သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ စျေးရပ်ကွက်အတွင်းရှိ ဆေးရုံရှေ့တွင်ဖွင့်ထားသည့် ဝင်းကိုနိုင် ဆံသဆိုင် ၌ လက်ပစ်ဗုံး တစ်လုံး တွေ့ရှိရသဖြင့် အနီးနားရှိဒေသခံများ အထိတ်တလှန့်ဖြစ်ကြရကြောင်း သိရသည်။
ယမန်နေ့ ညနေ (၃) နာရီခန့်က အဆိုပါဆံသဆိုင်သို့ ဆံပင်ညှပ်လာသည့် အမျိုးသားတစ်ဦး မေ့ကျန်ခဲ့သည့် လက်ကိုင်အိတ် အတွင်းမှ လက်ပစ်ဗုံးတွေ့ရှိရသဖြင့် ဆံသဆိုင်အတွင်း ဗုံးတွေ့သည်ဆိုကာ ဒေသခံများ စိုးရိမ်ထိတ် လှန့်ခဲ့ရခြင်း ဖြစ်သည်။
ဗုံးတွေ့ရသည့် အခြေအနေအား အာဏာပိုင်များ ထံအကြောင်းကြားလိုက်ပြီးနောက် ဗမာရဲနှင့်လုံခြံုရေးအဖွဲ့များ ရောက်ရှိ လာကာ ဆိုင်အတွင်း ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဆံပင်လာညှပ်တဲ့ သူဆီက ပိုက်ဆံအိပ်မေ့ကျန်ခဲ့တာ အိပ်ထဲမှာက လက်ပစ်ဗုံးတစ်လုံးနဲ့ ပိုက်ဆံနဲနဲပါးပါးတွေ့ တယ် နောက်ကားလိုင်စင်အဲဒါလည်း တွေ့တယ်လို့ပြောတယ် ဆိုင်ရှင်ကိုလည်းခေါ်သွားတယ် ဆိုင်ကိုလည်းပိတ် ခိုင်းထား လိုက်တယ် ဘယ်သူ့ဟာလည်းဆိုတာတော့ မသိဘူး မနေ့ကတော့ ဆိုင်ရှေ့မှာတော့လူတွေဝိုင်းအုံနေတာပဲ ” လို့ သူကပြောသည်။
လက်ပစ်ဗုံးမေ့ကျန်ခဲ့သူသည် ဆိုင်ကယ် ကယ်ရီလိုက်နေသည့် ရဲတပ်သားတစ်ဦး၏ ပစ္စည်းဖြစ်ကြောင်းနှင့်ဗုံးကိုင်ဆောင် သူကိုတော့ ရှာဖွေနေဆဲဖြစ်ကြောင်း မူဆယ်ရဲအသိုင်းအဝိုင်းက ပြောသည်။
မူဆယ်ရဲစခန်းနှင့်နီးစပ်သူက “ ဆိုင်ကယ် ကယ်ရီသယ်နေတဲ့ ရဲတပ်သား တစ်ဦးရဲ့ လက်ပစ်ဗုံးလို့ ယူဆ ထားတယ် လူကိုတော့ရှာနေတုန်းပဲ ချိန်ကိုက်ဗုံးမဟုတ်ဘူး လက်ပစ်ဗုံးပါ ” လို့ ပြောသည်။
Published
Wednesday, July 1, 2009 - 21:01
ရဲ မေ့ကျန်သည့် ဗုံးကြောင့် အထိတ်တလှန့် ဖြစ်ရ
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ စျေးရပ်ကွက်အတွင်းရှိ ဆေးရုံရှေ့တွင်ဖွင့်ထားသည့် ဝင်းကိုနိုင် ဆံသဆိုင် ၌ လက်ပစ်ဗုံး တစ်လုံး တွေ့ရှိရသဖြင့် အနီးနားရှိဒေသခံများ အထိတ်တလှန့်ဖြစ်ကြရကြောင်း သိရ ...