ဝ အမျိုးသား အဖွဲ့ချုပ် WNO ၊ ဝအမျိုးသား တပ်မတော် WNAခေါင်း ဆောင် ဗိုလ်မှူးကြီး တာ့တစ်မိန်း၏ ဈာပန အခမ်းအနားကို ပြီးခဲ့သည့် စနေနေ့ကထိုင်းနယ် စပ် လွယ်ဝဟေ့ ဌာနချုပ်၌်ခန်းနားစွာကျင်းပ ခဲ့ကြောင်း သိရှိရပါသည်။
“အဓိက ကတော့ဗျာ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကရင်နီတိုးတက် ရေးပါတီ KNPP နဲ့ ဝ အမျိုးသား တပ်မတော် WNA တွေပေါ့၊ မဟာမိတ်တပ်ဖွဲ့တွေ၊ ရပ်နီးရပ်ဝေးမိတ်သင်္ဂဟ ေတွေနဲ့ ဆို လူငါးရာလောက်ရှိမှာ” - ဟု တက်ရောက်သူတဦးကပြော သည်။
ဝ အမျိုးသားတပ်မတော် WNA ခေါင်းဆောင် ဗိုလ်မှူးကြီးတာ့တစ်မိန်း၏ ဈာပန အခမ်းအနားကို ဧပြီ ၂ ရက် မနက် ၁၀ နာရီ မှ မွန်းလွဲပိုင်းအထိ WNA ဌာနချုပ် လွယ်ဝဟေ့၌ ကျင်းပရာ အမျိုးသားဒီမိုကရေစီတပ်ဦး NDF ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နှင့် အခြားနိုင်ငံရေးမဟာမိတ်၊ စစ်ရေးမဟာတို့မှလည်း လွမ်းသူ့ပန်းခွေများ၊ သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်ဟုဆိုသည်။
“နေအိမ်မှာ ကျင်းပတဲ့ ဘာသာရေးနဲ့ဓလေ့ထုံးတမ်း မြေမြုပ်သဂြိုဟ်တဲ့ စစ်ရေးစစ်ရာ လုပ်ထုံးလုပ်နည်း အခမ်းအနားက ဝ၊ တရုတ်၊ သျှမ်း၊ ဗမာ ၄ ဘာသာသုံးနှုန်းတယ်။ ဗုဒ္ဓဘာသာထုံးတမ်းနဲ့ရော ဝ/တရုတ် ထုံး တမ်းနဲ့ပါကျင်းပတယ်။ သင်္ချိုင်းကို သွား ပို့တော့ ( WNA/PNLA/SSA) တပ်မတော် ၃ ခုက အတူတူ စစ်ရေး ချီတက်အလေးပြုတယ်။ အဖွဲ့အစည်း အသီးသီးရဲ့ သဝဏ်လွှာ တွေဖတ်ကြားတယ်။ ပြီးတော့ လွယ်ဝဟေ့ တပ်စခန်းတောင်စောင်းမှာ မြေမြုပ်သင်္ဂြိုလ်တယ်၊ မွန်းလွဲပိုင်း သုံးနာရီ လောက်မှာ အကုန်ပြီးစီးသွားတယ်” - ဟု တက်ရောက်သူ နောက်ပုဂ္ဂိုလ်တဦးကပြောပါသည်။
ဝ အမျိုးသားတပ်မတော် WNA ခေါင်းဆောင် ဗိုလ်မှူးကြီးတာ့တစ်မိန်းသည် တိုက်ရေးခိုက်ရေးအထူးကျွမ်းကျင် ကြောင်း၊ ကွန်မြူ နစ် တပ်ဖွဲ့များအား ပူးပေါင်းတိုက်ခိုက်ခဲ့ရသူသျှမ်းလက်နက်ကိုင်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ကပြောပါသည်။
ဗိုလ်မှူးကြီးတာ့တစ်မိန်းသည် ဝ ပြည် ပန်ဝိုင်စော်ဘွားနယ် လွယ်ဟင် လွယ်ဖါ တွင် မွေးဖွားခဲ့၏။ငယ်စဉ်က တည်း ဝ စစ်တပ်တွင် တာဝန်ထမ်းဆောင်ပြီး ဝိန်းငင်းစော်ဘွားသား (ဝ အမျိုးသားအဖွဲ့ချုပ် WNO ဥက္ကဌဟောင်း) စဝ်မဟာဆန်း ကွယ်လွန်သည့် ၂၀၀၇ မှစ၍ ဗိုလ်မှူးကြီးတာ့တစ်မိန်းက ဥက္ကဌရာထူးကို ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။