ငွေရှင် ‘မူစလင်’ အိန္ဒိယလူမျိုး နှင့် နအဖ ပုလိပ်ပေါင်းပြီး ဒေသခံအား ရိုက်နက်

ငွေရှင် ‘မူစလင်’ အိန္ဒိယလူမျိုး နှင့် နအဖ ပုလိပ်ပေါင်းပြီး ဒေသခံအား ရိုက်နက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း အိမ်ဆောက်ပစ္စည်း ဆိုင်ပိုင်ရှင် ‘မူစလင်’ အိန္ဒိယလူမျိုး က ပစ္စည်းဝယ်ယူသူ ဒေသခံ အငှားပန်းရံ ဆရာ တဦးအားအိမ်တိုင်ရာရောက် လိုက်လံရိုက်နှက် ခဲ့ကြောင်း ဒေသခံသ တင်းရပ်ကွက်မှ ကြားသိ ရ ...

သျှမ်းပြည်အလယ်ပိုင်း အိမ်ဆောက်ပစ္စည်း ဆိုင်ပိုင်ရှင် ‘မူစလင်’ အိန္ဒိယလူမျိုး က ပစ္စည်းဝယ်ယူသူ ဒေသခံ အငှားပန်းရံ ဆရာ တဦးအားအိမ်တိုင်ရာရောက် လိုက်လံရိုက်နှက် ခဲ့ကြောင်း ဒေသခံသ တင်းရပ်ကွက်မှ ကြားသိ ရပါသည်။

“အဲဒီ မူစလင် ကုလားက အသက် ၃၄ နှစ်လောက်ရှိမယ်။ နာမည်က ကြီးထက်တဲ့ သူ့အဖေက ဦးဟာလင်း။ မိုင်းကိုင်မြို့ ရပ်ကွက် ၁ ကဘဲ။ သူက ဗမာပုလိပ်တွေနဲ့ပေါင်းပြီးဒေသ ခံအာဏာပိုင်အားကိုးနဲ့ လူထုကိုအနိုင်ကျင့်တာ” - ဟု အမည်မဖေါ်လိုသည့် ဒေသခံ ဝန်ထမ်းတဦးက ပြောပါ သည်။

မတ်ခ်ျ ၂၂ ရက် မွန်းလွဲပိုင်း ဆိုင်ရှင်၏ ဆောက်လုပ်ရေး ပစ္စည်းကို စိုင်းဆာအောင် အသက် ၄၃ နှစ်က ၃၄,၅၀၀ ကျပ် ကျသော ဟင်လန်သံချောင်းများ သွားရောက်ဝယ်ယူခဲ့ကြောင်း၊ ပိုက်ဆံကျပ်သုံးသောင်း သာပါရှိသော ကြောင့် ကျပ်လေး ထောင့်ငါးရာ အကြွေးယူသွား ကြောင်း၊ နောက်တနေ့မနေက် ကျန်ရှိအကြွေးသွားရှင်းစဉ် ကြီးထက်ဆိုသူက ကျပ်လေး ထောင့်ငါးရာမဟုတ် ၁၄,၅၀၀ ကျပ် အကြွေးကျန်ကြောင်းအခြေအတင်ငြင်းခုံ ခဲ့ကြသည်ဟု အနီးအနားရှိ မျက်မျင်တဦး က ဤကဲ့သို့ ပြောပြပါသည်။

“စိုင်းဆာအောင်ဆိုတာက လူရိုးဗျာ့။ သူများကို လိမ်ညာကောက်ကျစ်ရန်ဖြစ်တယ်ဆိုတာ တခါမှမကြားဖူးဘူး။ နောက် တနေ့ စိုင်းဆာအောင်အကြွေးသွားရှင်းတော့ စကားများကြတယ်။ အကြွေးကျန်သလောက်ဘဲ သူပေးပြီး ပြန်သွားတယ်။ အိမ်ပြန်ရောက်ချင်းဘဲ ဦးကြီးထက်ဆိုတဲ့ကုလားက သူ့တပည့် ၃-၄ ယောက် နဲ့ အဖွဲ့က စိုင်းဆာအောင် ကို အိမ်အထိ လိုက်ပြီး ထုရိုက်တော့တာ။ ခေါင်းကွဲတယ်၊ လက်လဲကျိုးတယ်၊ သူသား စိုင်းဆိုင်ဖှ (အသက် ၂၃ နှစ်) ဝင်တား တော့လဲ ထပ်မံထိုးကျိတ်ခံရတယ်။ ပုလိပ် ၄-၅ ယောက်လဲအနောက်ကနေ လိုက်လာပြီး စိုင်းဆာအောင်ကို ထပ်မံခြိမ်းခြောက် တယ်”

စိုင်းဆာအောင်သည် လဲချားမြို့အမှတ် ၁ ရပ်ကွက် အထကကျောင်းအနောက်ဘက်နေထိုင်ကြောင်း၊ ကြီးထက် နှင့်အဖွဲ့ ရိုက်နက်ထိုးကျိပ်မှုကြောင့် မတ်ခ်ျ ၂၃ ရက်မွန်းလွဲပိုင်း၌ လွယ်လင်ဆေးရုံသို့ ပို့ဆောင်ကာ အသွင်း လူနာအဖြစ် ဆေးကု သမှုခံယူနေကြောင်း၊ ဒဏ်ရာပြင်းထန်သောကြောင့် အတွင်းဒဏ်ရာများ ဓါတ်မှန်ရိုက် စစ်ဆေးနေရကြောင်း၊ ထပ်မံ အမှုဖွင့် တိုင်တန်းမည်ဆိုပါကလည်း လာဘ်စားဘက်လိုက်သည့် နအဖ အာဏာပိုင်များကြောင့် မိအေးနှစ်ခါနာဖြစ် မည်စိုးသဖြင့် အမှုမဖွင့်ရဲဘဲ အချည်းနှီးအဖြစ်ခံလိုက်ကြောင်း နီးစပ်သည့်ပုဂ္ဂိုလ်တဦးကပြောပါသည်။

Most read this week