တရုတ် - မြန်မာ နယ်စပ်တွင် မြေငလျင်လှုပ်

တရုတ် - မြန်မာ နယ်စပ်တွင် မြေငလျင်လှုပ်
by -
သျှမ်းသံတော်ဆင့်

မြန်မာနှင့် နယ်စပ်ခြင်း ကပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ် ရင့်ကျန်းမြို့ အနီးတွင် ပြင်းအား ၅.၈ စကေးရှိသည့် မြေငလျှင် တစ်ခု တရုတ်စံတော်ချိန် ယနေ့နေ့လည် ၁၂ နာရီ ၅၈ မိနစ်တွင် လှုပ်ခတ် ...

မြန်မာနှင့် နယ်စပ်ခြင်း ကပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ် ရင့်ကျန်းမြို့ အနီးတွင် ပြင်းအား ၅.၈ စကေးရှိသည့် မြေငလျှင် တစ်ခု တရုတ်စံတော်ချိန် ယနေ့နေ့လည် ၁၂ နာရီ ၅၈ မိနစ်တွင် လှုပ်ခတ် ခဲ့ရာ လူထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

တရုတ် - မြန်မာ နယ်စပ် မြေငလျင် လှုပ်ခတ်သွားသည့်နေရာမြောက်လဒ်တီကျွတ် ၂၄.၇ နှင့် အရှေ့လောင်ဂျီကျွတ် ၉၇.၉ တို့တွင် မြေအောက် ၁၀ ကီလိုမီတာအနက်မှ လှုပ်ခတ် ခြင်းဖြစ်ပြီး မိနစ်အနည်းငယ်ခြား၍ ပြင်းအား ၄.၆ နှင့် ၄.၇ အဆင့်ရှိ ငလျှင်များ ဆက်တိုက်လှုပ်ခဲ့ ကြောင်း www. yunnan.cn ဝက်ဆိုက်က ဖေါ်ပြသည်။

အဆိုပါမြို့သည် ကချင်ပြည်နယ် လိုင်ဇာမြို့နှင့် ၉၃ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး မြန်မာနိုင်ငံသား များလည်း နေထိုင်သည်။

တိုက်ခန်းများအတွင်း အပိုင်းအစများ ထိမှန်၍ ဆေးရုံတွင် ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်းတိုက်တစ်လုံး ပြိုကျ၍ လူ ရ ဦးခန့်သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အတော်ပြင်းတယ် ဒဏ်ရာရတဲ့ လူတွေလည်း တွေ့နေတယ် အိမ်ထဲမှာမနေရဲတော့ဘူး တစ်မြို့လုံးအပြင်ထွက် နေကြ တယ် လျှပ်စစ်မီးတွေလည်း အကုန်လုံးပျက်ကုန်ပြီ ဆိုင်တွေလည်းပိတ်ကုန်ပြီ တိုက်ပြိုလို့ လူ ရ ယောက် လောက်သေတယ် လို့ သိရတယ်” ဟု ရင့်ကျန်းမြို့တွင် နေထိုင်သည့် ကချင်လူငယ် တစ်ဦးကသျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၂ ၃ ရက်နေ့အထိ ရင့်ကျန်းမြို့တွင် ပြင်းအား ၂ မှ ၅ အဆင့်ရှိ မြေငလျှင် အကြိမ်ပေါင်း ၁၁၈၀ လှုပ်ခတ်ခဲ့ရာ ၎င်းအနက် ဖေဖေါ် ဝါရီလ ၈ ရက်နေ့ တစ်ရက်တည်း ငလျှင် ၁၂၃ ကြိမ် လှုပ်ခတ်ခဲ့ ကြောင်း ယူနန်ပြည်နယ် အစိုးရ ၀က်ဆိုက်တွင် ဖေါ်ပြထားသည်။

Most read this week