မန္တလေးရောက် ဗိုလ်ချုပ် ဆေထဲန်အား စစ်တွေထောင် ထပ်ပြောင်းမည့်အရေး မိသားစုစိုးရိမ်

မန္တလေးရောက် ဗိုလ်ချုပ် ဆေထဲန်အား စစ်တွေထောင် ထပ်ပြောင်းမည့်အရေး မိသားစုစိုးရိမ်

ပြည်ထောင်စုမှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှု များစွာဖြင့် ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ခံနေရသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ် ဆေထဲန့်အား ပြီးခဲ့သည့် စနေက ခမ္တီးထောင်မှ မန္တလေးထောင်သို့ ပြောင်းရွေ့....

ပြည်ထောင်စုမှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှု များစွာဖြင့် ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ခံနေရသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ် ဆေထဲန့်အား ပြီးခဲ့သည့် စနေက ခမ္တီးထောင်မှ မန္တလေးထောင်သို့ ပြောင်းရွေ့လိုက်ကြောင်း စုံစမ်းသိရှိရပါသည််။

“ထောင်ဝင်စာ သွားမတွေ့ရသေးတော့ ဘာ့ကြောင့် ထောင်ပြောင်းတယ်ဆိုတာ မသိရဘူး။ မျက်စိကုပေးဖို့ ကျန်းမာရေး စစ်ပေးဖို့လို့ ထင်တယ်။ လာမယ့် စနေနေ့မှာ တွေ့ရမယ်လို့ ကြားထားတယ်။ မန္တလေးထောင် ပြောင်းလို့ ဆေးကုသရရင် သိပ်ကောင်းမှာဘဲ”  ဟု သမီးဖြစ်သူ နန်းခမ်းပေါ၀်းက ပြောပါသည်။

သို့သော်  ဗိုလ်ချုပ်ဆေထဲန့်အား မန္တလေးထောင်၌ မထားဘဲ ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ဆက်လက် ပြောင်းရွေ့မည် ဆိုသည့် သတင်းကလည်း ထောင်အာဏာပိုင် သတင်းရကွက်မှ ကြားသိရ၏။  

“မန္တလေးထောင် ပို့လိုက်တယ် ဆိုတဲ့သတင်း ကြားမိလို့ တမိသားစုလုံး ၀မ်းသာမိတယ်။ စစ်ကိုင်းအထက်ပိုင်းက ခမ္တီးထောင်လို သိပ်မခြားနားတဲ့ နယ်စွန်နယ်ဖြား ရခိုင်ပြည် စစ်တွေဘက်ကို ထပ်မပို့ဖို့ဘဲ ဆုတောင်းတယ်။ မန္တလေးမှာဘဲ ဆေးကုသခွင့် ရဖို့မျှော်လင့်တယ်” ဟု သမီးဖြစ်သူ နန်းခမ်းပေါ၀်းက သျှမ်းသံတော်ဆင့်သို့ ဆက်လက်ပြောပြပါသည်။

အပစ်ရပ် SSA နာယက ဗိုလ်ချုပ် ဆေထဲန်

နအဖ စစ်အုပ်စု ဖိအားပေးသည့်အတိုင်း အပစ်ရပ် (မြောက်ပိုင်း) သျှမ်းပြည်တပ်မတော် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပါက ဗိုလ်ချုပ် ဆေထဲန့်ကို လွတ်ပေးမည် ဆိုသည့်သတင်း ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်း၌ သတင်းပျံ့နှံ့ ခဲ့သေး၏။

အသက် ရ၄ နှစ်ရှိ ဗိုလ်ချုပ် ဆေထဲန့်သည် မျက်စိတိမ်ဖုံးရောဂါအပြင် မကြာမီကလည်း ချော်လဲသဖြင့် လက် တဘက်လဲ ကျိုးနေသည်ဟု ဆို၏။ သွေးတိုး၊ နှလုံး၊ ဆီးချိုအပြင် လူကြီးရောဂါလည်း အမျိုးမျိုး ခံစားနေရကြောင်း သမီးဖြစ်သူက ပြောပါသည််။

Most read this week