မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး

မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး
ပြီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံကို ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်ကာ လူမြင်သာသည့် ကားလမ်းမ ဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်းသိရှိရ...

ပြီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံကို ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်ကာ လူမြင်သာသည့် ကားလမ်းမ ဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်းသိရှိရပါသည်။

“ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းအသစ်နဲ့အဖွဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုင်းဟိုင်းမြို့မှာ နှစ်နိုင်ငံမြို့နယ် အဆင့် နယ်စပ်ကိစ္စဆွေးနွေးပွဲ မသွားခင် မှာဘဲဖြစ်တာ၊ ဘယ်သူ့လက်ချက်မှန်းမသိဘူး၊ နအဖ ရဲ့ ဌာန ဆိုင်ရာရုံး ၄ ခုက အလံ ၄ ခုစလုံး ညအချိန်ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်တယ်၊ တချို့အစအနတွေ လမ်းပေါ်ကြဲပစ် ထားတယ်။ တချို့အပိုင်း ဟာကိုဓါးနဲ့ချိုဒ်ပြီးဓါတ်တိုင် မှာသွားချည်ထားတယ်” - ဟု ကျိုင်းတုံမြို့ခံတဦးက ပြောပြပါသည်။

မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၈၉၆ နှင့် တပ်မဟာ ၃၆၉ တို့ ပူးပေါင်းထိန်းချုပ်သည့် ဆီလူးမြို့ရှိ နအဖ၏ ကျန်းမာ ရေးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဌာန နှင့် တိရစ္ဆာန် ဌာနရုံးများ၏အလံများ ဂျွန် ၂၁ ရက် ညဉ့်နက် ပိုင်းက ဖြုတ်ချဖျက်ဆီးခံရ ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ကဘဲ မိုင်းလားတပ်ဖွဲ့ကို အကြောင်းမရှိ အကြောင်းရှာ၊ ရန် ရှာချင်လို့ လံကြုပ်ဖန်တီး တာဖြစ်နိုင် သလို အသွင်ပြောင်းဖို့ အမြို့ဖိအားပေးခံနေတာကို အမြင်ကပ်လို့ ဒေသခံတပ်မှူးတပ်သားတွေ လုပ်တာလဲ ဖြစ်နိုင်တယ်”- ဟု တရုတ် နယ်စပ် အကဲခတ်သူတဦးကပြောပါသည်။

အဆိုပါကိစ္စကို မိုင်းလားတပ်ဖွဲ့သိလျှင်သိခြင်း အခင်းဖြစ်သည့် နေရာသို့ မိုင်းလား ဗဟိုဌာနချုပ်မှအာဏာပိုင်များသွား ရောက် စစ်ဆေးခဲ့ကြကြောင်း၊ မဆလ/နဝတ အလံ ဖျက်ဆီးသည့်တရားခံကိုလည်း အမြန်ဆုံးဖမ်းမိရန်စုံစမ်းမေးမြန်း နေကြောင်း- မိုင်းလား တပ်ဖွဲ့ အရာရှိတဦး ကပြောပြပါသည်။

ဂျွန် ၂၄ ရက် တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မိုင်းဟိုင်းမြို့ နှစ်နိုင်ငံ (မြို့နယ် အဆင့်) တရုတ် - မြန်မာ နယ်စပ်အရေး ဆွေးနွေးပွဲမှ အပြန် မိုင်းလားမြို့ ညအိပ်ရပ်နားစဉ် တြိဂံစစ်တိုင်း ရုံး ဂျီဝမ်းသစ် ဒု-ဗိုလ်မှူးကြီးတင့်ဆွေနှင့်အဖွဲ့ မိုင်းလားအာဏာပိုင်များနှင့် တွေ့ဆုံရာ၌လည်း နယ်ခြားစောင့် တပ်အရေးထက်အလံဖျက် ဆီးခံရသည့် ကိစ္စကို ဦးစားပေးပြောသွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။

တြိဂံတိုင်း ဂျီဝမ်းသစ်နှင့်အဖွဲ့အား မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ဆန်းပေ နှင့် စဝ်ဆန်လူတို့ လက်ခံတွေ့ဆုံစဉ် တင်ပြစရာ တောင်းဆိုစရာများရှိလျှင် ပြောနိုင်ကြောင်း၊ အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ဒု-ဗိုလ်မှူးကြီး တင့်ဆွေမှကမ်းလှမ်း သော်လည်း ဘာမျှဆွေးနွေးစရာမရှိကြောင်း ၂၅/၆/၂၀၁၀ နေ့ ပြောဆိုကြပြီး ယခင် ကကဲ့သို့ ထမင်းဝိုင်းထိုင်အတူ စားသောက်ခြင်းပင်မရှိဟု ကြားသိရ၏။ ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ ရက်နေ့ နအဖနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်သည်။

Most read this week