ကြံ့ဖွံ့ဝင်လျှင် မှတ်ပုံတင် အခမဲ့လုပ်ပေး - အသက်မပြည့်ကလေးကို ကျပ်သိန်းချီကောက်

ကြံ့ဖွံ့ဝင်လျှင် မှတ်ပုံတင် အခမဲ့လုပ်ပေး - အသက်မပြည့်ကလေးကို ကျပ်သိန်းချီကောက်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံ လဝက ရုံးတွင် အသက် ၁၈ နှစ်ပြည့်် ကြံ့ဖွံ့အသင်းဝင်များ မှတ်ပုံတင် အခမဲ့ လုပ်ပေးသော်လည်း ၁၀ နှစ်ပြည့်ကလေးများအတွက် ကျပ်သိန်းချီကောက်ခံနေ..

သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံ လဝက ရုံးတွင် အသက် ၁၈ နှစ်ပြည့်် ကြံ့ဖွံ့အသင်းဝင်များ မှတ်ပုံတင် အခမဲ့ လုပ်ပေးသော်လည်း ၁၀ နှစ်ပြည့်ကလေးများအတွက် ကျပ်သိန်းချီကောက်ခံနေကြောင်း စုံစမ်းသိရှိရ သည်။

ကလေးတယောက်အတွက်မှတ်ပုံတင်လုပ်ခ ကျပ်ငွေ ၅ သိန်းပေးဆောင်ရန်  လဝက ခရိုင််မှူး ဦးအောင် မျိုးလွင် ကိုယ်တိုင် ကလေးမိဘများအား ခေါ်ယူတွေ့ဆုံ ပြောကြား ကြောင်း၊ ၁၈ နှစ် ပြည့်ပြီး ငွေကြေးမပြည့် စုံသူများ ကြံ့ခိုင်ရေးအသင်း ၀င်လျှင် မှတ်ပုံတင် အခမဲ့လုပ်ပေးမည်ဟုလည်း ကျိုင်းတုံ လဝကမြို့နယ်မှူး စိုင်းဆိုင်တွီ က စည်းရုံး ပြောဆိုခဲ့ကြောင်း ကျိုင်းတုံမြို့သား စိုင်းဆမ်တစ် ဤကဲ့သို့ပြောပြ၏။

“မှတ်ပုံတင် လုပ်ခတစ်ယောက် ၅ သိန်းထည့်ရမယ်။ ထည့်တဲ့သူ မှတ်ပုံတင် လုပ်ပေးမယ်။ မထည့််ရင် မလုပ်ပေးဘူး။ မကျေနပ်ရင် ဘယ်ဌါနကို တိုင်ချင်တိုင်။ ဒါပေမယ့် အသက် ၁၈ နှစ်ပြည့်သူတွေ ကြံ့ဖွံ့ အသင်းဝင်ရင် မှတ်ပုံတင် အလကား ရမယ် - လို့ လဝကရုံးကပြောတယ်”

ကျိုင်းတုံမြို့ု့နယ်တွင် အသက် ၁၀ နှစ်အထက် ကလေးများအား ဧပြီလမှစ၍ မှတ်ပုံတင်ပြုလုပ်ပေးမည် ဖြစ် ကြောင်း နံရံတွင်စာကပ်ထားသည်ဟုဆို၏။

ငွေကြေးတတ်နိုင်သူ လူနည်းစုကသာ ပြုလုပ်ကြသော်လည်း ငွေကြေးမတတ်နိုင်သူအများအပြားက “ သူတို့ ၁၈ နှစ်ပြည့်မှဘဲလုပ်ပေးမယ်။ အခုလဲ ဘယ်မှ သွားစရာမှ မလိုတာ။ အဲ့ဒီအချိန်ကျမှ ကြံ့ဖွတ်အသင်းဝင်ပြီး မှတ်ပုံတင် အလကားလုပ်ပေါ့” - ဟု ဆိုကြကာ လဝကရုံးမှ အသီးသီး ပြန်လှည့်ထွက်ကြကြောင်း အမည် မဖေါ်လိုသည့် ကလေးမိခင်တဦးက ပြောသည်။

မှတ်ပုံတင်လုပ်ခအတွက် ငွေကြေးကောက်ခံသူများမှာ ဦးအောင်မျိုးလွင်(လဝကခရိုင်ဦးစီးမှူး)၊ စိုင်းဆိုင်တွီ (လဝကမြို့နယ်မှူး)နှင့် ဦးကျော်ကျော်လှိုင် (လဝကစာရေး) တို့ဖြစ်ကြသည်။

Most read this week