ရွှေလီရေအားလျှပ်စစ်မီး အစားထိုးသော်လည်း မီတာခ မသက်သာသေး

ရွှေလီရေအားလျှပ်စစ်မီး အစားထိုးသော်လည်း မီတာခ မသက်သာသေး
တရုတ်နိုင်ငံမှ လျှပ်စစ်မီး ၀ယ်ယူသုံးစွဲခဲ့သော သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ယခုနှစ် ဧပြီလဆန်းပိုင်းမှ စ၍ ရွှေလီ ရေအားလျှပ်စစ် ဓါတ်အားဖြင့် အစားထိုးလိုက်သည့် တိုင်အောင် လျှပ်စစ်မီတာခမှာ ယခင် တရုတ်လျှပ်စစ်မီးအတိုင်း ပေးဆောင် နေရ...

တရုတ်နိုင်ငံမှ လျှပ်စစ်မီး ၀ယ်ယူသုံးစွဲခဲ့သော သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ယခုနှစ် ဧပြီလဆန်းပိုင်းမှ စ၍ ရွှေလီ ရေအားလျှပ်စစ် ဓါတ်အားဖြင့် အစားထိုးလိုက်သည့် တိုင်အောင် လျှပ်စစ်မီတာခမှာ ယခင် တရုတ်လျှပ်စစ်မီးအတိုင်း ပေးဆောင် နေရဆဲ ဖြစ်ကြောင်းသိရသည်။

ယခင်က တရုတ်လျှပ်စစ်မီး တစ်ယူနစ်အတွက် မြန်မာကျပ်ငွေ ၃၀၀ ခန့်နှင့် ညီမျှသော ယွမ်ငွေ ၁.၄ ယွမ်မှ ၁.၆ ယွမ် ကောက်ခံပြီး ယခု ဒေသ ထွက် ရွှေလီရေအား လျှပ်စစ်မီးပြောင်းလဲသုံးစွဲချိန်တွင်လည်း အဆိုပါနှုန်းအတိုင်း ကောက်ခံနေ ကြောင်း ဒေသခံများက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ပြီးခဲ့တဲ့လကအထိ တရုတ်ငွေနဲ့ပဲယူတယ် ဂျွန်လအထိကောက်ပြီးပြီ အရင်တရုတ်မီးယူတဲ့နှုန်းအတိုင်း ကောက်တာပဲ လွန်ခဲ့တဲ့ ၃လ လောက်က ဗမာမီးလည်းလာပြီဆိုတော့ မီတာအရှေ့မှာ စာရွက်အတိုလေးတစ်ရွက် ကပ်လာတယ် မဖတ် ဘူးပေါ့ကြွေးကျန်ဆိုပြီးမှ ဗမာနှုန်းနဲ့ဖတ်မလားလို့ ပြီးခဲ့တဲ့လက အကုန်လုံးပေါင်းပြီးမှ တရုတ်ငွေတွက်လိုက်တာ အိမ် တိုင်းက တော်တော်ထိသွားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မေလပိုင်းက ယခင်အသုံးပြုခဲ့သော တရုတ်လျှပ်စစ်မီတာပုံးများအစား မြန်မာမီတာပုံးများဖြင့် ပြောင်းလဲတပ်ဆင်ခဲ့ရာ မြန်မာ မီတာပုံးများသည် သုံးစွဲသည့်လျှပ်စစ်မီးယူနစ်အား ဖတ်ရှုနိုင်ခြင်းမရှိသဖြင့် ကုန်ကျငွေတွက်ရန် အခက်အခဲရှိ ကြောင်း နောက်ထပ်ဒေသခံ တစ်ဦးက ပြောသည်။

“အခုပြောင်းတပ်လိုက်တဲ့ မြန်မာမီတာပုံးတွေက မီတာဖတ်တဲ့ဟာမပါဘူး မီတာခဆောင်တဲ့အခါကျတော့ သူတို့ဖြတ်သ လောက် ပေးရတာပေါ့ ဘာမှမထူးဘူးဗျ မီးပုံမှန်မရတာပဲ အဖတ်တင်တယ် လွန်ခဲ့တဲ့ ၄ လ ၅ လပိုင်းတုန်းက ဆိုရင် မီးကတော်တော်ကိုပျက်တာ” ဟု သူက ပြောသည်။

စောစောက ဒေသခံက ဆက်ပြောရာတွင် “ ကြွေးကျန်တွေဆိုပြီး ပေါင်းထည့်လိုက်တော့ တော်တော်နင့်သွားတယ် အရင်ထက် ပိုတောင်များလာ သေးတယ် ဗမာငွေနဲ့ပြန်ကောက်မလားဆိုတာ ဂျူလိုင်လကုန်ကျရင်ထပ် သိရမယ်ဘယ်လိုလာ မလဲတော့ မသိသေးဘူး အခုမီးအခြေအနေက တစ်ခါတစ်လေ နေ့ခင်းဆို တစ်နေကုန်ပျက်သွားတယ်” ဟု ဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် နမ့်ခမ်းဒေသများတွင် ၁၉ဂ၉ခုနှစ်မှစ၍ တရုတ်နိုင်ငံမှ လျှပ်စစ်မီးဝယ်ယူသုံးစွဲခဲ့ရာ ယခု နှစ် ဧပြီလဆန်းပိုင်းတွင် နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာအနီးရှိ ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှဓါတ်အားဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှန်းတွင် ရေအားလျှပ်စစ်စီမံကိန်း အမြောက်အများတည်ဆောက်နေပြီး စစ်အစိုးရအာဘော် သတင်းစာများ က တခမ်းတနား ဖေါ်ပြ နေသော်လည်း ၂၄ နာရီလျှပ်စစ်မီးရသည့်မြို့ဟူ၍ လက်ညိုးထိုးပြစရာမရှိပေ။

Most read this week