အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA ပြန်လည် ဖွဲ့စည်းရန် တပ်မဟာ ၁ နယ်မြေ၌ စည်းဝေး

အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA ပြန်လည် ဖွဲ့စည်းရန် တပ်မဟာ ၁ နယ်မြေ၌ စည်းဝေး
by -
သျှမ်းသံတော်ဆင့်

ပြည်သူ့စစ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA တပ်မဟာ ၁ ဌာနချုပ်၌ မိခင် သျှမ်းပြည် တပ်မတော် နာမည်ဖြင့် ဆက်လက် ရပ်တည်နိုင်ရန်အတွက် ဗဟိုဦးဆောင် ကော်မတီ ပြန်လည်ဖွဲ့ ...

ပြည်သူ့စစ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA တပ်မဟာ ၁ ဌာနချုပ်၌ မိခင် သျှမ်းပြည် တပ်မတော် နာမည်ဖြင့် ဆက်လက် ရပ်တည်နိုင်ရန်အတွက် ဗဟိုဦးဆောင် ကော်မတီ ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေး ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

SSA-N“သျှမ်းပြည်တပ်မတော် နာမည်နဲ့ ဆက်လက်ရပ်တည်သွားဖို့ စက်တင်ဘာကတည်းက ဆုံးဖြတ်ထားတယ်။  တပ်ဖွဲ့ စည်းပုံတချို့လဲ အဲဒီကတည်းကပြင်ဆင်ထားတယ်။ အခုအစည်းဝေးက ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းပြီး တာဝန် ခွဲဝေဖို့ဖြစ်တယ်။ ၁၀ ရက်ကျော်လောက်ကြာပါပြီ။ အခုထက်ထိ အစည်းအဝေးထိုင်နေကြတုန်းဘဲ” ဟု မိုင်းရှုးရောက် ၀မ့်ဟိုင်းဒေသခံတစ်ဦးက ပြောပါသည်။

ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သော တပ်မဟာ ၁ အဖို့ သျှမ်းပြည်တပ်မတော်အနေဖြင့် ဆက်လက်ရပ်တည်သွားရေးကိစ္စ အတွက် တရားဝင် စဝ်လွယ်မောဝ်းနှင့်စဝ်ကိုင်ဖှတို့ထံ စာဖြင့်လည်းကောင်း၊ လူဖြင့်လည်းကောင်း သုံးသပ်ချက်/ အကြံပြုချက်များ တောင်းဆိုခဲ့ကြောင်း တပ်မဟာ ၁ အရာရှိတစ်ဦးက ဤကဲ့သို့ပြောပါသည်။

“စဝ်လွယ်မောဝ်းနဲ့ စဝ်ကိုင်ဖှတို့ဆီ စာရေးလူလွတ်အကြောင်းကြားပြီး အကြံဉာဏ်တောင်းတယ်။ သူတို့က စာမပြန် ဘူး။ စကားနဲ့ဘဲပါးလာတယ်။ သူတို့က နအဖအလိုရှိတဲ့အတိုင်း ပြည်သူ့စစ်အသွင်ပြောင်းလိုက်ပြီ။ နောက်ပြန်ဆုတ် လို့မရတော့ဘူး။ ဒါကြောင့်တပ်မဟာ ၁ ကဘဲ ဦးဆောင်ပြီး လုပ်သင့်တာတွေ လွတ်လွတ်လပ်လပ်ဆက်လုပ်သွားပါ။ တောပြန်ခိုပြီး တော်လှန်ရေးလုပ် တိုက်ခိုက်ဖို့ သူတို့မဖြစ်နိုင်တော့ဘူးပေါ့။ သူတို့တော့ နအဖနဲ့သဘောတူထားတဲ့အ တိုင်း လိုက်လုပ်ရတော့မယ်။ သူတို့ကို မျှော်လင့်မနေတော့နဲ့လို့ပြောလာတယ်”

တပ်မဟာ ၁ မှ ဗိုလ်မှူးခမ်းတီ ဦးဆောင်ပြီး လွန်ခဲ့သည့် ရ-၈ ရက်ခန့်က စဝ်လွယ်မောဝ်းနှင့် စဝ်ကိုင်ဖှတို့ထံ သွား ရောက်အကြောင်းကြားခဲ့ကြောင်း၊ ထိုကဲ့သို့တရားဝင်အကြောင်းကြားသည်မှာ သုံးကြိမ်တိုင်တိုင်ရှိပြီဖြစ်ကြောင်း သိရှိရ ပါသည်။

“အရင်ခေါင်းဆောင်ဟောင်းတွေကိုလဲ ဗဟိုဦးဆောင်ကော်မတီထဲ လာရောက်ပါ၀င်ဖို့ ဖိတ်ထားနေဆဲဘဲ” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ဌါနချုပ်သည် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဟိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ သျှမ်းပြည်တပ်မတော် စိန်ကျော့ဌါနချုပ်၊ တပ်မဟာ ၃ နှင့် တပ်မဟာ ရ တို့ ပြည်သူ့စစ်အသွင်ပြောင်းသွားသော်လည်း တပ်မဟာ ၁ မှာမူ ငြင်းဆန်လျက်ရှိ၏။ ထို့ကြောင့် စက်တင်ဘာ ၁ ရက် နေ့မှစ၍ နအဖစစ်တပ်က ကျူးကျော်ရန်စတိုက်ပွဲ ၅ ခုထက်မနည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီးဖြစ်သည်။

Most read this week