သျှမ်းပြည် (မြောက်ပိုင်း) ၌ ပြည်သူ့စစ်အင်အား တိုးချဲ့၊ ကြံ့ဖွံ့ပါတီအား မဲပေးရန် ညွန်ကြား

သျှမ်းပြည် (မြောက်ပိုင်း) ၌ ပြည်သူ့စစ်အင်အား တိုးချဲ့၊ ကြံ့ဖွံ့ပါတီအား မဲပေးရန် ညွန်ကြား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ကျေးရွာများ၌ ယခုလ ၂၀ ရက်နေ့မှ စ၍ ပြည်သူ့စစ် အဖွဲ့ဝင်သစ်များ ထပ်မံ စုဆောင်းပြီး တပ်ဖွဲ့ဝင်သစ်များအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးရန် ညွန်ကြားထား....

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ကျေးရွာများ၌ ယခုလ ၂၀ ရက်နေ့မှ စ၍ ပြည်သူ့စစ် အဖွဲ့ဝင်သစ်များ ထပ်မံ စုဆောင်းပြီး တပ်ဖွဲ့ဝင်သစ်များအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးရန် ညွန်ကြားထားကြောင်း သိရသည်။

လက်ရှိ အင်အား ၂၀၀ ကျော်ရှိ မုံးပေါ်ဋ္ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကို အင်အား ၃၀၀ အထိ တိုးချဲ့ဖွဲ့စည်းရန် ကျေးရွာ ၁၂ ရွာတွင် လူသစ် ထပ်မံကောက်ယူနေခြင်း ဖြစ်သည်။

တစ်ရွာလျှင် ၂ ယောက်မှ ၃ ယောက်အထိ မဝင်မနေရ ကောက်ယူနေကြောင်း ဒေသခံ ပြည်သူစစ်နှင့် နီးစပ်သူက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“မုံးပေါ်ဋ္ဌာနေပြည်သူ့စစ် ခေါင်းဆောင် ဦးဂမ်မိုင် ဦးစီးပြီးတော့ တစ်ရွာကို ၂ ယောက်ကနေ ၃ ယောက်အထိ ကောက်တယ်။ သျှမ်း ရွာတွေမှာ ပြည်သူ့စစ် လုပ်ချင်တဲ့သူ သိပ်မရှိဘူး။ အခု ကောက်တဲ့ ပြည်သူ့စစ်တွေ မဲထည့်ရင် ကြံ့ဖွံ့ပါတီကိုဘဲ ထည့်ရမယ်လို့ ညွန်ကြားထားတယ်” ဟု သူက ဆိုသည်။

မုံးပေါ် အပါအ၀င် မန့်ကတ်၊ မန့်ပုံ၊ မန့်ဖိုင်၊ ဟိုနား၊ မန့်တိန်း၊ မန့်ဟို၊ ဟိုကန်၊ မန်ကျယ်၊ ကောင်းဟိုင်း၊ မိုက်ဖန်နှင့် နမ့်ခဲက် ရွာတို့တွင် ပြည်သူ့စစ် လုပ်ရန် လူသစ်ကောက်ယူနေခြင်း ဖြစ်သည်။

ယခင်နှစ်က အဆိုပါ ဒေသအတွင်းရှိ ကျေးရွာများ၌ နွမ်းပါးသည့် မိသားစုများအား မူစယ်ခရိုင် အုပ်ချုပ်ရေးမှူးက  စုပေါင်း ရှင်ပြု ရဟန်းခံပွဲ ပြုလုပ်ပေးခဲ့ရာ အဆိုပါ ရဟန်းခံခဲ့သည့် မိသားစုများ ကြံဖွံ့ပါတီကိုသာ မဲပေးရမည်ဟု ရွာအာဏာပိုင်များက ဖိအားပေးနေ ကြောင်း သိရသည်။

 

 

 

 

 

Most read this week