ငလျင်ဒဏ်ကြောင့် အိမ်ခြေ ရာချီပျက်စီး အကူအညီ မလုံလောက်

ငလျင်ဒဏ်ကြောင့် အိမ်ခြေ ရာချီပျက်စီး အကူအညီ မလုံလောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ်ခွဲ အတွင်း ဗဟိုပြု လှုပ်ခဲ့သည့် ငလျှင်ကြောင့် အိမ်ခြေ ရာချီပျက်စီးပြီး လူတစ်ရာကျော်သေဆုံးကာ ဒဏ်ရာရရှိသူလည်း အများအပြား ရှိ ...

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ်ခွဲ အတွင်း ဗဟိုပြု လှုပ်ခဲ့သည့် ငလျှင်ကြောင့် အိမ်ခြေ ရာချီပျက်စီးပြီး လူတစ်ရာကျော်သေဆုံးကာ ဒဏ်ရာရရှိသူလည်း အများအပြား ရှိကြောင်း ကြားသိရ ပါ သည်။

ငလျင်ကြောင့် ပျက်စီးသွားသည့် တာလေတံတား (ဓာတ်ပုံ S.H.A.N.) “အကူအညီတော့ ရှိတယ် ဒါပေမယ့် မလုံလောက်ဘူး ကိုယ့်ဟာကိုဘဲ လုပ်ရတာ၊ ဌာနဆိုင်ရာ အချို့လာတယ်။ UN နဲ့ NGO တို့ လာတယ်။ ဆေးတို့ သောက်ရေတို့ စားစရာ ခေါက်ဆွဲခြောက်တို့ ဘာတို့တော့ လာပေးတယ်။ အဆောက်အဦး ပျက်အောက်မှာ ပိနေသေးတာလဲ အများကြီးဘဲ” - တာချီလိတ်မြို့နေ တာလေဇာတိ အမျိုးသား တဦးက ပြောပါသည်။

မတ်ခ်ျ ၂၄ ရက် ညဉ့်ဦးပိုင်းမှ စတင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တာလေမြို့နယ်ခွဲ မြို့ပေါ် ရပ်ကွက် အပျက်စီးများ သကဲ့သို့ မိုင်းလင်းကျေးရွာ အုပ်စု မိုင်းလင်းနောက်၊ မိုင်းလင်းရှေ့၊ မိုင်းလင်းအတွင်း၊ မိုင်းလင်းအပြင်၊ ဝမ့်လုံ၊ လန့်တောင်း၊ မတ်ကိုင်းယွန်း၊ မတ်အန့်ခန် နှင့် လားဟူဂျကူးနီရွာ တို့ဘက်တွင် အပျက်စီးသေကျေ ဒဏ်ရာရသူ ပိုမိုများပြားကြောင်း ဆိုဒ်အတွင်း သွားရောက်ခဲ့သည့် ပုဂ္ဂိုလ်တဦးက ဤကဲ့သို့ပြောပြပါသည်။

“မိုင်းလင်းနဲ့ တာလေမှာ လမ်းဘေးဝဲရာ နှစ်ထပ်တိုက် သုံးထပ်တိုက်တွေ ပြားနေအောင်ကို ပြိုကျကုန်တယ်။ တာလေတံတား ထိပ်နှစ်ဘက်လုံး တစ်လံလောက်မြေရှုံသွားတယ်၊ ပင်မတံတားတော့မကျိုးဘူး၊ နားယောဝ်း တံတားတော့ အပေါက်အပြဲတွေ ဖြစ်ကုန်တယ်၊ မွန်းလွဲပိုင်း ၂ နာရီတုန်းကလောက်အထိ မိုင်းလင်းမှာဆို အလောင်း တွေ ၈-၉ လောင်းထပ်ထုတ်နေတုန်း၊ တာချီလိတ်ဆေးရုံမှာ လူနာတွေလဲ ကုတင်တောင် မဆန့်တော့ဘူး၊ ရာချီတယ်”

taifreedom)မိုင်းလင်းကျေးရွာအုပ်စု မတ်အန့်ခန်ရွာတရွာတည်း ၁၆ ယောက်၊ ဒဏ်ရာရရှိသူ ၅၀ ကျော်၊ လားဟူရွာ (ဂျကူးနီရွာ) ၂၂ ယောက်၊ ဒဏ်ရာရှိသူ ၅၆ ယောက် ရှိကြောင်း၊ ရှမ်းအဆိုတော် စိုင်းဟန်လျဲန်းမိသားစုပင် ၆ ယောက်သေဆုံး ကြောင်း မိုင်းလင်းသားတဦးက ဤကဲ့သို့ပြောပြပါသည်။

“တာလေမှာ ၄၀ ကျော် မိုင်းလင်းကျေးရွာအုပ်စုမှာ ၆၀ ကျော်သေတယ်။ မတ်အန်ခန်မှာဆို အဆိုတော် စိုင်းဟန်လျဲန်း မိသားစုဘဲ ၆ ယောက်တောင်သေတယ် သူ့အဖေနဲ့ အမျိုးတွေပေါ့။ အဲ့ဒီ့အထဲမှာ ဧည့်သည်လဲပါ တယ်။ အမေ နဲ့ သူ့ညီတယောက်ပါမသွားဘူး။ သူကတော့ တာချီလိတ်မှာနေတယ်ဆိုတော့ လွတ်သွားတာ ပေါ့။ တချို့အိမ်ဆို လူ ၁၀ ယောက်ရှိတယ် ၂ ယောက်ဘဲကျန်တယ်။”

ငလျင်ဒဏ်ကြောင့် နမ့်တွန်ချောင်းအနီးရှိ အိမ်အချို့ ကျွံကျပြိုလဲသွားကြောင်း၊ အက်ကြောင်းကြီးများလည်း ၃-၄ ကီလိုမီတာအထိ ရှည်ကြောင်း မျက်မြင်တဦးက ဤကဲ့သို့ပြောပြပါသည်။

“အဲဒီအက်ကြောင်းကလေ မိုင်းကိုးကျေးရွာအုပ်စု ဝမ့်ဟိုပုံ - ဟိုယန်း ဘက်ကနေ မိုင်းဟဲ လမ်းခွဲအထိ ရှည်တယ်။ နမ့်နျို့ ချောင်းနားနေတဲ့ နန်းဆိုင်မွန်းအိမ်၊ နမ့်တွန်ချေင်းနားနေတဲ့ စိုင်းလျော နန်းလာ့ တို့လိုမျိုးဆိုချေင်းထဲကျွံကျပြိုလဲသွား တယ်။ ရေရှိတော့ သူတို့တော့ အသက်လွတ်မြောက်သွားတယ်”

akm-kuntha.blogspot.com)နမ့်ပုံယိဆေး ပြည်သူ့စစ်တပ်ဖွဲ့ အခြေစိုက်သည့် တာချီလိတ် အနောက်ဘက် နမ့်ပုံရေပူစမ်းလည်း ရုတ်ချည်း ခန်းခြောက်သွားခြင်း၊ ရွှေတြိဂံဒေသ နမ့်ဟုတ်နယ်ခြားချောင်းလည်း ဒူးနေရာမှ ခါးနေရာအထိနက် ဝင်သွား ခြင်း၊ လမ်းထက်နိမ့်သော လယ်ကွင်းက လမ်းနဲ့ တပြေးညီဖြစ်လာခြင်း စသည့် ထူးခြားမှုများ ယနေ့ဖြစ်ပေါ်ခဲ့ သည် ဟု ဆိုသည်။

တာချီလိတ်မြို့တွင်လည်း ငလျင်ဒဏ်ကြောင့် ခမယ ၅၂၆ တပ်တွင်းမှ တပ်သား ၂ ဦးလဲ တိုက်ပြိုပိမိသော ကြောင့် သေဆုံးသွားကြောင်း ဆိုသည်။

ထိုင်းနိုင်ငံ တီဗွီလိုင်းအချို့မှာမူ နအဖ မီဒီယာကြေငြာချက် ကိုးကားပြီး အိမ်ခြေ ၃၉၀ ကျော်၊ ဘုန်းတော်ကြီး ကျောင်း ၁၇ ကျောင်း၊ လူ ၆၅ ယောက်သေဆုံးကာ ၁၁၀ ကျော် ဒဏ်ရာရှိကြောင်း ကြေငြာပါသည်။

Most read this week