မဲထည့်ပိုင်ခွင့်ရှိသူ ဌါနဆိုင်ရာ ၀န်ထမ်းများ စာရင်းကောက်ယူ

မဲထည့်ပိုင်ခွင့်ရှိသူ ဌါနဆိုင်ရာ ၀န်ထမ်းများ စာရင်းကောက်ယူ
by -
မွေခေါ၀်
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုန်မြို့နယ်အတွင်းရှိ ၂၀၁၀ ရွေးကောက်ပွဲမဲထည့်ပိုင်ခွင့်ရှိသူ ဌါနဆိုင်ရာဝန်ထမ်းများ စာရင်းအား မြို့နယ်မယက က ကောက်ယူ...

သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုန်မြို့နယ်အတွင်းရှိ ၂၀၁၀ ရွေးကောက်ပွဲမဲထည့်ပိုင်ခွင့်ရှိသူ ဌါနဆိုင်ရာဝန်ထမ်းများ စာရင်းအား မြို့နယ်မယက က ကောက်ယူလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

“ဌါနဆိုင်ရာ ၀န်ထမ်းတွေ၊ ကျောင်းဆရာ/ဆရာမနဲ့ ဆရာဝန်တွေ မယကရုံးကို ဂျွန်လိုင် ၁ ရက်နေ့မှာ အစည်းအဝေး ခေါ်တယ်” ဟု ဒေသခံတစ်ဦးက ပြောကြားပါသည်။

အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သaာယာ၊ သစ်တော၊ အရံမီးသတ်၊ လယ်ယာစိုက်ပျိုးရေး/ ဆည်မြောင်းစသည့်ဌါနတို့မှ ၀န်ထမ်းများဖြစ်သည်ဟုဆို၏။

မယကဥက္ကဋ္ဌ ဦးသောင်းစိန်နှင့် မြို့နယ်စာရင်းစစ်ချုပ် ဒေါ်မိကိုတို့ ဦးဆောင်၍ ဇွန် ၃၀ ရက်နေ့တွင် ဌါနအသီးသီးမှ အစိုးရဝန်ထမ်းအားလုံး အစည်းအဝေး သွားတက် ကြရန် ဆင့်ဆိုခဲဲ့့သည်ဟုဆို၏။

အစည်းအဝေးတွင် ရွေးကောက်ပွဲအတွက်မဲထည့်ပိုင်ခွင့်ရှိသူ အစိုးရဝန်ထမ်းစာရင်းကောက်ယူကြောင်း၊ ရွေးကောက်ပွဲ အတွက်မဲပေးနိုင်ရန် အသင့်ပြင်ထား စေချင်ကြောင်း ပြောကြားသည်ဟု အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောကြား ပါသည်။

“နိုင်ငံတော်အစိုးရနဲ့အတူ တိုင်းပြည်ထူထောင်ရာမှာ တဖက်တလှမ်းကနေကူညီဆောင်ရွက်နေတဲ့ပါတီကို ရွေးကောက်ပွဲမှာ မဲပေးဖို့ပြောတယ်။ ဆိုလိုချင်တာကတော့ ကြံ့ဖွတ် ပါတီကို မဲပေးဖို့အတွက်ပေါ့” ဟု ၎င်းကဆက်လက်ပြောကြားပါသည်။

၀န်ထမ်းအားလုံးစာရင်းကောက်ယူပြီးနောက် ဂျူလိုင်လလယ်အထိ မဲထည့်ပိုင်ခွင့်ရှိသူဒေသခံပြည်သူများစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက် အရ သိရှိရသည်။

မိုင်းတုန်မြို့တွင် မည်သည့်တိုင်းရင်းသားပါတီမှ လာရောက်စည်းရုံးမဲဆွယ်ခြင်းမရှိသေးဘဲ ကြံ့ဖွံ့ပါတီတစ်ခုတည်းသာ စတင်စည်းရုံးမဲဆွယ် လှုပ်ရှားနေသည်ဟု ဆိုသည်။

Most read this week