လိုင်ဇာမြို့မှ ရပ်နားထားသည့် သုံးဘီးယာဉ်များ အဝယ်လိုက်

လိုင်ဇာမြို့မှ ရပ်နားထားသည့် သုံးဘီးယာဉ်များ အဝယ်လိုက်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့၌ လှိုင်းပြေးဆွဲနေသည့် သုံးဘီးယာဉ် အစီးရေ ၁ဝဝ ကျော်ခန့်သည် KIO က လှိုင်းဆွဲခွင့်မပြုတော့သဖြင့် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ရပ်နားထားရ ...

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့၌ လှိုင်းပြေးဆွဲနေသည့် သုံးဘီးယာဉ် အစီးရေ ၁ဝဝ ကျော်ခန့်သည် KIO က လှိုင်းဆွဲခွင့်မပြုတော့သဖြင့် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ရပ်နားထားရသည်။

ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ (ဓါတ်ပုံ - KNG)တစ်လကျော်ကြာ ဝင်ငွေမရှိဘဲ ရပ်နားထားသည့် အဆိုပါ သုံးဘီးယာဉ်များအား ယခုအခါ မြစ်ကြီးနားဘက်မှ လာရောက် ဝယ်ယူသူများ ရှိနေကြောင်း လိုင်ဇာဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လိုင်ဇာမှာကုန်တင်တဲ့ ၃ဘီးဆိုင်ကယ်တွေတော့ အဝယ်လိုက်နေတယ် တစ်စီး တရုတ်ငွေ ရ ထောင်ဝန်းကျင် လောက်ပေါက်တယ် မြစ်ကြီးနားဘက်ကနေ လာဝယ်ကြတာ ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

သုံးဘီးယာဉ်များကို လိုင်ဇာမှ မြစ်ကြီးနားသို့ မောင်းနှင်ယူဆောင်ခအဖြစ် ဂိတ်တာဝန်ကျ ဝန်ထမ်းများကို ကျပ်ငွေတစ်သိန်း ဝန်းကျင် ပေးရကြောင်း သိရသည်။

နအဖစစ်တပ်က ထိုးစစ်ဆင်လာမည်ကို စိုးရိမ်၍ ကေအိုင်အိုက လိုင်ဇာမြို့၌ စီးပွားရှာသူကို ဒီဇင်ဘာလဆန်းပိုင်းက နေရပ်ရင်းသို့ ပြန်ခိုင်း ခဲ့ရာ သုံးဘီးမောင်းသမားများလည်း ပါဝင်ကြောင်း သိရသည်။

“သုံးဘီးသမားတွေကတော့ မူးယစ်ဆေးဝါးကိစ္စကြောင့်ပါ အယောက် ၁ဝဝ ကိုသွေးစစ်ကြည့်တာ ၉ဝ % လောက် က ဆေးမအောင်ဘူးလို့ ကြားတယ် ကားဂိတ်နဲ့ မြို့တွင်းမှာ ကုန်တင်ကြတာပေါ့ ပိုင်ရှင်ကတော့ ဒေသခံတွေများတယ် မောင်းတဲ့ သူတွေက ရပ်ဝေးကပေါ့ အခု လိုင်ဇာမှာက ဘက်ထရီနဲ့လူတင်တဲ့ သုံးဘီးလောက်ပဲ ပြေးတော့တယ်” ဟု နောက်ထပ်ဒေသခံ တစ်ဦးက ဆိုသည်။

တရုတ်နယ်စပ် လမ်းကြောင်းများမှ တဆင့် မြန်မာဘက်သို့ လိုင်စင်မဲ့ ကား ၊ ဆိုင်ကယ် နှင့် ထော်လာဂျီများကို နေ့စဉ် အစီးရေ ရာချီ တင် သွင်းလျှက်ရှိရာ ယခုလ ၁၂ ရက်နေ့က မူစယ်မှ လားရိူးသို့ စစ်တပ်အရာရှိများ ကယ်ရီ သယ်လာသည့် လိုင်စင်မဲ့ကား ၂ စီးကို မူစယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံ ယာဉ်ငယ်စစ်ဆေးရေးဂိတ်က လွတ်ပေးခဲ့ကြောင်း သိရသည်။

Most read this week