တန့်ယန်းမြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင်များက မိမိတို့၏ လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့် နှိပ်ကွပ်နေကြောင်း စုံစမ်းသိရှိရသည်။
“ကျနော်တို့ အယောက်၂၀-၃၀လောက် လွွယ်အဲန်စစ်ဆေးရေးဂိတ်နဲ့ သံလွင်ကူးတို့ဆိပ်တွေမှာ ဗမာစစ်သား တွေနဲ့အတူ ကင်းစောင့်ကြရတယ််။ နေ့ခင်းပို်င်းဆိုလဲ ၀ါးလုံး(၃)ချောင်း ထက်မနည်း လူတိုင်းခုုတ်ပေးကြရ တယ်” - ဟု ပြည်သူ့စစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
လက်အောက်ငယ်သားများခုတ်ထားသောဝါးများကို အထက်လူကြီးများက ကားဖြင့်သယ်ယူရောင်းစား ကြ ကြောင်း၊ ရရှိလာသော ငွေများကို နအဖဒေသ ခံတပ်အရာရှိများအား ခွဲဝေကြောင်း သိရှိရသည်။
ပြည်သူ့စစ်တစ်ယောက်ကို အပတ်စဉ် ဆန် (၂) ပြည်၊ ဆီတစ်ပုလင်းစီထုတ်ပေးသော်လည်း အခြားသအသုံး စရိတ်များအတွက်မူူ မိမိတို့ဘာသာရှာယူကြရကြောင်း သိရှိရသည်။
“ငါတို့ခိုင်းသမျှလိုက်မလုပ်ဘဲ ထွက်ပြေးရင်် မင်းတို့နေအိမ်တွေ မီးရှို့ပစ်မယ််၊ ဗမာစစ်သားတွေကိုခေါ်ပြီး ဖမ်းခိုင်းမယ်” - ဟု ခြိမ်းခြောက်ထားကြောင်း အဆိုပါ ပြည်သူ့စစ်တဦးက ဆက်လက်ပြောကြားပါသည်။
နောင်ဖာကျေးရွာအုပ်စု၊ ၀ိန်းမိုင်ကျေးရွာအုပ်စုနှင့် ဟွေကျိန်ကျေးရွာအုပ်စုတွင် ဒေသခံ(သျှမ်း) ပြည်သူ့စစ် တပ် ၄-၅ဖွဲ့ ရှိသည်ဟုဆို၏။
မိမိတို့၏လက်အောက်ငယ်သားများအား အနိုင်ကျင့်နှိပ်ကွပ်နေသူများမှာ ၀ိန်းမိုင်ကျေးရွာအုပ်စု ဥက္ကဋ္ဌ စို်င်းဆန်လိတ် အသက်(၃၇)နှစ်၊ နောင်ဖာကျေးရွာအုပ်စု ပြည်သူ့စစ်တပ်ခွဲ(၁) ဥက္ကဋ္ဌ စိုင်းလှအောင် အသက်(၄၉)နှစ်နှင့် ၎င်း၏ညီ တန့်ယန်းမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး (အမျိုးသားညီလာခံကိုယ်စားလှယ်) စိုင်းခမ်းလှိုင် အသက်(၄၃နှစ်တို့ဖြစ် ကြောင်းဆိုသည်။
“သူတို့သခင်ဗမာစစ်ဗိုလ်တွေအတွက် အလုပ်ကိုလုပ်ပေးပြီး လက်အောက်ငယ်သားတွေကျတော့အနိုင်ကျင့် နှိပ်ကွပ်တ ယ်။ သူတို့အမျိုးတွေလဲ ဗမာစစ််သားတွေ၊ အရာရှိတွေနဲ့အိမ်ထောင်ကျတယ်။ သူတို့စီးပွါးရေးက ဗမာတပ်နဲ့ပေါင်းပြီး လူထုကို ခေါင်းပုံဖြတ်တယ်။ မတရားလုပ်အားစေခိုင်းတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောပါသည်။
အလားတူပင် တန့်ယန်းမြို့ရှိ မိုင်းကောင်(၀်) လားဟူပြည်သူ့စစ်အဖွဲ့ကလည်း ရွာသားများကို သူတို့နှင့်အတူတစ်ည လျှင်တစ်ယောက်ကျ ကင်းစောင့်ခိုင်းပြီး ရွာသားများ လိုက်နာမှုမရှိလျှင် တစ်ရွာ ကြက်(၅)ကောင် နှင့် ဆန်သုံးပြည် ဒဏ်ရိုက်ကြောင်း စုံစမ်းသိရှိရသည်။
မိုင်းကောင်(၀်)တွင် အခြေချပြီး နမ့်ပန်တံတား ကူးတို့ဆိပ်၌ ကင်းစောင့်ရသော လားဟူပြည်သူ့စစ်အဖွဲ့သည်ကျေးလက် ပြည်သူများအား အနိုင်ကျင့်နှိပ်ကွပ်ရဲသည်မှာ နအဖစစ်တပ်က ၄င်းတို့၏နောက်ကွယ်တွင်ရှိနေ ပြီးအားပေးအားမြောက် ပြုထားသောကြောင့်ဖြစ်သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။