့်ရှိသည်ဟုလည်း အဆိုပါ အရာရှိက ပြောသည်။
ချုံခိုတိုက်ခိုက်ရာမှ ဖြစ်ပွါးသော တိုက်ပွဲမှာ ၁ နာရီ ကြာမြင့်ကာ တပ်ရင်းမှူး၏ အလောင်းကို တပ်ရင်း ဌာနချုပ်သို့ ကားဖြင့် သယ်ဆောင်သွားပြီဖြစ်ကြောင်း၊ ကျန်အကြပ်စစ်သည်များ၏ အလောင်းကိုမူ အနီးအနားမှရွာသားများ အား သင်္ဂြိုဟ်ပေးရန် ဆင့်ဆိုလိုက်ကြောင်း အဆိုပါအရာရှိကထပ်မံပြောပြသည်။
“ကျန်တဲ့သူတွေရဲ့အလောင်းကိုတော့ အဲ့နားကရွာသားတွေကို မြေမြုပ်ခိုင်းလိုက်တယ်။ တပ်ရင်းမှူးရဲ့ အလောင်း ကိုတော့ သူ့မိခင်တပ်ရင်းကိုကားနဲ့ပြန်သယ်သွားတယ်။ ဖယ်ခုံကိုပေါ့။အလောင်းတင်ကား ဖြတ်သန်းတဲ့ လမ်း တလျောက် တပ်ကင်းတွေတန်းစီ စောင့်ကြိုအလေးပြုဖို့အမိန့်ပေးထားတယ်ဆိုဘဲ ” ဟု ဆို၏။
မိုင်းကိုင်ဘက်လှုပ်ရှားနေသည့်အဆိုပါ ခမရ ၄၂၂ တပ်ဖွဲ့မှာ ဒေသခံရွာသားများအား ပေါ်တာဖမ်းခြင်း၊ စစ်ဆေး ရိုက်နှက်ခြင်း၊ ရွာသားများ၏ ပိုင်ဆိုင်မှုပစ္စည်းများအား လုယက်ခြင်း စသည်တို့ပြုလုပ်လေ့ရှိ သဖြင့် သျှမ်းပြည်တပ် မတော်ဖက်မှ ချုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ အရာရှိကဆက်လက် ရှင်းပြသည်။
အဆိုပါ တပ်ရင်းမှူး သန်းထိုက်ဝေ ဦးဆောင်သည့်တပ်ဖွဲ့နှင့်အတူ လိုက်ပါသော အကြပ်အရာရှိများမှာ လေ့ကျင့် ရေး ကျောင်းဆင်းခါစ အရာရှိသစ်များဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာ၌ လှုပ်ရှားလေ့လာရန် လာခါစအဖွဲ့ဖြစ်ကြောင်း သိရသည်။
သေဆုံးသူများမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန်းထိုက်ဝေ၊ အရာခံဗိုလ် စိုးမင်း၊ တပ်ကြပ်ကြီး ထွန်းအောင်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ် ထွန်းထွန်းလွင်၊ တပ်ကြပ် ကျော်စိုးမင်း၊ တပ်ကြပ် ထွန်းခိုင်၊ရဲဘော် ကိုဇော် နှင့် ရဲဘော် မျိုးဇော်ဦးတို့ဖြစ်ကြောင်းလည်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပြပါသည်။