ရွေးကောက်ပွဲ ရန်ပုံငွေရရှိရေး ၀စ်သောက် ဆိုင်ကယ်လိုင်စင်ကြေး များစွာယူ

ရွေးကောက်ပွဲ ရန်ပုံငွေရရှိရေး ၀စ်သောက် ဆိုင်ကယ်လိုင်စင်ကြေး များစွာယူ
by -
မွေခေါ၀်
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုန်မြို့တွင် ရွေးကောက်ပွဲရန်ပုံငွေရရှိစေရန် လိုင်စင်မဲ့ဆိုင်ကယ်များအတွက် နေပြည်တော် မှယာဉ်ထိန်းရဲများက အခွန်များစွာဒဏ်တပ်၍ လိုင်စင် လာရောက်ပြုလုပ်ပေး....


သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုန်မြို့တွင် ရွေးကောက်ပွဲရန်ပုံငွေရရှိစေရန် လိုင်စင်မဲ့ဆိုင်ကယ်များအတွက် နေပြည်တော် မှယာဉ်ထိန်းရဲများက အခွန်များစွာဒဏ်တပ်၍ လိုင်စင်လာရောက်ပြုလုပ်ပေးကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်မှယာဉ်ထိန်းရဲ ၁၀ ဦးသည် ဂျွန် ၃၀ ရက်၌ရောက်လာပြီး မိုင်းတုန်မြို့နယ်အတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ် များဖမ်းဆီးရန် မြို့ခံယာဉ်ထိန်းရဲများအား ညွှန်ကြားသည်ဟုဆို၏။

“လိုင်စင်မဲ့ကား၊ဆိုင်ကယ်တွေကိုဖမ်းတယ်။ ကား ၁၀ စီးလောက်ဖမ်းထားပြီ။ ဖမ်းလို့ရတဲ့ဆိုင်ကယ်တွေကို ပြန်ရွေး ခိုင်းပြီး လိုင်စင်လုပ်ခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။

ဂျွန်လကုန်အထိ လိုင်စင်လုပ်ပေးသောဆိုင်ကယ်များအား 100 CC တစ်စီးလျှင် ကျပ်ငွေ ရ-၈ သိန်းကုန်ကျပြီး 125 CC အထက်ဆိုလျှင် ကျပ်ငွေ ၈ သိန်းမှ ၁ သန်းကျော် ကုန်ကျကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောကြားပါသည်။

လိုင်စင်ပြုလုပ်ရာတွင် မိုင်းဆတ်မြို့နယ်မှဆိုင်ကယ်များ တာချီလိတ်သို့လည်းကောင်း၊  နားကောင်းမှူး ပုံပါကျင် မဲ့ကဲင်းတိုက်နယ်တို့မှ ဆိုက်ကယ်များ မိုင်းတုန်မြို့သို့ လည်းကောင်း သွားရောက်ပြုလုပ်စေသည်။

မိုင်းတုန်မြို့နယ်တွင် လိုင်စင်လုပ်ပြီးသောဆိုင်ကယ်မှာ အစီး ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

“ဒီလိုငွေမတရားအဆမတန်တောင်းပြီး လိုင်စင်လုပ်ပေးတာဟာ ရွေးကောက်ပွဲရန်ပုံငွေရဖို့အတွက်ဖြစ်တယ်လို့ကြား တယ်” ဟု ဆိုင်ကယ်လိုင်စင် သွားရောက် လုပ်ကိုင်သူတစ်ဦးက ပြောပါသည်။

အလားတူပင် တာချီလိတ်၊ ကျိုင်းတုံနှင့် လားရှိုးမြို့များတွင်လည်း ဂျွန်လကုန်အထိ ဆိုင်ကယ်လိုင်စင် များပြုလုပ်ပေး ခဲ့ကြောင်း၊ ထို့အတူရပ်ကွက်အတွင်း ကွင်းဆင်း စစ်ဆေးကာ လိုင်စင်မဲ့ဆိုင်ကယ်များ လိုက်လံရှာဖွေစစ်ဆေးဖမ်းဆီး လျက်ရှိကြောင်း သိရှိရသည်။

Most read this week