၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် လူနည်းစုလွှတ်တော်ကိုယ်စားလှယ်အဖြစ် လူမျိုးစုလွှတ်တော် တွင်ပါ၀င်နိုင်ရန် လူဦးရေ ပြည့်မီအောင် ပန်းဆေးကျော်မြင့်က လဝကမြို့နယ်မှူးနှင့် ညှိုနှိုင်းတိုင်ပင်၍ တရုတ် များအား လီစူး လူမျိုးစုအဖြစ် စာရင်းသွင်း....
၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် လူနည်းစုလွှတ်တော်ကိုယ်စားလှယ်အဖြစ် လူမျိုးစုလွှတ်တော် တွင်ပါ၀င်နိုင်ရန် လူဦးရေ ပြည့်မီအောင် ပန်းဆေးကျော်မြင့်က လဝကမြို့နယ်မှူးနှင့် ညှိုနှိုင်းတိုင်ပင်၍ တရုတ် များအား လီစူး လူမျိုးစုအဖြစ် စာရင်းသွင်းကာ မှတ်ပုံတင်လုပ်ပေးနေသည်ဟု သိရှိရသည်။
“လူနည်းစုဦးရေမပြည့်မှာစိုးလို့မူစယ်နဲ့နမ့်ခမ်းမှာလာနေတဲ့ တရုတ်ပြည်ကတရုတ်တွေကို မှတ်ပုံတင်လုပ်ပေးဖို့ နမ့်ခမ်း လဝကမြို့နယ်မှူးဦးအန်ရင်းနဲ့တိုင်ပင်တယ်။ လီစူးတိုင်းရင်းအနေဖြင့်ပေါ့” ဟု နမ့်ခမ်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
ပန်းဆေးကျော်မြင့်သည် မူစယ်ခရိုင် ကြံ့ဖွံံ့ပါတီဝင်တစ်ဦးဖြစ်ပြီး စိုင်းထွန်းမောင် (ညီဖြစ်သူစိုင်းကျော်ထွေး၏ ယောက္ဖ) ကို လူမျိုးစုဝန်ကြီးအဖြစ် လျာထားသည်ဟုဆို၏။
တပြည်လုံးလူဦးရေ၏ ၀.၁% ( ၉,၀၀၀ ဦး)ြ ပည့်ပါက စိုင်းထွန်းမောင် ခေါ် စိုင်းခမ်းအွန်သည် သျှမ်းပြည်ရှိ လီစူး လူမျိုးစုများ ၏ ၀န်ကြီးဖြစ်နိုင်ကြောင်း ဒေသခံများကပြောကြသည်။
မူစယ်ခရိုင်အတွင်းနေထိုင်သော လီစူးလူမျိုးအားလုံး ကြံ့ဖွံ့ပါတီဝင်ရမည်ဟု ဦးကျော်မြင့်က ညွှန်ကြား ထားကြောင်း လည်း နမ့်ခမ်းနေလီစူးသူတစ်ဦးက ပြောပြပါသည်။
ခွန်ဆာခေတ်နောင်းပိုင်း ဘိန်းဘုရင်တစ်ဦးဖြစ်သည့် ခိုလုံလီစူးကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် ပန်ဆေး ကျော်မြင့် သည် သြဂတ်စ် ၂ ရက်နေ့တွင် ၅၀ နှစ်မြောက် ရွှေရတုမွေးနေ့ကို နမ့်ခမ်းမြို့ ဇေယျသုခ ကျောင်းတိုက် တွင် ပြုလုပ်ကျင်းပခဲ့သည်။ နမ့်ခမ်းမြို့နယ်အတွင်းပင့်သံဃာ ၁၀၈ ပါးဖြင့် အလှူဒါန်းကြီးပြုလုပ်ခဲ့၏။