စစ်အစိုးရ၏ နတလ ၀န်ထမ်းများ ၀ နယ်အတွင်း တာဝန်ထမ်းဆောင်ရန် ၀ အာဏာပိုင်ခွင့်မပြုသေး

စစ်အစိုးရ၏ နတလ ၀န်ထမ်းများ ၀ နယ်အတွင်း တာဝန်ထမ်းဆောင်ရန် ၀ အာဏာပိုင်ခွင့်မပြုသေး
by -
မွေခေါ၀်
မတ်လလယ်အတွင်း ၀ နယ််မှ ထွက်ခွါခိုင်းသော နတလ ၀န်ထမ်းများအား ယခင်အတိုင်းပြန်လည် တာဝန်ထမ်းဆောင် နိုင်ရန်  နအဖ က ၀ အာဏာပိုင်ထံ 3-4 ကြိမ် တောင်းဆိုထားသော်လည်း ၀ ဘက်က သဘောတူ လက်ခံခြင်း မရှိသေး..

မတ်လလယ်အတွင်း ၀ နယ််မှ ထွက်ခွါခိုင်းသော နတလ ၀န်ထမ်းများအား ယခင်အတိုင်းပြန်လည် တာဝန်ထမ်းဆောင် နိုင်ရန်  နအဖ က ၀ အာဏာပိုင်ထံ 3-4 ကြိမ် တောင်းဆိုထားသော်လည်း ၀ ဘက်က သဘောတူ လက်ခံခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။

“နတလ ၀န်ထမ်းတွေကိုပြန်ခေါ်သွားတုန်းကလဲ ကျနော်တို့ကို ပြောဆိုဆွေးနွေးခြင်းမရှိခဲ့ဘူး။ အခုပြန်လာချင်တယ် ဆိုတော့ ကျနော်တို့ဘက်က လက်မခံနိုင်သေးဘူး။ အထူးသဖြင့် သူတို့ရဲ့လုံခြံုရေးအတွက်အာမမခံရဲဘူး။ တစုံတခု ဖြစ်ရင် ကျနော်တို့ကိုအပြစ်ပုံချမှာစိုးလို့- လို့ဘဲ အကြောင်းပြန်လိုက်တယ် ” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးက ပြောပါသည်။

၀ ပြည်သွေးစည်းရေးတပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်း၊ ၀ိန်းကောင်၊ မိုင်းပေါက်၊ မို်င်းဖျန်၊ မိုင်းမိုင် နှင့် နမ့်တစ် မြို့နယ်အတွင်း သွားရောက်တာဝန်ထမ်းဆောင် ခဲ့ဖူးသော နတလ (နယ်စပ်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဝန် ကြီးဌာန) ၀န်ထမ်းများမှာ ကျန်းမာရေး၊ ပညာရေး၊ သစ်တောနှင့် တိမွေး/ကု ဌာနမှ ၀န်ထမ်းများ ဖြစ်ကြသည်ဟုဆို၏။

ထို့အတူဂျွန်လပထမပတ်က ၀ နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်း ၈ ဦးကိုလည်း မည်သူ့ညွန်ကြားချက်ဖြင့် ရောက်ရှိနေသည်ကို  စစ်ဆေး နေကြောင်း ဒေသခံတဦးက ဤကဲ့သို့ ပြောပြပါသည်။

“သူတို့တွေကို ၀ ကျောင်းအုပ် ဦးအိုက်ကား က တန့်ယန်း နအဖ စစ်ဗျူဟာ ပေါင်းပြီးခေါ်တာလား။ တကယ်လို့ ၀ အာဏာပိုင်တွေဆီက ခွင့်ပြုချက်မရဘဲ သူတို့တွေကို ခေါ်လာရင်တော့ ပြဿနာတက်နိုင်တယ်။ အခုစစ်ဆေးနေ တုန်း၊ ၀ အာဏာပိုင်ထဲက ဘယ်သူခွင့်ပြုတာလဲဆိုတာ ”

၀ ပြည်သွေးစည်းရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နယ်သို့  နအဖဘက်မှ ကျောင်းအုပ်မရောက်သေးသော် လည်း ၀ ကျောင်းအုပ်/ဆရာ ဦးအိုက်ကားက ဦးစီး၍ နအဖ အထက်တန်းကျောင်း (ပန်ဆန်း အထက) ဖွင့်လှစ်နေ ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Most read this week