သျှမ်းပြည်တပ်မတော်အားလက်ခံထမင်း ကျွေး သည်၊ ကူညီထောက်ပံ့သည်ဟုဆိုကာမိုင်းပြင်းမြို့ မိုင်းပူးလုံ အုပ်စု ရွာ ရ ရွာအား မြန်မာစစ်တပ်က မီးရှို့လိုက် သဖြင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ ကြကြောင်း နယ်စပ် သတင်းရပ်ကွက်ကဆိုပါ သည်။
ယခုလ ၁၉ ရက်နေ့က အဆိုပါရွာများအား မိုင်းပူးလုံဖက်လှုပ်ရှားနေသော မိုင်းပြင်းအခြေစိုက် ခလရ ၄၃ စစ်ကြောင်းက မိုင်းပူးလုံအုပ်စု ရွာ ရ ရွာအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မိုင်းဖှန်သို့ ရောက်ရှိလာ သော လားဟူရွာသား ဂျဝါက ပြောသည်။
“ ကျနော်က ကောင်းပက်ရွာသားပါ။ နာမည်က ဂျဝါ။ ကျနော့ကို ဗမာစစ်သားတွေဖမ်းခေါ်သွားတာ။ သျှမ်းစစ် သားအကြောင်းမေးတယ်။ ကျနော်ကမသိဘူးပြန်ဖြေတယ်။ ကျနော့ကိုရိုက်တယ်။ ကန်တယ်။ ခေါင်းကွဲ သွားတယ်။ ကျနော့ကို လွှတ်ပေးတာနဲ့ ကျနော်ထိုင်းကိုထွက်ပြေးလာတာ။ မိဘမောင် နှမတွေသေလားရှင် လားမသိဘူး။ ရွာလဲမီးလောင်ကုန်ပြီ။ နေစရာမရှိတော့ဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
ထိုဒေသတွင် လှုပ်ရှားနေသော သျှမ်းတပ်မှာ RCSS/SSA မှတပ်ဖွဲ့များဖြစ်ကြောင်းလည်းဒေသခံများပြောပြ ချက် အရ သိရသည်။
မီးရှို့ခံရသော ရွာများမှာ ကျိုင်းတုံမြို့အနောက်ဖက် မိုင်းပူးလုံအုပ်စု အနောက်ဖက်နှင့် တောင်ဖက်တဝိုက် မှ လားဟူရွာ ၄ ရွာနှင့် ပလောင်ရွာ ၃ ရွာ ဖြစ်ကြောင်း၊ ရွာသားများလည်း တခြားသို့ ထွက်ပြေးကုန်ကြကြောင်း အဆိုပါ ်ဂျဝါကဆက် ပြောပြသည်။
“လားဟူရွာ ၄ ရွာက လွယ်ကောင်းမူး (အိမ်ခြေ ၆ အိမ်) ဝမ့်မခုံ (၇ အိမ်) ကောင်းပက် (၇ အိမ်)နဲ့ ဟွေ့ဟဲ့ရွာ (၈ အိမ်) ပေါ့။ ပလောင်ရွာ ၃ အိမ်ကတော့ နောင်ခွန်ရွာ ( ၁၅ အိမ်ခြေ) ပိန်းလုံ (၈ အိမ်) လွယ်မွန်း (၆ အိမ်) ။ ဗမာတွေ ကျနော်တို့ရွာထဲဝင်လာတာနဲ့ ‘သျှမ်းစစ်တပ်ကို ထမင်းကျွေးဦးဟဲ့’ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့မီးရှို့တော့ တာဘဲ။ ဘယ် သူမှ ဘာပစ္စည်းမှ မရလိုက်ကြဘူး။ ပြေးကြတာပေါ့။ ပြေးမလွတ်တဲ့လူတွေကိုတော့ဖမ်းတာ ပေါ့။ ပြီးရင်သူတို့နဲ့ တောထဲလိုက်သွားရတယ်။ နောင်ခွန်ရွာကပလောင် အိုက်ခဆိုရင်သူတို့ရိုက်တာ သေလုမျောပါး ဘဲ။ ကျနော်တော့ ကံ ကောင်းလို့လွတ်လာတာ။ အိုက်ခကိုတော့ သူတို့မလွတ်ပေးဘူး။ အခုလောက်ဆို ဘယ်ရောက်နေပြီလဲမသိ။ သေလား ရှင်လား တောင်မသိဘူး” ဟု ၎င်းကြုံတွေ့ခဲ့ရသည်ကို ဂျဝါကပြန်လည် ပြောပြသည်။
၁၆ ရက်နေ့ကလည်း မိုင်းပူးလုံအုပ်စု ကွန်ကောက်ရွာသား ၂ ယောက် မြန်မာစစ်တပ်၏ မြေမြုပ်မိုင်း နင်းမိ၍ ခြေ ထောက်ပြတ်သွားကြောင်း၊ ထိုင်းဖက်ခြမ်းသို့ သယ်ဆောင်ဆေးကုကြရန်စီစဉ်ထားကြောင်း ဂျဝါက ပြောပြ သည်။
မီးရှို့ခံရသော ရွာသားများအနက် တချို့မှာ ၅ နာရီကြာလမ်းလျှောက်ရသော မိုင်းပြင်းမြို့ပေါ်သို့လည်းကောင်း၊ ကျိုင်း တုံသို့လည်းကောင်း၊ တာချီလိတ်သို့လည်းကောင်း အများစုမှာထိုင်းဖက်ခြမ်းသို့လည်းကောင်း ထွက်ပြေး ကြသည်ဟု မိုင်းပြင်းဒေသခံတဦးကလည်းပြောပြသည်။
၂၀၀၉ ဂျူလိုင် ၂၇ ရက်မှ သြဂတ်စ် ၁ ရက်နေ့အထိ မိုင်းကိုင်မြို့နယ် နှင့် လဲချားမြို့နယ် တို့မှ ကျေးရွာ ၁၀ ရွာ ကျော်၊ အိမ်ခြေပေါင်း ၅၀၀ ကျော်ကို နအဖစစ်တပ် လဲချား ခလရ ၆၄ နှင့် ခမရ ၅၁၅ ၊ လွိုင်လင် ခလရ ၉ နှင့် ၁၂ ၊ မိုင်းကိုင် ခမရ ၅၁၃ ၊ ၅၁၅ ၊ ၅၁၈ တို့က မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကျေးရွာပေါင်း ၃၉ ရွာ နေရပ်ရင်းမှအဓမ္မ မောင်းထုတ် ပြောင်းရွှေ့ခိုင်းခဲ့သည်။