ရွေးကောက််ပွဲနောက်ပိုင်းဖျက်သိမ်းရဖွယ်ရှိမည့် ကောဠာဟဠသတင်းကြောင့် ယခုရက်ပိုင်းအတွင်းလားရှိုးမြို့ နအဖပိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် မြို့သူမြို့သားများ အလုအယက်ငွေထုတ်ယူနေကြကြောင်း စုံစမ်းသိရှိရသည်။
“မေလ ၁ ရက်နေ့ကတည်းက ဘဏ်မှာ ငွေစုထားတဲ့သူတွေ ရာဂဏန်းလောက်ရှိမယ် ငွေတွေထုတ် ယူဖို့ဘဏ်ရှေ့မှာ တန်းစီပြီး နေကြတယ်။ နေ့တိုင်းအယောက် နှစ်ရာကျော်သုံးရာလောက်ရှိမယ်” - ဟု လားရှိုးမြို့ ခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။
မြန်မာ့စီးပွားရေးဘဏ်
ရပ်ကွက်(၂)၊ ဘူတာလမ်း၊ အမျိုးသမီးသူနာပြုကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ အဆိုပါ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန မြန်မာ့စီးပွါးရေးဘဏ်တွင် သန်းပေါင်းဆယ်နှင့် ရာနှင့်ချီငွေအပ်နှံထားသူများလည်းရှိသည်ဟု ဆို၏။ အပ်နှံထားသော ငွေအား လုံးကိုမူ ထုတ်ယူခွင့်မပြုပဲ အနည်းဆုံး ဆယ်ရာခိုင်နှုန်းထက်မနည်း ဆက် လက်ထားရှိရမည်ဟု သိရပါသည််။
အချို့နေ့များဆိုလျှင် လျှပ်စစ်မီးပျက်တောက်သဖြင့်် ငွေထုတ်ယူနိုင်ခြင်းမရှိဘဲ တရက်လုံးတန်းစီပြီးမှ လက်ဗလာဖြင့် ပြန်သွားကြရသည့်နေ့ လည်းရှိပါသည်။
“ရွေးကောက်ပွဲပြီးလို့ နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ဒီဘဏ်ဟာ ဒေဝါလီခံရချင်လည်းခံရပြီးလဲ ပြိုသွားနိုင်တယ်၊ ပြောင်းလဲချင်ရင်လည်းပြောင်းလဲသွားနိုင်တယ််ဆိုတဲ့ ကောဠာဟဠထွက်နေတော့ မြို့သူမြို့သားတွေ စိတ်မချလို့ သွားထုတ် ကြတာ” - ဟု ထိုသူကဆက်လက်ပြောပြပါသည်။
လားရှိုးမြို့သူမြို့သားများအဖို့် လွန်ခဲ့သော ဧပြီ ၂၀ ရက်နေ့ကတည်းက ထိုအကြောင်း တီးတိုးပြောဆိုလာ နေကြသည်ဟု သိရပါသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်၌လည်း ပုဂ္ဂလိကဘဏ်များဖြစ်ကြသည့် အာရှဓနဘဏ်၊ မြန်မာ့ကျံုယံဘဏ်နှင့်အခြားနာမည်ကြီး ဘဏ် ၃-၄ ခုလည်း ဖျက်သိမ်းခံလိုက်ရသောကြောင့် လူထုအကြား ဤကဲ့သို့စိုးရိမ်မှုမျိုးမကြာခဏြဖစ်ပေါ်လာ ရခြင်းဖြစ် သည်။