နမ့်ခမ်းတွင် သျှမ်းပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

နမ့်ခမ်းတွင် သျှမ်းပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ
နအဖစစ်အစိုးရကြီးမှူး ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်မည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၄င်းပါတီ၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ဇွန်လ ၉ ရက်နေ့ နံနက် ရ နာရီ ၄၅ မိနစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ...

နအဖစစ်အစိုးရကြီးမှူး ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်မည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၄င်းပါတီ၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ဇွန်လ ၉ ရက်နေ့ နံနက် ရ နာရီ ၄၅ မိနစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် ပေါက်လေရပ်ကွက်ရှိ လားရှိုးတည်းခိုခန်း၌ ၎င်းပါတီ ရုံးခန်းနှင့်ဆိုင်းဘုတ်တင်ပွဲအား ဖွင့်လှစ်ကျင်းပခဲ့ ကြောင်း ၄င်းအခမ်းအနားသို့ တက်ရောက်ခဲ့သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီနေ့မနက်  ရ နာရီ ၄၅ မိနစ်မှာ ပေါက်လေ လို့လည်းခေါ်တယ် နမ့်ခမ်းခွန်လို့လဲခေါ်တယ် အဲဒီရပ်ကွက် လားရှိုးတည်းခို  ခန်း မှာ ရုံးခန်းဖွင့်ပွဲနဲ့ ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပတာပေါ့ အခမ်းအနားမှာတော့ လူအင်အား ၃၀၀ လောက်တက် ရောက်ကြတယ်” လို့ သူက ပြောသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နမ့်ခမ်းမြို့နယ် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းချိုဦးနှင့် ဒုဥက္ကဋ္ဌအဖြစ် စိုင်းဆိုင်ဝမ်းတို့ တာဝန်ယူကြပြီး ပါတီဝင် အင်အား ၂၃ ဦးခန့် ရှိကြောင်း သိရသည်။

၎င်းပါတီ အနေဖြင့် ယခုရုံးခန်းနှင့်ဆိုင်းဘုတ်တင်ပွဲ မကျင်းပခင်ကတည်းက ဒေသတွင်း၌ စည်းရုံးရေးလုပ်ငန်းများ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီများက ရုံးခန်းနှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားများ ကျင်းပနေသော်လည်း ဒေသခံအများစုမှာ နအဖကျင်းပမည့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နမ့်ခမ်း SNDP ဆိုင်းဘုတ် (ဓါတ်ပုံ- S.H.A.N.)

“နအဖကျင်းပမဲ့ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ စိတ်ဝင်စားတာ မတွေ့ရဘူး ပါတီတွေဘာလုပ်နေတယ် ဆိုတာ လည်း လူထုကြားထဲမှာ တကယ်ကို စိတ်မဝင်စားမှု မရှိကြဘူး ဘယ်လိုပြောရမလဲ ရွေးကောက်ပွဲဆိုတာ သတင်းတွေထဲ မှာပဲ တွေ့နေရတယ် အပြင်မှာတော့ ဘာမှထူးခြားမှု မရှိသလိုဖြစ်နေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

နမ့်ခမ်း SNDP ရုံးခွဲဖွင့်ပွဲ (ဓါတ်ပုံ- S.H.A.N.)

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (Shan Nationalities Democratic Party) သည် သျှမ်းပြည် ၃၉ မြို့ နယ် စစ်ကိုင်းတိုင်း ၂ မြို့နယ်၊ ကချင်ပြည် ၆ မြို့နယ် နှင့် ကယား (ကရင်နီပြည်) ၃ မြို့နယ်အပြင် ရန်ကုန်တိုင်း၊ မန္တလေး တိုင်းတို့၌လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

နမ့်ခမ်း SNDP ရုံးခွဲဖွင့်ပွဲ (ဓါတ်ပုံ- S.H.A.N.)

Most read this week