၀ တပ်ဖွဲ့ ရုံးအနီးတွင် ဗုံး တွေ့ရှိဟု ဆို

၀ တပ်ဖွဲ့ ရုံးအနီးတွင် ဗုံး တွေ့ရှိဟု ဆို
သျှမ်းပြည် (မြောက်ပိုင်း ) မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက် အတွင်းရှိ ၀ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ဆက်ဆံရေးရုံး အနီး၌ ဇန္နဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဗုံးတစ်လုံး တွေ့ရှိခဲ့ ...

သျှမ်းပြည် (မြောက်ပိုင်း ) မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက် အတွင်းရှိ ၀ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ဆက်ဆံရေးရုံးအနီး၌ ဇန္နဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံများအပြော အရသိရ သည်။

အဆိုပါဗုံးမှာ မပေါက်ကွဲသေးသော ချိန်ကိုက်ဗုံးဖြစ်ကြောင်း သတင်းဖြစ်ပေါ်ခဲ့သဖြင့် မြို့ခံများအထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“၀ အဖွဲ့ကပိုင်တဲ့ အိမ်မဟုတ်ဘူး ဒါပေမဲ့ အဲဒီအိမ်ရဲ့ ဘေးက ၀င်းနားလေးမှာပေါ့နော် ၀ ဆက်ဆံရေးရုံးရဲ့ အိမ် ချင်းကပ်လျှက်မှာ မိုင်းဗုံးတွေ့တာပေါ့နော် ချိန်ကိုက်ဗုံးလို့ပြောကြတယ် စနက်တံ ၃ ခုဆိုလားမသိဘူး ရှိတယ် လို့ ပြောတယ် ကျနှော်တော့ နားမလည်ဘူး ချွတ်ယွင်းလို့ မိုင်းက မကွဲဘူးလို့ပြောတယ် ” လို့ သူ ကဆိုသည်။

ယခုဗုံးတွေ့သည်မှာ မှန်ကန်သော်လည်း ဂျပန်ခေတ်က လေယာဉ်ပေါ်မှ ကျဲချသည့် ဗုံးအဟောင်းဖြစ်ကြောင်း နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။

“မဟုတ်ပါဘူးဘယ်သူက သတင်းပေးလိုက်လည်းမသိဘူး သူတို့ဟာသူတို့ထားပြီး သတင်းပေးလိုက်တာလား မသိ ခြောက်လှန့်တဲ့ သဘောမျိုးဖြစ်မယ်ထင်တယ်  BE တပ်က လာကြည့်တယ် ဗုံးအဟောင်းပေါ့ ကွဲပြီးသားဗုံးအဟောင်း ပေါ့ ” လို့ သူက ဆိုသည်။

ဥပဒေရေးရာကိစ္စများကို ဆောင်ရွက်နေသည့် ပြည်ပအခြေဆိုက် မြန်မာရှေ့နေများကောင်စီ (BLC) ကို ဖေါက်ခွဲ ရေး လုပ်ငန်းများနှင့် ဆက်စပ်သည်ဟု နအဖပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့ပိုင် သတင်းစာမှ ယခုလ ၂၇ ရက် နေ့တွင် စွပ်စွဲရေးသားခဲ့သည်။

မြန်မာရှေ့နေများကောင်စီက ပြည်ထဲရေး၏ အဆိုပါ စွပ်စွဲရေးသားချက်သည် အခြေအမြစ် မရှိကြောင်း တုန့်ပြန် လိုက်သည်။

ယခုမူဆယ်တွင်ဗုံးတွေ့သည်ဆိုခြင်းမှာလုပ်ကြံဖန်တီးမှုတစ်ခုသာဖြစ်သည်ဟု ဒေသခံများက ယူဆလျှက်ရှိသည်။

Most read this week