တောင်ပိုင်း ၀ ထိန်းချုပ်နယ်မြေဘက် စစ်အစိုးရတပ် နည်းဗျူဟာတပ် ၂ ခု တိုးချဲ့ဖို့ရှိ

တောင်ပိုင်း ၀ ထိန်းချုပ်နယ်မြေဘက် စစ်အစိုးရတပ် နည်းဗျူဟာတပ် ၂ ခု တိုးချဲ့ဖို့ရှိ
သျှမ်းပြည်အရှေ့တောင်ပိုင်း ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထိန်းချုပ်နယ်မြေ တလျှောက်တွင် နအဖ စစ်အစိုးရ နည်းဗျူဟာတပ် ၂ ခု တိုးချဲ့ချမည်ဟု စစ်အစိုးရထိပ်ပိုင်းအရာရှိနှင့် ရင်းနှီးသည့် သတင်းရပ်ကွက်က ဆို ...

သျှမ်းပြည်အရှေ့တောင်ပိုင်း ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထိန်းချုပ်နယ်မြေ တလျှောက်တွင် နအဖ စစ်အစိုးရ နည်းဗျူဟာတပ် ၂ ခု တိုးချဲ့ချမည်ဟု စစ်အစိုးရထိပ်ပိုင်းအရာရှိနှင့် ရင်းနှီးသည့် သတင်းရပ်ကွက်က ဆိုသည်။
 
“နည်းဗျူဟာတပ် ၂ ခု တိုးချမယ် ကြားတယ်။ ဂျူလိုင်လထဲမှာ ရောက်လာမယ်ပြောတာဘဲ” -ဟုအဆိုပါသတင်း ရပ်ကွက် က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
 
ထိုင်း - မြန်မာ သမိုင်း အစဉ်အဆက် အငြင်းပွားခဲ့ရသော လွယ်လန်း (နယ်ခြားတောင်ကုန်း) နှင့်မျက်နှာချင်းဆိုင် တာဆွပ် ယွန်း (နမ့်ကုတ်ချောင်းမကြီးထဲ ယွန်းချောင်း စီးဝင်သည့်နေရာ) အနီး နည်းဗျူဟာတခု နှင့် မိုင်းတုံ - ပုံပါကျင် (ထိုင်းနယ် စပ်) ကားလမ်း (နားကောင်းမူး ကျေးရွာအုပ်စု အနောက်ဘက်စူးစူး/ မိုင်းကျွတ် ၀ ဌာနချုပ်အနီး) အနောက် ဘက်ခြမ်းတွင် တပ်ချထားမည်ဖြစ်ကြောင်း ဆို၏။
 
ပြည်တွင်းမှ သျှမ်းပြည်အရေးလေ့လာသူတဦးက - “ အခုလာမည့် နည်းဗျူဟာတပ်နှစ်ခု က အများထင်တဲ့ တပ်မ ၅၅ မဟုတ်နိုင်ဘူး။ ပဲခူးက တပ်မ ၆၆ ဒါမှမဟုတ် ရ၇ လာမယ်ကြားတယ်။ တပ်မ ၅၅ က မြောက်ဘက် ၀ နယ်ခြားမျဉ်းတ လျှောက် ပို့ဖို့အလားအလာများတယ်။ မြင်သာထင်သာမရှိအောင် ကျိုင်းတုံကနေတဆင့် တောလမ်းနဲ့ဘဲ ခရီးဆက်မယ် လို့ကြား တာဘဲ” - ဟု ပြောပါသည်။
 
စစ်အစိုးရ စစ်ရေးတိုးချထားမှု ထူးခြားနေချိန်တွင် တောင်ပိုင်းဝ တပ်ဖွဲ့များကလည်း ဒေသခံပြည်သူများအား -“မလိုအပ် ရင် ခရီးသွားကြပါနဲ့” - ဟု သတိပေးထားမှုများရှိကြောင်း၊ သျှမ်းပြည် တောင်ပိုင်းအခြေစိုက် အစိုးရ စစ်တပ်နှင့် နီးစပ်သည့် နိုင်ငံရေးလေ့လာသူ တဦးက - “စစ်အစိုးရ စစ်ရေးပြင်ဆင်နေသလို  ၀ တွေဘက်မှာလဲ စားနပ်ရိက္ခာပြင်ဆင်ထားတာ တပ်စခန်းဟောင်းတွေမှာတောင်အားဖြည့် နေရာပြန်ယူလာတယ်။ ကျည်တွေတောင် ၀ယ်ယူစုဆောင်း နေတယ်ပြောတယ်၊ နောက်တခုက ဒီတခါ ၀ နဲ့ စစ်အစိုးရစစ်ဖြစ်မယ်ဆိုရင် အရင်လို ၀ တွေ အင်အားပြုန်းတီးမှုများတဲ့ (လူရေလှိုင်း) နည်းဗျူ ဟာမျိုး သုံးမှာမဟုတ်ဘူး၊ ထူးခြားတဲ့ စစ်ဆင်ရေးမျိုးပြင်ထားတယ်” - ဟု ဆက်ပြော၏။
 
စစ်အစိုးရထိပ်ပိုင်းနှင့်ရင်းနှီးသည့် ပုဂ္ဂိုလ်တဦးက- ရှေးတုန်းက ဗမာ့တပ်မတော်သည် တိုက်ခိုက်ရေးအင်အား/ အရည်အချင်း ကောင်းခဲ့ကြောင်း၊ ယခုစစ်အစိုးရ၏ ရှေ့တန်းထွက် တိုက်ခိုက်ရေး အင်အားသည် တပ်ရင်းတရင်း ၁၅၆ ယောက်သာရှိကြောင်း၊ ခေတ်မှီလက်နက်များ အသုံးြုပနိုင်တာက လွဲ၍ စစ်အစိုးရတပ်သည် တပ်သားထက် စစ်ဗိုလ်ပို များပြီး ၀င်ငွေရှာသည့်တပ်ဖွဲ့များ သာဖြစ်ကြောင်း၊ ကေအဲန်ယူတပ်စခန်းများကို သိမ်းပိုက်နိုင်ခြင်းမှာလည်း အသားထဲ ကလောက်ထွက်သည့်ကရင်အမျိုးသား ချင်းကြောင့်သာဖြစ်ကြောင်း၊ ၀ တပ်၌ ပုဆိန်ရိုးမရှိသောကြောင့် ပြည်သူ့ စစ်များကိုရှေ့တန်းတက်ခိုင်းသော်လည်း စစ်အစိုးရ အတွက် လွယ်မည်မဟုတ်ကြောင်း၊ သျှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် ၀ ပူးပေါင်းမိလျှင် စစ်အစိုးရအတွက်ပိုအခက်တွေ့ နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။