SNLD အထွေထွေ အတွင်းရေးမှူးဟောင်း နိုင်ငံရေးပါတီသစ်ဖွဲ့၍ မှတ်ပုံတင်

SNLD အထွေထွေ အတွင်းရေးမှူးဟောင်း နိုင်ငံရေးပါတီသစ်ဖွဲ့၍ မှတ်ပုံတင်
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း ဆားလုပ်ငန်းရှင်ဦးစိုင်းအိုက်ပေါင်း က သျှမ်းအမျိုးသားအချို့အားဦးဆောင်ပြီး နိုင်ငံရေးပါတီသစ်ဖွဲ့စည်း၍ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ထံယနေ့မှတ်ပုံတင် လိုက်ကြောင်း....

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း ဆားလုပ်ငန်းရှင်ဦးစိုင်းအိုက်ပေါင်း က သျှမ်းအမျိုးသားအချို့အားဦးဆောင်ပြီး နိုင်ငံရေးပါတီသစ်ဖွဲ့စည်း၍ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ထံယနေ့မှတ်ပုံတင် လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“ရန်ကုန်မှာ အစည်းအဝေး၂-၃ ရက်ဆက်တိုက်ထိုင်တယ်။ အခွင့်အရေးကို လက်လွတ်လို့မဖြစ်ဘူးလို့ခံယူထား တဲ့ သျှမ်းရပ်မိရပ်ဖအချို့ပေါ့။ အခု CEC  အဖွဲ့ဝင်တွေအားလုံးလျာထားပြီးပြီ”- ဟု ရန်ကုန်ရောက်သျှမ်းအမျိုး သားတဦး ပြောပါသည်။

အရှေ့တန်း - ဒေါ်မေသန်းလွင်၊ စိုင်းအိုက်ပေါင်း(၀်)၊ ခွန်ထွန်းဦး၊ စိုင်းညွှန့်လွင် နှင့် စိုင်းထွန်းကြည်

ဧပြီ ၈ ရက် ယနေ့မှတ်ပုံတင်မည့် သျှမ်းနိုင်ငံရေးပါတီအသစ်အား Shan Nationalities Democratic Party  (SNDP) သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟု အမည်ပေးထားကြောင်း၊ အဖွဲ့ဝင် ၁၅ ယောက်လျာထားကြောင်း၊ ဥက္ကဌ အား ရန်ကုန်မြို့နေ ဆားလုပ်ငန်း ပိုင်ရှင်၊ SNLD အထွေထွေအတွင်းရေးမှူးဟောင်း (နမ့်ခမ်းဇာတိ) ဦးစိုင်းအိုက်ပေါင်းအား ရွေးချယ်တင်မြောက် ထားကြောင်း၊ ဒု - ဥက္ကဌကိုမူ SNLD အဖွဲ့ဝင်ဟောင်း (၁၉၉၀ ရွေးကောက်ပွဲ ကျောက်မဲ  ၂ ကိုယ်စား လှယ် ဟာင်း) စိုင်းဆောင်ဆီ ဖြစ်ကြောင်း ကြားသိရပါသည်။

“ပါတီအဖွဲ့ဝင်တွေက ရန်ကုန်၊ မန္တလေး၊ ကျောက်မဲ၊ တောင်ကြီး၊ ပင်လုံ၊ မိုးကောင်း(ကချင်)၊ --- စတဲ့ မြို့နယ် တွေက ပုဂ္ဂိုလ်တွေပါတယ်။ တကယ်လို့ သျှမ်းပါတ ီမရှိဘူးဆိုရင် ပြည်သူကရွေးစရာမရှိဘဲ ကြံ့ဖွံ့က ပြိုင်ဘက်မရှိအနိုင်ရသွား မယ်လေ၊ ပြည်သူ့အတွက် ထွက်ပေါက်လေးဖြစ်အောင် တဘက်တလှမ်းကြိုးစားတာ ဘဲဖြစ်တယ်” - ဟု ရန်ကုန်နေ သျှမ်းအမျိုးသား တဦးကလည်းပြောပါသည်။

“အစိုးရ လက်ခံမလား မခံမလားတော့မသိသေးဘူးလေ၊  မှတ်ပုံတင်တော့ ဒီနေ့သွားတင်ထားပြီလို့ ပြောသံ ကြားတယ်”- ဟု အဆိုပါ သျှမ်းအမျိုးသားကပြောပါသည်။

လက်ရှိ စစ်အစိုးရထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၁၁ ဖွဲ့ ရှိကြောင်း၊ သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပါလျှင် ၁၂ ဖွဲ့ ရှိပြီဖြစ်ကြောင်း၊ ပင်လုံစာချုပ် ချုပ်ဆိုစဉ် ပါ၀င်ခဲ့သည့် သျှမ်းဝါရင့် နိုင်ငံရေးသမား ဟောင်း ဦးရွှေအုန်း၏ ပြည်ထောင်စုပါတီလည်း  ပါ၀င်ကြောင်းသိရ၏။

၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် S မှာမူ ထောင်ဒဏ် နှစ်ရှည်ကျခံ ထားရသည့် ဥက္ကဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးခွင့်မပြုပါက ၂၀၁၀ရွေးကောက်ပွဲ နှင့် ပတ်သက်၍ တစုံတရာဆုံးဖြတ်မည်မဟုတ်ဘဲ လက်ရှိအတိုင်း အမျိုးသားရင်ကြားစေ့ ရေးအတွက်ဆက်လက်တောင်းဆို သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။

အသက် ၆၅ နှစ် အရွယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ Shan Nationalities Democratic Party  SNDP ဥက္ကဌသစ် ဦးစိုင်းအိုက်ပေါင်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ဇာတိဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ တွင် SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့၏။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက SNLD မှ နှုတ်ထွက်ခဲ့ရာထိုအချိန် မှစ၍ ပါတီ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို နအဖ ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ် ၈၅ နှစ် ချထားသည့် စိုင်းနွတ် (ခေါ်) စိုင်းညွန့်လွင်က ဆက်လက်တာဝန်ယူထားသည်။

Most read this week