တပြည်လုံး၌ ရုရှားရေဒါ ရ ခု နအဖ တပ်ဆင်ပြီး

တပြည်လုံး၌ ရုရှားရေဒါ ရ ခု နအဖ တပ်ဆင်ပြီး
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့တောင်ဘက် လွယ်မွေရေဒါစခန်းအပါအဝင် မြန်မာနိုင်ငံတွင်လက်ရှိ ရေဒါစခန်း ရ ခုရှိပြီဖြစ်ကြောင်း မြန်မာ့အရေးစောင့်ကြည့် လေ့လာသည့်...

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့တောင်ဘက် လွယ်မွေရေဒါစခန်းအပါအဝင် မြန်မာနိုင်ငံတွင်လက်ရှိ ရေဒါစခန်း ရ ခုရှိပြီဖြစ်ကြောင်း မြန်မာ့အရေးစောင့်ကြည့် လေ့လာသည့် ထိုင်းနယ်စပ်လုံခြံုရေး အသိုင်းအဝိုင်း ကပြောပါသည်။

“ကျနော်တို့ကြားသိရသလောက် အဲဒီရေဒါ တွေက ၃၅၀ ကီလိုအကွာအထိထောက်လှမ်းနိုင်တယ်။ ရှင်းအောင်ပြောရ ရင်တော့ ကျိုင်းတုံလွယ်မွေကနေ ထိုင်းနိုင်ငံချင်းရိုင်းအထိ လေယာဉ်ဖြတ်သန်းမှုကို ချက်ချင်းအချက်ပေး နိုင်တယ်” - ဟု ပြော၏။

ရုရှားလုပ် 1L117 အမျိုးအစား (ရုရှားအသုံးြုပပြီး Second Hand) ) ရေဒါများအား သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း - လွယ်မွေ၊ ကန်းရိုးတန်းတိုင်း - ငွေဆောင်၊ မြိတ်၊ အလယ်ပိုင်းတိုင်း - နတ်ရေကန်တောင်၊ တံတားဦး၊ နေပြည် တော်စစ်တိုင်း တောင်ညို နှင့် မြောက်ပိုင်းတိုင်း ကချင်ပြည်နယ် မိုးညှင်းရှိ - ဓူဝံရေဒါစခန်းတို့ဖြစ်ကြသည်ဟု ဆို၏။

“နေပြည်တော်စစ်တိုင်းက  တောင်ညိုရေဒါစခန်း လုပ်ငန်းလည်ပတ်ဖို့ အဲဒီနားမှာ ရေအားလျှပ်စစ် ထုတ်စက်ရုံ တခု ဂျွန်လကဆောက်လုပ်ပြီးစီးသွားပြီပြောတယ်” - ဗမာပြည်ရောက်သျှမ်းပြည်သား စီးပွားရေးလုပ်ငန်းရှင် တဦးကပြောပါသည်။

လွန်ခဲ့သည့် ၂၀၀၉ ဖေဖေါ်ဝါရီလနှောင်းပိုင်းကတည်းက ရုရှား၏ရေဒါဟောင်းများ ရန်ကုန် -သီလဝါဆိပ်ကမ်း သို့ ရောက်ရှိခဲ့ကြောင်းလည်း ပြောပြပါသည်။

ကျိုင်းတုံမြို့အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ လွယ်မွေတောင်၌ တပ်ဆင်ထားသည့် ရေဒါ 1L117M  အမျိုး အစားမှာ ၁၅၀ ကီလိုမီတာအတွင်း လေယာဉ်ပျံသန်း ၀င်ရောက် လာပါက ရေဒါလှုပ်ခတ်နှုန်းပြင်းလာ မည်ဖြစ် ကြောင်း၊ရောက်ရှိသည့် ခရီးအကွာအဝေးနှင့်လာရာလမ်းကြောင်းကိုလည်းသိရှိနိုင်မည်ဖြစ်ကြောင်း၊ စည်းအ ပြင်ဘက်ရောက်သွားပါကရေဒါလှုပ် ခတ်နှုန်း တဖြည်းဖြည်းနှေးသွားမည်ဖြစ်ကြောင်း - အဆိုပါ မြန်မာအရေး စောင့်ကြည့်လေ့လာသည့် အဆိုပါအသိုင်းအဝိုင်းက ပြောပြ ပါသည်။

လက်ရှိရုရှားသုံးနေသောရေဒါအမျိုးအစားမှာ 1L117M  အမျိုးအစားဖြစ်သည်ဟုလည်းသိရပါသည်။

Most read this week