သျှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းဟု ဆိုကာနအဖစစ်တပ်က ကိုယ့်တပ်စခန်းကိုယ် တိုက်ခိုက်သည့် ဖြစ်ရပ် မတ်လ ၂၃ ရက် ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ...
သျှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းဟု ဆိုကာနအဖစစ်တပ်က ကိုယ့်တပ်စခန်းကိုယ် တိုက်ခိုက်သည့် ဖြစ်ရပ် မတ်လ ၂၃ ရက် ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သျှမ်းပြည် (မြောက်ပိုင်း) သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မုံးကြက်တိုက်နယ် အခြေစိုက် နအဖတပ်စခန်း တစ်ခုကို အခြား နအဖတပ် ဖွဲ့တစ်ဖွဲ့က ၁၅ မိနစ်ခန့် ဝင်ရောက် ပစ်ခတ်ကာသျှမ်းတပ်စခန်းအားတိုက်ခိုက်ခဲ့ သည် ဟု အထက်သို့ အစီရင်ခံကြောင်း သျှမ်းတပ်အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
၄င်းတိုက်ခိုက်မှု၌ တပ်စခန်းရှိ နအဖတပ်သားတစ်ဦး ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည် ။
“မုံးကြက်စခန်းပေါ့ ပြည်သူလူထုကို ကင်းစောင့်ခိုင်းတယ်။ နောက်တစ်ဖွဲ့က သျှမ်း တပ် ဆိုပြီး ဝင်တိုက်တာပေါ့ သူတို့မိုင်းနဲ့ပစ်တာ စခန်းက တပ်သားတစ်ယောက် ခြေထောက်မှာ ဒဏ်ရာရတယ် အထက် ကိုတော့ သျှမ်းတပ်စခန်းကို ဝင်တိုက်တယ်ဆိုပြီး လိမ်လည်အစီရင်ခံတာပေါ့ ” ဟု သူက ဆိုသည်။
အဆိုပါ တပ်စခန်း၌ ကင်းစောင့် စေခိုင်းခြင်းခံရသူများမှာ ပြည်သူ့စစ်အဖွဲ့ဝင်များ မဟုတ်ပဲသာမန်ရွာသားများ သာ ဖြစ်ပြီး ဘာလက်နက်မှ မရှိကြောင်း သိရသည်။
သံလွင်အနောက်ခြမ်းရှိ (သံလွင်အရှေ့ခြမ်း ဝ နယ် နားဝီးမြို့နယ် နှင့်မျက်နှာချင်းဆိုင်) မိုင်းကြက်တိုက်နယ်သည် လားရှိူးမြို့ အရှေ့ဘက် မိုင် ၅၀ ကျော် ကွာဝေး၏။ ဒေသတဝိုက်တွင် သျှမ်းပြည်တိုး တက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSAထိမ်းချုပ်နယ်မြေမဟုတ်။ နအဖ လက်အောက်ခံ မန်ပန်ဌာနေပြည်သူ့စစ်(ဗိုလ်မွန်းအဖွဲ့) ထိမ်းချုပ်လှုပ်ရှားသည့် ဒေသဖြစ်သည်။
ယခုအခါ တိုက်ပွဲများ ဖြစ်ပွားနေရာ သျှမ်းပြည်တပ်မတော် (SSPP/SSA)၏ ကျေးသီးမြို့နယ် ဋ္ဌာနချုပ် ဝမ်ဟိုင်း စခန်းနှင့် မိုင်းရယ်မြို့နယ် အတွင်းရှိ ဝမ့်နောင်ချိုစခန်းများကို နအဖက ဝန်းရံထားကြောင်း သိရသည်။