တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်
by -
သျှမ်းသံတော်ဆင့်

အာစီယံစံ ကုန်အလေးချိန် သတ်မှတ်ချက်ထက်ကျော် လွန်၍ တရုတ် - မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင်ကုန် သွယ် ရေးလမ်း တွင်ကုန်တင်ယာဉ်များတန်ပိုတင်လာ ကြောင်း သိရသည်။ ...

အာစီယံစံ ကုန်အလေးချိန် သတ်မှတ်ချက်ထက်ကျော် လွန်၍ တရုတ် - မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင်ကုန် သွယ် ရေးလမ်း တွင်ကုန်တင်ယာဉ်များတန်ပိုတင်လာ ကြောင်း သိရသည်။

မူဆယ် မန္တလေးလမ်းမှ ကုန်တင်ကား (ဓာတ်ပုံ -S.H.A.N.)၎င်းအလေးချိန် သတ်မှတ်ချက်အား တရားဝင် ရုပ်သိမ်းခြင်း မရှိသော်လည်း မူစယ် - မန္တလေးလမ်းတွင် ကုန် အလေးချိန် စစ်ဆေးခြင်း မရှိတော့သည်မှာ ၁၀ ရက်ခန့်ရှိပြီဟု မူစယ် ၁၀၅ မိုင် ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အာစီယံ စံသတ်မှတ်ချက်  တရားဝင်ရုပ်သိမ်းတာမဟုတ်ပါဘူး။ တရားဝင်စာမထွက်ဘူး။ ကုန်အလေးချိန်တွေ မစစ်ဆေး တာပဲရှိတယ်။ မစစ်တာက ၁၀ ရက်လောက်ရှိပြီ။ ခါတိုင်း  ၁၀၅ မိုင်၊  လားရိူး ၊ နောင်ချို ၊ မန္တလေးတိုင်း ကျောက်မဲ အေးရှား ဝေါဂိတ်တွေမှာစစ်တယ်။ အခုကမစစ်တော့ဘူး” ဟု သူက ပြောသည်။

ထိုသို့ ကုန်အလေးချိန်စစ်ဆေးခြင်း မရှိတော့သဖြင့် ယခုအခါ ယာဉ်များ တန်ပိုတင်လာခြင်း ဖြစ်ကြောင်းသိရသည်။

“ကားတွေ  လေးတွေလျှော့ ဘော်ဒီတွေ ဖြတ်လိုက် တော့  ခံနိုင်ရည်တွေကျသွားပြီ အများကြီး ပြန်တင် လို့တော့ မရဘူး။ ခါတိုင်းထက် ၄၊ ၅ တန်လောက်ပိုတင်ကြတယ် ” ဟု ဆိုသည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၅  တွင် ဖြစ်ပေါ်လာမည့် Asean free trade zone အတွက် ကြိုတင်ပြင် ဆင်သည့် အနေဖြင့် အာစီယံစံနှုန်းအတိုင်းကုန်တင် ယာဉ်  ကုန်အလေးချိန် သတ်မှတ်ခဲ့ရာ ယင်းသတ်မှတ်ချက် တရားဝင် ရုပ်သိမ်း ရေး မဖြစ်နိုင်ကြောင်း လတ်တလော ပြည်တွင်းကုန်စျေးနှုန်း မြှင့်တက်လာမှုကြောင့် ယာယီ လျှော့ပေါ့ခြင်း ဖြစ်ကြောင်း အ ကဲခတ် တစ်ဦးက သုံးသပ်သည်။

“AFTA (Asean free trade agreement) ဆိုတာရှိတယ် အဲဒီagreement မှာ လက်မှတ်ထိုးထားတဲ့ အာစီယံ အဖွဲ့ဝင် နိုင်ငံတွေက ဘယ်ခုနှစ်မှာ ဘယ်ဟာတွေကို အကောင်အထည်ဖေါ်ပါတယ် ဆိုတာ ပြန်တင်ရတယ်။ ၂၀၁၅ ဆိုရင် အပြည့် အဝ အကောင်အထည်ဖေါ်ရမှာ၊ အခုက မျက်စိမှိတ်ထားတဲ့ သဘောပေါ့” ဟု ဆိုသည်။

အာစီယံစံနှုန်း အတိုင်း ပြည်တွင်း ကုန်တင်ကားများ တင်ဆောင်ရမည့် ကုန်အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းတွင် ဇန်နဝါရီ  ၂၁ ရက်မှ စတင်အကောင် အထည်ဖေါ် ခဲ့ကြောင်း သိရသည်။

Most read this week