နအဖ နှင့် သျှမ်းပြည်တပ်မတော် ဆက်တိုက် တိုက်ပွဲဖြစ်

နအဖ နှင့် သျှမ်းပြည်တပ်မတော် ဆက်တိုက် တိုက်ပွဲဖြစ်
ယခုလဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း နှင့် နအဖစစ်တပ်တို့ သျှမ်းပြည်အလယ်ပိုင်းတဝိုက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။ ယခုလ ၁၃ ရက်က နအဖစစ်တပ်အင်အားအလုံးအရင်းဖြင့် မိုင်းကိုင်မြို့နယ် ...

ယခုလဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း နှင့် နအဖစစ်တပ်တို့ သျှမ်းပြည်အလယ်ပိုင်းတဝိုက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

ယခုလ ၁၃ ရက်က နအဖစစ်တပ်အင်အားအလုံးအရင်းဖြင့် မိုင်းကိုင်မြို့နယ် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့လှုပ်ရှား နယ်မြေအတွင်းထိုးစစ်ဆင်ရာ နံနက် ၉းဝဝ နာရီမှ ညနေ ၄းဝဝ အထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ပင်လုံ မြို့နယ် (အနောက်မြောက်ဘက်) စနင်းတောင်ကြော၊ ခုံလုံ၊ နားဟီး ကျေးရွာဘက်တွင်လည်း ယခုတပတ်နှစ်ပတ်အတွင်း တိုက် ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ပင်လုံဒေသခံများကပြောသည်။

အသက် ၃၀ ၀န်းကျင် လားရှိုး - ပင်လုံ မော်တော်ဆိုင်ကယ် - ကယ်ရီသမားတဦးကလဲ “ ဒီအတောအတွင်း SSA နဲ့ နအဖ စစ်တပ် ဆက်တိုက် တိုက်ပွဲဖြစ်ပွားတယ်၊ ၁၃ ရက်နေ့ကဆို တနေကုန်သေနတ်သံကြားနေရတယ်။ နအဖ စစ်သားတွေ တော်တော်များများ သေကြေဒဏ်ရာရပြီး တပ်ဆုတ်သွားတယ်ဆိုဘဲ။ အာဏာပိုင်တွေ လမ်းပိတ်ထားတော့ ကျနော်တို့ ဆိုင်ကယ်ကယ်ရီအဖွဲ့ပင်လုံဘက်ဆင်းမသွားနိုင်ကြသေးဘူး” - ဟုဆိုသည်။

အသက် ၄၀ ကျော် ပင်လုံဒေသခံအမျိုးသမီးတဦးကလဲ “ စနင်းတောင်ကြောတဝိုက်မှာခဏခဏတိုက်ပွဲဖြစ်တယ်၊ မြို့ရဲ့မြောက် ဘက်နားအထိတောင် သျှမ်းတပ်ဖွဲ့တွေရောက်တယ်လို့ တချို့ပြောတယ်” ဟုဆိုသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ ဒေသခံများ၏ပြောပြချက်၊ သျှမ်းပြည်တောင်ပိုင်း/နယ်စပ်သတင်းရပ်ကွက်များ၏ အတည်ပြုချက် မှလွဲ၍ သျှမ်းပြည်တပ်မတော်လွယ်တိုင်းလျဲန်းဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်း က အသေးစိပ်ကိုမသိရသေးကြောင်း ပြောပါသည်။

နအဖ စစ်အစိုးရသည် သျှမ်းပြည်အလယ်ပိုင်း SSA လှုပ်ရှားနယ်မြေအတွင်း ထိုးစစ်ဆင်နေသကဲ့သို့ ထိုင်းနယ်စပ် တလျှောက် တွင်လည်း စစ်အင်အားတိုးချဲ့ဖြည့်တင်းနေကြောင်း နယ်စပ်သတင်းများကဆိုပါသည်။

Most read this week