မိုင်းလား ကိုယ်စားလှယ်များအား တြိဂံတိုင်းမှူး လက်မခံ

မိုင်းလား ကိုယ်စားလှယ်များအား တြိဂံတိုင်းမှူး လက်မခံ
တြိဂံတိုင်းမှူး ဖိတ်ကြားချက်အရ ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးသို့ မိုင်းလားအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သွားရောက် သော် လည်း ဥက္ကဌ ဦးစိုင်းလင်း ကိုယ်တိုင်မသွားသဖြင့် တိုင်းမှူး ကိုယ်တိုင် လက်ခံတွေ့ဆုံခြင်း ...

တြိဂံတိုင်းမှူး ဖိတ်ကြားချက်အရ ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးသို့ မိုင်းလားအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သွားရောက် သော် လည်း ဥက္ကဌ ဦးစိုင်းလင်း ကိုယ်တိုင်မသွားသဖြင့် တိုင်းမှူး ကိုယ်တိုင် လက်ခံတွေ့ဆုံခြင်း မရှိကြောင်း စုံစမ်းသိရှိ ရပါသည်။

ဒုဥက္ကဌ ၂ ခွန်ဆန်လူ၊ အတွင်းရေးမှူး ဦးမင်းအိမ်၊ ဒုဥက္ကဌ ၁ ဆန်းပေ“တြိဂံတိုင်းမှူးက လာမတွေ့ဘူး၊ ဂျီဝမ်း သန်းထွဋ်သိန်းကဘဲ ခဏတွေ့ပြီး ခြိမ်းခြောက်လိုက်တယ်။ ‘၀ စကားနားယောင် လွန်းရင် မိုင်းလားအဖွဲ့ဘဲခံရမယ်၊ ကျုပ်တို့တပ်မတော်ဘက်က တပ်အင်အားအပါအဝင် အားလုံး အဆင်သင့်ပြင်ဆင် ထားပြီးပြီ’ လို့ပြောတယ်”- ဟု မိုင်းလား ခေါင်းဆောင်များနှင့်နီးစပ်သည့်  ကျိုင်းတုံကုန် သည်တဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၅ ရက် မနက် ၈းဝဝ နာရီခန့်တွင် မိုင်းလား ဒုဥက္ကဌ ၁ ဆန်းပေ၊ ဒု ဥက္ကဌ ၂ စဝ်ဆန်လူ ၊ ဒု စစ်ဦးစီး ချုပ် ခမ်းမောင် တို့ဦးဆောင်သည့် မိုင်းလားကိုယ်စားလှယ်အဖွဲ့ တြိဂံတိုင်းမှူးနှင့်တွေ့ဆုံရန် ကျိုင်းတုံသို့ ခရီး ထွက်ခွာ သွားခဲ့ခြင်းဖြစ်၏။

‘ခင်ဗျားတို့ ဥက္ကဌမလာလို့ တိုင်းမှူးကြီးကလဲ ထွက်မတွေ့နိုင်ဘူး၊ အသွင်ပြောင်းဖို့အချိန် မရှိတော့ဘူး၊ ခင်ဗျားတို့ အဆင်သင့်ဖြစ်ပြီလား’ ဟု လက်ခံတွေ့ဆုံသူ စစ်ဦးစီးပထမတန်း G-1 ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက ပြောကြောင်း တရုတ်/ထိုင်းနယ်စပ်သတင်းရပ်ကွက်ကပြောပါသည်။

တြိဂံတိုင်း ဂျီဝမ်းပြောဆိုမှုအပေါ် မိုင်းလားခေါင်းဆောင်များကလည်း -“အကောင်းဖြစ်ဖို့ ခင်ဗျားတို့ အပေါ်မူတည်သလို အဆိုးဘက်သွားမယ်ဆိုရင်လည်း ခင်ဗျားတို့သဘောဘဲ” - ဟု ဆို၏။

ဖေဖေါ်ဝါရီ ၂၄ ရက် ဗိုလ်ချုပ်ကျော်ဖြိုးက မိုင်းလား ဒုဥက္ကဌ ဆန်းပေ နှင့် မိုင်းယု၌တွေ့ဆုံစဉ် တြိဂံစစ်တိုင်းရုံးသို့ သွားရောက်တွေ့ဆုံရန် ဖိတ်ကြားထား၏။ အတည်မပြုနိုင်သေးသော အတင်းအရ မိုင်းလား ကိုယ်စားလှယ် အဖွဲ့ ကျိုင်းတုံသို့ ရောက်ရှိစဉ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်လည်း တြိဂံစစ်တိုင်းရုံး၌ ရှိနေသည်ဟု ဆို၏။

“အခုတွေ့ဆုံပွဲက ဘာမှ တိုးတက်မှုမရှိရဘူး၊ အရင်တုန်းကလိုလဲ ဖေါ်ဖေါ်ရွေရွေမရှိဘူး၊ တွေ့ဆုံပွဲမှာလဲ ရေဘဲသောက် ရတယ်။ မိုင်းလားအဖွဲ့ တုန့်ပြန်ချက်ကို ဂျီဝမ်းက ‘အသွင်ပြောင်းဖို့ မပြောင်းဖို့ ခင်ဗျားတို့အပေါ် မူတည်တယ်၊ ကျနော်က အထက်အမိန့်အရ ပြောရတာ’ လို့ ပြောပြီးတော့ တွေ့ဆုံပွဲ ရုပ်သိမ်းတာဘဲ” - ဟု အဆိုပါ ကျိုင်းတုံသားက ဆို၏။

၂၀၀၉ အောက်တိုဘာ ၂၈ ရက် ကျိုင်းတုံ၌ မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်း နှင့် နောက်ဆုံးတွေ့ဆုံစဉ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်သာ  တဘက်သတ်ဖိပြောခဲ့၏။ နောက်ပိုင်း တွေ့ဆုံမှုမရှိတော့ ဘဲနှစ်ဘက် ဆက်ဆံရေးအေးကျဲနေချိန် ဂျန္နဝါရီ ၂၇ ရက်က မိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူးဦးမင်းအိမ်လုပ်ကြံသတ်ဖြတ် ခံရသည်။

Most read this week