လတ်တလော အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင်ဖြစ်ပွားနေသည့် လူထုအုံကြွမှု များ အပေါ် သင်ခန်းစာ ယူကြရန် စစ်ရုံးချုပ်မှ လက်အောက်ခံ ကြည်း၊ ရေ၊ လေတပ် အသီးသီးသို့ညွန်ကြားထား ကြောင်း စစ်ဘက် သတင်းရပ် ကွက် အဆိုအရ သိရသည်။
မတ်လကုန်ပိုင်းက နေပြည်တော် စစ်ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် ကြည်း ၊ ရေ ၊ လေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အပြီး အရှေ့အလယ်ပိုင်းဒေသ လူထုအုံကြွမှုများနှင့်ပတ်သက်၍ မြန်မာစစ်တပ်အတွင်း ပထမဆုံးအကြိမ် ထုတ်ပြန် သည့် ညွန်ကြား ချက် ဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကို မီဒီယာများ ၊ အင်တာနက် ဖေ့ဘုတ်များမှတဆင့် ဝါဒဖြန့် နေကြောင်း အင်အား ကြီးနိုင်ငံများက စစ်ရေးအရဝင်ရောက်စွက်ဖက်လာကြောင်း ၎င်းအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် များက သုံးသပ်ထားသည်ဟု ဆိုသည်။
စစ်တပ်အနေဖြင့် ၄င်းဖြစ်ရပ်များကို သင်ခန်းစာယူကာ စစ်ရေးသတိနှင့် အသင့်တိုက်ပွဲဝင်နိုင်ရန်လူထုအုံကြွ လာပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရေး စီစဉ်ထားရန်နှင့် တပ်မတော်သားများအားအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအဝင် ပြင်ပ အတိုက်အခံအဖွဲ့များ ဆက်သွယ် စည်းရုံးခြင်း မပြုနိုင်အောင် စောင့်ကြည့်သွားရန် ညွန်ကြားထားကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသရှိ လူထုအုံကြွမှု ဖြစ်ပွားခဲ့သော နိုင်ငံများတွင် စစ်တပ်က လူထုနှင့်အတူ ပူးပေါင်း၍ အာဏာ ရှင် များအား ဖြုတ်ချခဲ့သည့် ဖြစ်စဉ်များအပေါ် မြန်မာစစ်ခေါင်းဆောင်များ အထူးစိုးရိမ်နေကြောင်း သိရသည်။
အဆိုပါ စိုးရိမ်မှုများကို ထင်ဟပ်ဖေါ် ပြသည့် အနေဖြင့် မြန်မာစစ်အစိုးရသစ်က တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံ ရေး ပါတီ ၃၇ ခုအား တရားမဝင်အဖွဲ့များ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ခြင်း မပြုလုပ်ရန် ဧပြီလ ၅ ရက်နေ့ က သတိ ပေးစာပေးပို့ ခဲ့သည်။
ထို့အပြင် တပ်မတော်ကြည်းရေလေ တပ်တချို့မှ စစ်သည်များက ယခုရက်ပို်င်းအတွင်း မျိုးချစ်တပ်မတော် ကွန်ယက် ဖွဲ့ စည်းလိုက်ကြောင်း သတင်းများထွက်ပေါ်လာသည်။