ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီရန်ပုံငွေအတွက် လူထုထံ ကောက်ယူ

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီရန်ပုံငွေအတွက် လူထုထံ ကောက်ယူ

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ပါတီရန်ပုံငွေအတွက် လူထုထံ တအိမ်ထောင် ကျပ်ထောင်ချီ ဆင့်ဆိုကောက်ခံ....

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ပါတီရန်ပုံငွေအတွက် လူထုထံ တအိမ်ထောင် ကျပ်ထောင်ချီ ဆင့်ဆိုကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။

“ကျောက်တလုံးကြီးမြို့နယ်တကြော ကျေးရွာတွေမှာ တအိမ်ထောင်ကို ကျပ် ၂၀၀၀ လိုက်ကောက်တယ်။ မပေးမနေရဘဲ။ မပေးရင် ဟိုအမှု ဒီအမှု - (ဥပမာ ချဲအမှုအပြင်တ ခြားအမှု) နဲ့ စွပ်စွဲပြီး အပြစ်ပေးတယ်၊ ဒေသအတွင်း အာဏာ ရှိတာလဲ သူတို့ဘဲလေ။ ကြောက်နေရတယ်” ဟု ထိုင်းနယ်စပ်ရောက် ပအိုဝ်းလူငယ် ခွန်ဟောဝ်မျတ်က ပြောပြပါသည်။
Pa-O-naga
ခွန်စံလွန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ကျေးလက်လူထုထံ အဓမ္မ ပိုက်ဆံ လိုက်ကောက်သည့်အပြင် ၈ လ ပိုင်းတုန်းကလည်း ပအိုဝ်းလူထုအား နဂါးရုပ် အမှတ်တံဆိပ်ပါ ရင်ထိုးများ၊ ပန်းချီကားများ အရွယ်အစား အမျိုးမျိုး လုပ်ပြီး အဓမ္မ ရောင်းချပေးနေကြောင်းလည်း အမည်မဖေါ်လိုသည့် အခြားပအိုဝ်းအမျိုးသား နောက် တဦးက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ ပြောပြပါသည်။

“နဂါးရုပ် ဆိုတာက ပအိုဝ်းလူမျိုးတွေရဲ့ အမှတ်တံဆိပ်၊ သူတို့က အခွင့်ကောင်းယူပြီး ရင်ထိုးတွေ၊ ရွှေချီထိုး ငွေချီထိုး ပန်းချီကားချက်တွေ လုပ်ပြီး ပအိုဝ်းလူထုထံ ဈေးအမျိုးမျိုးနဲ့ ပြန်လည်ရောင်းချတယ်။ ဈေးအပေါဆုံးဟာက ဖိုက်ဘာ ရင်ထိုးအသေးလေး တခုကို ကျပ်ငွေ ၅၀၀၊ တသောင်းခွဲတန် ရှိတယ်၊ အဓမ္မ ၀ယ်ခိုင်းတာက ကျပ် ၇၀၀၀ တန်ရင်ထိုး။”

အဆိုပါ နဂါးရုပ် ရင်ထိုးအား တတ်နိုင်၍ ၀ယ်သော သူများ ရှိသကဲ့သို့ မိသားစုဝင်ငွေ နည်းသည့် ကျေးလက်ပအိုဝ်းလူထုအဖို့ အခက်အခဲဖြစ်ကြောင်း၊ သို့သော် မ၀ယ်ပါက မိသားစုအပေါ်  ပြဿနာ တစုံတရာ ဖန်တီးလာနိုင်သောကြောင့် မိမိဆွေမျိုး အသိုင်းအ၀ိုင်းမှ ငွေချေးပြီး ၀ယ်ယူရကြောင်း ပြောပြပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တပ်ဖွဲ့အား ဦးအောင်ခမ်းထီ ဦးဆောင်၍ ၁၉၉၁ မတ်ခ်ျ ၂၇ ရက်၌ အာဏာသိမ်း စစ်အုပ်စုနှင့် အပစ်ရပ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်၍ ကြံ့ဖွတ်အသင်း စတင်ဖွဲ့စည်းသည့် ၁၉၉၃ ကတည်းက ဦးအောင် ခမ်းထီအား သျှမ်းပြည်ဆိုင်ရာ ကြံ့ဖွတ်ပါတီ နာယကအဖြစ် တင်မြောက်ထားသည်။ အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့အားလုံး ယခုနှစ် ဧပြီလနောက်ဆုံး ထားကာ အသွင်ပြောင်းရမည် ဆိုသည့် နအဖစစ်အုပ်စု၏ အစီအစဉ်အားလည်း ၎င်းက တစုံတရာ ငြင်းဆိုမှု မပြုဘဲ အကြွင်းမဲ့ လက်ခံလိုက်သည်။

Most read this week