နယ်ခြားစောင့်တပ် တဖြစ်လဲ လားဟူပြည်သူ့စစ်တပ်ဖွဲ့ ၀ တပ်မဟာဌာနချုပ်အနီး တပ်စခန်းသစ်တိုးချဲ့

နယ်ခြားစောင့်တပ် တဖြစ်လဲ လားဟူပြည်သူ့စစ်တပ်ဖွဲ့ ၀ တပ်မဟာဌာနချုပ်အနီး တပ်စခန်းသစ်တိုးချဲ့
မတ်ချ် ၃၀ ရက်နေ့ လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ရင်းအဖြစ် စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် ရာထူးနှင့်တကွ တာဝန်ဝတ္တရား အပ်နှင်းပြီးနောက်ပိုင်း တောင်ပိုင်း ၀ ဌာနချုပ်အနီး ၌ တပ်စခန်း အသစ်တိုးချဲ့တည်ဆောက်နေသည်ဟု....

မတ်ချ် ၃၀ ရက်နေ့ လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ရင်းအဖြစ် စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် ရာထူးနှင့်တကွ တာဝန်ဝတ္တရား အပ်နှင်းပြီးနောက်ပိုင်း တောင်ပိုင်း ၀ ဌာနချုပ်အနီး ၌ တပ်စခန်း အသစ်တိုးချဲ့တည်ဆောက်နေသည်ဟု စုံစမ်းသိရှိရပါသည်။

“နားကောင်းမူးနဲ့ ဟွေ့အော့ အနောက်ဘက် မိုင်းထားအသွားလမ်း ကျူဟူးလုံးနားမှာ တပ်စခန်းသစ်ထပ် ဆောက်တာ၊ နအဖတပ် စစ်ကားတွေက ဆောက်လုပ်ရေး ပစ္စည်းတွေလိုက်ပို့ပေးတယ်”- ဟု ဒေသခံလားဟူ အမျိုးသားတဦးက ပြောပါသည်။

ဧပြီ ၄ ရက်နေ့မှစ၍ တောင်ပိုင်း ၀ တပ်မဟာ ရ၇၂ ဌာနချုပ် ကျူဟူးလုံးအနီး တပ်စခန်းသစ်တိုးချဲ့အခြေချရန် စတင်ခဲ့ ကြောင်း၊   နအဖ တပ်စစ်ကားများဖြင့်လိုက်လံပို့ဆောင်ပေးသည့် တည်ဆောက်ရေးပစ္စည်းများဖြင့် လားဟူနယ်ခြား စောင့် တပ်ဖွဲ့ စစ်သားများကိုယ်တိုင် ဆောက်လုပ်နေကြောင်း ဒေသခံများကဆိုသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ

“နားကောင်းမူး - မိုင်းထားလမ်း တောင်ဘက်ခြမ်းနဲ့ နားကောင်းမူး - BP.1  အနောက်ဘက်ခြမ်း နယ်မြေ အားလုံးက ၀ တွေလေ။ ကျူဟူးလုံးမှာ လားဟူတပ်တွေ သွားနေရင် ၀ နဲ့ နအဖ ထိပ်တိုက်ဖြစ်ခဲ့ရင် အဲဒီ နေရာက တောင်ကြောဆုံတဲ့ လမ်းကျဉ်းပိုင်းဆိုတော့  တကယ့်အချက်အခြာဘဲ၊ နအဖ နဲ့ ၀ နယ်မြေကြား ခံတပ်လိုမျိုး ဖြစ်နေတယ်။ ရှင်းရှင်းပြောရင် လားဟူဘဲအသေခံရမှာပေါ့” - ဟု စစ်မှုထမ်းဟောင်း တဦးကပြော ပါသည်။

နားကောင်းမူး-မိုင်းထားလမ်းမြောက်ဘက်ခြမ်း လွယ်မောက်ခေါက်တက်၊ လွယ်ခီလိတ်တောင်ကြောတလျှောက် တွင် လားဟူပြည်သူ့စစ်မိသားစုဝင်များအတွက် လွန်ခဲ့သည့် နှစ်ကျော်ခန့်ကတည်းက နအဖစစ်တပ်မှ လွတ်လပ် စွာ ဘိန်းစိုက်ပျိုးခွင့်ပေးထားသည်။

၀ အမျိုးသား အဖွဲ့ချုပ်  အတွင်းရေးမှူး တာ့အိုက်ညွှ န့်က - “လားဟူတွေကို ပြည်သူ့စစ်ကနေ နယ်ခြားစောင့် တပ်ရင်း အဖြစ်တိုးချဲ့ဖွဲ့စည်းပေးလို့ တောင်ပိုင်း ၀ တပ်ဖွဲ့ အသွင်ပြောင်းလာအောင် ပိုဖိအားပေးနိုင်မယ်ဆိုတဲ့သူတို့ရဲ့ယုံကြည် ချက် က မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ၀ နဲ့သျှမ်းတပ်တွေကို တိုက်ခိုက်ရင်ရှေ့ပြေးတပ်အဖြစ် ပွိုင့်ထိုး ခိုင်းမှာတော့ သေချာ တယ်။ အဲဒီလိုမျိုးကြံခဲ့ဖူးလို့ နောက်တခါပွိုင့်မထိုးရဖို့အရေး တြိဂံတိုင်းမှူးထံ မိုင်းဖြတ်ဘက်လားဟူပြည်သူ့စစ် တွေက တောင်းဆို ခဲ့ဖူးတယ်” - ဟု ဆို၏။

မိုင်းတုံမြို့နယ် လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၇ အဖြစ် တိုးမြင့်သတ်မှတ် ရာတွင် ခေါင်းဆောင်ဖြစ်သူ ဂျပီးကွယ်အား တပ်ရင်းမှူး နေရာနှင့် ဗိုလ်မှူးရာထူး၊ ဒုတပ်ရင်းမှူးအား ဗိုလ်မှူးမောင်လှ၊ တပ်ခွဲ (၁) မှူး ဗိုလ်ကြီးထွန်းကျော် ( ၃၀ နှစ်)၊ တပ်ခွဲ ၂ မှူး ဗိုလ်ကြီးချစ်မောင် (၄၅ နှစ်)၊ တပ်ခွဲ ၃ အား ဗိုလ် ကြီး ဂျကော် (၃၆ နှစ်) တို့ကို အသီးသီးခန့်အပ်ခဲ့သည်ဟု ဆက်ပြောပြပါသည်။

နအဖ ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖြစ် အပစ်ရပ်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များအား နယ်ခြား စောင့်တပ်ရင်း အမှတ် - ၁၀၀၁ မှ ၁၀၀၃ အထိ NDA-K (စခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အပစ်ရပ်တပ်ဖွဲ့)၊ ၁၀၀၄ , ၁၀၀၅ ကရင်နီ လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ၁၀၀၆  MNDAA  (ပိုင်ဆုံချိန် ခေါင်းဆောင်သည့် ကိုးကန့် လက်ကျန် တပ်ဖွဲ့)၊ ၁၀၀၇ ဂျပီးကွယ်ခေါင်းဆောင်သော လားဟူပြည်သူ့ စစ်တပ်ဖွဲ့ တို့ဖြစ်ပြီး တပ်ရင်း ၁၀၀၈ မှာ မိုင်းယောင်းမြို့ နယ် မိုင်းယုဒေသခံ လားဟူပြည်သူ့စစ်အဖွဲ့တို့ အသီးသီး အသွင် ပြောင်းခဲ့ပြီးဖြစ်သည်။

Most read this week