ယာခင်းသွားအိပ်စောင့် ရွာသားများအား လျော်ကြေးမဲ့ ပစ်သတ်မည်ဟု မိုင်းရယ်ဗျူဟာမှူး အမိန့်ချ

ယာခင်းသွားအိပ်စောင့် ရွာသားများအား လျော်ကြေးမဲ့ ပစ်သတ်မည်ဟု မိုင်းရယ်ဗျူဟာမှူး အမိန့်ချ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ အခြေစိုက် ဗျူဟာမှူးက လယ်ယာခြံခင်းသို့ သွားအိပ်စောင့်သော ရွာသားများအား တွေ့ရှိပါက လျော်ကြေးမရှိ ပစ်သတ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်စုဥက္ကဌများအား ခေါ်ယူအမိန့်ချ....

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ အခြေစိုက် ဗျူဟာမှူးက လယ်ယာခြံခင်းသို့ သွားအိပ်စောင့်သော ရွာသားများအား တွေ့ရှိပါက လျော်ကြေးမရှိ ပစ်သတ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်စုဥက္ကဌများအား ခေါ်ယူအမိန့်ချသည်ဟု သျှမ်းပြည်အလယ်ပိုင်း သတင်း ရပ်ကွက်က ကြားသိရသည်။

ssa-n-003“ဒီချိန်က စပါးမှည့်ချိန်ဆိုတော့ သွားမအိပ်စောင့်ရင် ကျွဲ၊ နွားတွေ ၀င်ဖျက်လို့ ရွာသားတွေ ငတ်ကုန်မှာပေါ့။ သွားအိပ်စောင့် ပြန်ရင်လဲ စစ်ကြောင်း လှည့်ရင်း တွေ့မိလို့ ပစ်သတ်ရင် အလကား သေမယ်တဲ့။ ကျနော်တို့ ရွာသားတွေအတွက် တော်တော် ဒုက္ခ ဖြစ်ရတယ်” ၀မ့်ပုံအုပ်စုမှ ဒေသခံရွာသား တဦးက ပြောသည်။

မိုင်းရယ်မြို့ အရှေ့တောင်ဘက် ရပ်ကွက် ၃ နှင့် ကပ်ရက် အခြေစိုက်သည့် ခမရ ၃၂၅ တပ်ရင်းအတွင်းရှိ ဗျူဟာရုံးမှ ဗျူဟာမှူး ကြည်မြင့်က ၀မ့်ပုံ အုပ်စု ဥက္ကဌအား ယခုလ ၁၂ ရက်က ခေါ်ယူပြောကြားခြင်း ဖြစ်၏။

“၀မ့်ပုံအုပ်စုဝင် ၀မ့်ကတ်၊ ၀မ့်ကောင်း၊ ၀မ့်နားလီ၊ ၀မ့်မတ်မုန့် လိန်နဲ့ ဟိုနမ့် ၅ ရွာမှာ ခမရ ၃၂၅ နဲ့ ခလရ ၆၇ က စစ်ကြောင်း လှည့်မွှေ နှောက်မယ်တဲ့။ ၀မ့်ပုံအုပ်စုရဲ့ တောင်ဘက်ခြမ်း SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေရဲ့ နယ်ခြား ခိုလောင်းအုပ်စု နားက ၀မ့်ဖြတ်ရွာ မှာလဲ ခလရ ၂၂ ကျောက်မဲက တပ်စခန်းအသစ် ထပ်ချထားတယ်” ဟု မိုင်းရယ်မြို့မှ လူငယ်တဦးက ပြောသည်။

ဝမ့်ပုံအုပ်စုအတွင်း၌ စစ်ကြောင်းလှည့် SSA တပ်မဟာ ၁ အခြေချလှုပ်ရှားသည့် ခိုဆိုင်းကျေးရွာအုပ်စုကိုပါ အချိန်ပြည့် စောင့်ကြည့် နိုင်သောကြောင့် ဖြစ်သည်ဟု အဆိုပါ လူငယ်က ဆက်ပြောပြ၏။

ခိုဆိုင်းကျေးရွာအုပ်စုတွင် ၀မ့်တာ့ပေါက်၊ ၀မ့်ခိုဆိုင်း၊ ၀မ့်ပန်ဟိုက်၊ ၀မ့်တာလန်၊ ၀မ့်တာ့ ဟတ်၊ ၀မ့်နမ့်အွန်၊ ၀မ့်ဆဲန်တော် ဟူ၍ ၈ ရွာ ရှိသည်။

 

 

 

 

 

Most read this week