အာစီယံစံနှုန်း အတိုင်း ပြည်တွင်း ကုန်တင်ကားများ တင်ဆောင်ရမည့် ကုန်အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းတွင် ယခုလ ၂၁ ရက်မှ စတင် အကောင်အထည်ဖေါ်နေ ...
အာစီယံစံနှုန်း အတိုင်း ပြည်တွင်း ကုန်တင်ကားများ တင်ဆောင်ရမည့် ကုန်အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းတွင် ယခုလ ၂၁ ရက်မှ စတင် အကောင်အထည်ဖေါ်နေကြောင်း သိရ သည်။
၎င်းနေ့မှ စ၍ မူစယ်မြို့နှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ အကြားလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွား နေကြောင်း ဒေသခံကုန်သည်များက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ထို့အပြင် ကားပေါ်ပါ ကုန်အလေးချိန်ကို ယခင်ထက်လျှော့တင်ရသဖြင့် ကုန်တင်ခ တစ်တန် ကျပ် ၄ သောင်းဝန်းကျင် အထိ တက်လာပြီး ပြည်တွင်း၌ တရုတ်ကုန်ပစ္စည်းများ စျေးတက်လာကြောင်း သိရသည်။
“သောကြာနေ့ကစတာ၊ မူစယ်နဲ့ ၁၀၅ မိုင်ကြားမှာ နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတယ် ။ ကားလေးသမားတွေ ဆို လမ်းဆင်းလျှောက်ရတယ် တန်ပိုတင်ခွင့်မပြုတော့ ကုန်တွေကိုကဲ့ရတာပေါ့ အရင်ကားတစ်စီးစာကို အခု၂ စီး ၃ စီးထပ် ကဲ့ရတယ် ကုန်တင်ခစျေးတက်တယ်။ တရုတ်ပစ္စည်းစျေးလည်း တက်တယ်” ဟု ကုန်သယ်တစ်ဦးက ပြောသည် ။
ယနေ့မွန်းလွဲပိုင်းအထိ မူစယ်အထွက် အေးရှားဝေါဂိတ်မှ နမ့်ခွန်ရွာအကြား ၂ ဖာလုံကျော်အထိ ကားကြီး ကားငယ် အစီး ရာကျော် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေကြောင်း ကားသမားတစ်ဦးကလည်း ပြောသည်။
“မူစယ်အထွက် အေးရှားဝေါဂိတ်မှာ ကတ္တားချိန်တယ် ပိုတာဆို အကုန်ပြန်ချပေါ့ဗျာ နောက်ကားနဲ့ပြန်ကဲ့ပေါ့ ကားတွေက အရမ်းရှုပ်နေတာ အခုကျနော်ကားမောင်းနေတာ ၂ ဖာလုံကျော်လောက်အထိ ပိတ်ဆို့မှုဖြစ်နေတယ် ” ဟု သူကပြော သည်။
ယခုကာလသည် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး အကောင်းဆုံးအချိန် ဖြစ်ပြီး တရုတ်ဘက်မှ သစ်သီးဝလံ ၊ အဝတ်အထည် ၊ မြေသြဇာ ၊ ဆောက်လုပ်ရေးပစ္စည်း ၊ လျှပ်စစ်ပစ္စည်း နှင့် လူသုံးအိမ်သုံး ပစ္စည်းမျိုးစုံကို ၁၀၅ မိုင်ကုန် သွယ် ရေး လမ်းကြောင်း မှတဆင့် ပြည်တွင်းသို့ တင်ပို့နေကြောင်း သိရသည်။