၂၀၁၀ - ၂၀၁၁ ခုနှစ် ဘိန်းထွက်ရာသီ ဖြစ်သည့် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှ ယခုနှစ် ဂျန္နဝါရလဆန်းပိုင်း အထိ ရက်ပိုင်းအတွင်း ဘိန်းစိမ်းစျေးများ ၂ ဆခန့် တက်လာကြောင်း ...
၂၀၁၀ - ၂၀၁၁ ခုနှစ် ဘိန်းထွက်ရာသီ ဖြစ်သည့် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှ ယခုနှစ် ဂျန္နဝါရလဆန်းပိုင်း အထိ ရက်ပိုင်းအတွင်း ဘိန်းစိမ်းစျေးများ ၂ ဆခန့် တက်လာကြောင်း အကြားအမြင်များသည့် သျှမ်းပြည်(မြောက်ပိုင်း) ဒေသခံများ အဆိုအရ သိရသည်။
မူရင်းဘိန်းထွက်နေရာများ၌ ဒီဇင်ဘာလကုန်ပိုင်းက ဘိန်းစိမ်းတစ်ပိဿာ ကျပ် ၃ သိန်းခွဲ ၀န်းကျင်စျေးပေါက်ပြီး ဂျန္နဝါရလဆန်းပိုင်းတွင် တစ်ပိဿာကျပ် ၅ သိန်းအထိ ထိုးတက်လာကြောင်း သိရသည်။
ထိုသို့ စျေးတက်လာရခြင်းမှာ ဘိန်းဝယ်ယူ သိုလှောင်သူ များပြားလာပြီး ၀ယ်လိုအားများလာ၍ ဖြစ်ကြောင်း လားရှိူး ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ ဘိန်းစျေးက ၂ ဆနီးပါးထိုးတက်သွားတယ် ဘိန်းစထွက်တဲ့အချိန် ဒီဇင်ဘာလကုန်ပိုင်းက တစ်ပိ ဿာ ၃ သိန်းဝန်း ကျင်ပေါက်တယ် အခုဇန်နဝါရီလ ၁၀ရက်လောက်အတွင်း ၅ သိန်းဝန်းကျင် ဖြစ်လာတယ် ဒါက ဘိန်းထွက်တဲ့ဒေသပေါက်စျေး ပေါ့နော် သိုလှောင်မှုများပြားလာလို့ဖြစ်တယ် သိုလှောင်နိူင်ရင် အမြတ်များများရတော့ ဘိန်းဝယ် လိုအား များလာတာပေါ့ ” ဟု သူက ဆိုသည်။
သိုလှောင်ထားသည့် ဘိန်းအဟောင်းသည် ဘိန်းအသစ်ထက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ဘိန်းရှားပါးချိန်တွင် စျေး ကောင်းရကြောင်း သိရသည်။
“ဘိန်းအဟောင်းက ဘိန်းအသစ်ထက် အရသာပိုကောင်းတယ် အဆီထွက်နှုန်းကောင်းတယ် သုံးစွဲတဲ့သူတွေအနေနဲ့ ဘိန်း အသစ်ထက် အဟောင်းကို ပိုကြိုက်ကြတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ဘိန်းစိမ်းကို အခြားမူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုသည့် အပြင် အဆီချက်၍လည်း သုံးစွဲကြကြောင်း သိရသည်။
ယခုနှစ် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဘိန်းစိုက်ပျိုးမှုသည် ယခင်နှစ်ထက်ပိုမိုများပြားကာ နေရာအနှံ့မိုးရွာသွန်းခဲ့သဖြင့် ဘိန်းခင်းများ အထွက် ကောင်းကြောင်း သိရသည်။
မူးယစ်ဆေးဝါးများအနက် သုံးစွဲမှုအများဆုံးမှာ ယာဘ (ခေါ်) စိတ်ကြွရူးသွပ်ဆေးပြားဖြစ်ပြီး ဒုတိယအနေဖြင့် ဘိန်းဖြူနှင့် ဘိန်းမည်းတို့ကို သုံးစွဲကြကြောင်း သိရသည်။