အသွင်ပြောင်း လက်ခံသည့် အပစ်ရပ် SSA တပ်ဖွဲ့အချို့ တောင်ပိုင်းတပ်ဖွဲ့နှင့်ပူးပေါင်း

အသွင်ပြောင်း လက်ခံသည့် အပစ်ရပ် SSA တပ်ဖွဲ့အချို့ တောင်ပိုင်းတပ်ဖွဲ့နှင့်ပူးပေါင်း
မြန်မာစစ်တပ်အလိုကျ ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံထားသော ဥက္ကဋ္ဌ ဦးလွယ်မောဝ်း ဦးဆောင်သည့် ယခင် သျှမ်း ပြည်တပ်မတော် SSA တပ်ဖွဲ့ဝင် အချို့ ၄င်းတပ်မှထွက်ပြေး နေဆဲဖြစ်ကြောင်း စုံစမ်းသိရ...

မြန်မာစစ်တပ်အလိုကျ ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံထားသော ဥက္ကဋ္ဌ ဦးလွယ်မောဝ်း ဦးဆောင်သည့် ယခင် သျှမ်း ပြည်တပ်မတော် SSA တပ်ဖွဲ့ဝင် အချို့ ၄င်းတပ်မှထွက်ပြေး နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) မိုင်းခေး ဋ္ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန် လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းမှူးထံ စာရင်းသွင်း ထား သည့် အထဲမှ တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ဂျွန်လအတွင်း ထပ်မံထွက်ပြေးခဲ့ကြောင်း အက်အက်အေအသိုင်းအဝိုင်းက သိရသည်။

ယခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဥက္ကဋ္ဌဦးလွယ်မောဝ်း ဦးဆောင်သည့် SSA တပ်ဖွဲ့ဝင်အချို့ ပြည်သူ့စစ်အသွင်ပြောင်း ဖွဲ့စည်း ရန် လက်ခံလိုက်ပြီး နောက်ပိုင်း မေလပိုင်းတွင် ၄င်းတပ်မှ တပ်ဖွဲ့ဝင်အမြောက်အများ ထွက်ပြေးခဲ့သည်။

ထွက်ပြေးသွားသူများထဲမှ အင်အား ၄၀ ခန့်မှာ မြန်မာစစ်တပ်အား လက်နက်ကိုင် အံတုနေဆဲဖြစ်သော ထိုင်းနယ်စပ် အခြေဆိုက် စဝ်ယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်ထံ ပူးပေါင်းခဲ့သည်ဟု နီးစပ်သူများက ဆိုသည်။
လက်ရှိအခြေအနေတွင် အက်အက်အေ အနေဖြင့် ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံထားသော်လည်း ပိုနေမြို့ ကျားနေမြို့ ရှိကြောင်း သျှမ်းတပ်မှူးအသိုင်းအဝိုင်းက ပြောသည်။

“ပြည်သူ့စစ်အသွင်ပြောင်းရေးကို လက်ခံထားပေမဲ့ အဖွဲ့ကတော့ ဒီအတိုင်းဆက်ရှိနေတုန်းပါပဲ လက်ရှိ ရှိနေတဲ့ တပ်မဟာ တွေလည်း အားလုံးပုံမှန်အတိုင်း အဆက်အသွယ် ရှိနေပါတယ်” ဟု ၄င်းအဖွဲ့မှ ပြည်သူ့စစ်အသွင်ပြောင်းရေးကို အာခံနေ သည့် တပ်မှူးတစ်ဦးက ဆိုသည်။

သျှမ်းပြည်တပ်မတော်တွင် တပ်မဟာ ၁ ၊ ရ နှင့် ၃ ဟူသော လက်အောက်ခံ တပ်မဟာ ၃ ခုရှိသည့်အနက် တပ်မဟာ ၁ မှာ ပြည်သူ့စစ်အသွင်ပြောင်းရေးကို ဆက်လက်ငြင်းဆန် နေဆဲဖြစ်ကြောင်း သိရသည်။

၄င်းအဖွဲ့အနေဖြင့် ပြည်သူ့စစ်အသွင်ပြောင်းပြီးနောက် ဋ္ဌာနေပြည်သူ့စစ်အဖွဲ့ ၃ ဖွဲ့အထိ ဖွဲ့စည်းရန်ရှိသော်လည်း မည်သည့် အချိန်တွင် စတင်ဖွဲ့စည်းမည်ကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးပေ။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...

Most read this week