တိရိစ္ဆာန် မွေးမြူရေးခြံများ မှတ်ပုံတင်ရန် အတွက် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒေသခံ မွေးမြူရေးသမားများထံမှ အခွန် ကောက်ခံနေကြောင်း သိရ ...
တိရိစ္ဆာန် မွေးမြူရေးခြံများ မှတ်ပုံတင်ရန် အတွက် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒေသခံ မွေးမြူရေးသမားများထံမှ အခွန် ကောက်ခံနေကြောင်း သိရသည်။
တရားဝင်ခြံ မှတ်ပုံတင် ပြုလုပ်ရန် ငြင်းဆန်ပါက တိရိစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု သျှမ်းသံတော်ဆင့်က လက်ခံရရှိသည့် မွေးမြူရေးဌာန၏ ညွန်ကြားစာတွင် ဖေါ်ပြထားသည်။
မတ်လ ၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါ ညွန်ကြားစာတွင် မွေးမြူရေး ခြံ မှတ်ပုံတင်ကို မတ်လ ၁၂ ရက်နေ့ နောက်ဆုံးထား ပြုလုပ် ရမည်ဟု ဆိုသည်။
မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွင် နို့စားနွား မွေးမြူရေး ခြံများရှိရာ နွားအကောင်ရေ ၂၀ အောက် ပိုင်သူများထံမှ ကျပ်ငွေ ၃ သောင်းနှင့် အကောင် ၂၀ အထက်ပိုင် သူများထံမှ ကျပ် ၅ သောင်းနှုန်းစီ အခွန်ကောက်ခံကြောင်း နွားမွေးမြူရေး လုပ်ငန်းရှင် တစ်ဦးကပြောသည်။
“၁၀၅ မိုင်ထဲမှာရှိတဲ့ နို့စားနွား မွေးမြူရေးသမားတွေဆီကနေ မွေးမြူရေးခြံ မှတ်ပုံတင်ဖို့ အခွန်ကောက်တာ။ မတ်လ ၅ ရက်နေ့ကနေ စကောက်တာ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပေးသွင်းရမယ်” ဟု သူကပြောသည်။