“ငြိမ်းချမ်းရေး လိုလားပြီး စစ်ဆန့်ကျင်ကြောင်း ” ဖေါ်ပြထားသည့် ကြေညာချက် တစ်စောင်ကို ဝ ပြည်သွေး စည်းညီညွတ်ရေး ပါတီက မတ်လ ၁၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ...
“ငြိမ်းချမ်းရေး လိုလားပြီး စစ်ဆန့်ကျင်ကြောင်း ” ဖေါ်ပြထားသည့် ကြေညာချက် တစ်စောင်ကို ဝ ပြည်သွေး စည်းညီညွတ်ရေး ပါတီက မတ်လ ၁၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
နအဖစစ်တပ်က နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များ အပေါ် ဖြတ်လေးဖြတ် စစ်ဆင်နေချိန် ထုတ်ပြန်သည့် ယင်းကြေညာချက်ကို လားရိူးမြို့ အခြေစိုက် ရမခစစ်တိုင်းရုံးသို့ မတ်လ ၂၃ ရက်နေ့က မိတ္တူ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဝ တပ်အနေဖြင့် ရွေးစရာ နှစ်လမ်းသာ ကျန်ရှိတော့သည်ဟု ဆိုကာ ဝ တပ်၏ ကြေညာချက်ကို ရမခစစ်တိုင်ရုံးရှိ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ထွန်းထွန်းညီက ပယ်ချခဲ့ကြောင်း ဝ တပ်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“၂၃ ရက်နေ့က ရမခ ဂျီဝမ်းထွန်းထွန်းညီဆီ ကြေညာချက်ပေးလိုက်တယ် (ဂျီဝမ်း) သူပြောတာက ဝ အနေနဲ့ လက်နက်ချ မလား ပြန်တိုက်မလား ဆိုတဲ့ နှစ်လမ်းပဲ ရှိတော့တယ်ပေါ့ ဝကတော့ သူ့သဘောထားကို ဖေါ် ပြတာ ဒါတိုင်းရင်းသား အားလုံးရဲ့ သဘောထားလည်း ဖြစ်တယ် ဒါပေမဲ့ နအဖကတော့ လက်မခံဘူး” ဟု သူက ဆိုသည်။
ဝတပ်၏ ကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နအဖတို့၏ ငြိမ်းချမ်းရေးသည်နယ်ခြားစောင့် တပ် ပြောင်း လဲရေး ဆွေးနွေးချိန်မှစ၍ ပြောင်းလဲလာပြီး ယခုအခါ နှစ်ဘက် တိုက်ခိုက်ကြသည့် အခြေအနေသို့ ရောက်ရှိလာသည် ဟု ဆိုသည်။
အသွင်ပြောင်းလဲရေး ဆွေးနွေးစဉ်က တိုင်းရင်းသားလက်နက်ကိုင်များ၏ တောင်းဆိုမှုများကို နအဖက တုန့်ပြန်ရာတွင် တရားမျှတမှုနှင့် ကျေနပ်ဖွယ်ရာ အဖြေမရခဲ့ကြောင်း နအဖပြောသည်ကို ထိုင်နားထောင်ရတဲ့ အဆင့်သာရှိကြောင်းလည်း ဖေါ်ပြထားသည်။
ယခုအခါ နှစ်ဘက်မပြေလည်သေးသည့် ပဋိပက္ခများ အပေါ် စစ်အစိုးရအနေဖြင့် “နိုင်ငံရေးစကားပြောခြင်း ၊ တန်းတူ ဆွေးနွေးခြင်း ၊ ငြိမ်းချမ်းစွာဖြေရှင်းခြင်းတို့ ဆောင်ရွက်သင့်ကြောင်း ခြိမ်းခြောက်ခြင်း စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းကို ဝတပ်က ဆန့်ကျင်ကြောင်း ဆိုသည်။