၀ိုင်းမော်မြို့ပေါ်ရှိကချင်ဒုက္ခသည်များကို UDPKS စည်းရုံး

၀ိုင်းမော်မြို့ပေါ်ရှိကချင်ဒုက္ခသည်များကို UDPKS စည်းရုံး
by -
အားမီ

“ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးအတွက်” ဟုအကြောင်းပြကာဝိုင်းမော်မြို့နယ်ရှိခရစ်ယာန် ဘုရား ကျောင်းတွင် ခိုလှုံနေကြသော စစ်ပြေး ဒုက္ခ သည်များအား စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေ စီပါတီကချင်ပြည်နယ် (UDPKS) မှအဖွဲ့ဝင် များက သဘောထားများလိုက်လံကောက်ခံ ၍ စည်းရုံးခဲ့ ကြောင်းသိရသည်။

ဒုက္ခသည်များ ခိုလှုံနေသည့် ဝိုင်းမော် ကချင်နှစ်ခြင်း ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက “၂၅ နဲ့ ၂၆ ရက်နေ့ကလာကြတယ်၊ ဒုက္ခသည်တွေကိုစစ်ကိုကြိုက်လား၊  ငြိမ်းချမ်းရေးကို ကြိုက်လားဟုUDPKS  ပါတီမှ ပြည်သူ့လွှတ်တော်အမတ် နှင့် ဥပဒေမူကြမ်းကော်မတီဝင် ရှေ့နေဒေါ်ဒွဲဘူကဒုက္ခသည် များအားမေးမြန်းခဲ့ သည် ” ဟု ပြန်ပြောသည်။

ဒေါ်ဒွဲဘူက ၎င်းအနေဖြင့် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ၏ သဘော ဆန္ဒများကို လိုက်လံမေးမြန်းစာရင်းကောက် နေခြင်းဖြစ်ပြီး ပြည်သူ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် သီးသန့် ပြည်သူ့လွတ်တော်ကို  တင်ပြနိုင်ရေး ပြင်ဆင် နေခြင်း ဖြစ်ကြောင်းပြောသည်။

“လူထုတွေနဲ့ ဆွေးနွေးတဲ့သဘောပေါ့။ မြစ်ကြီးနား၊ ၀ို်င်းမော်ဘဲလုပ်နိင်သေးတယ်။ နောက်ပိုင်းလိုင်ဇာဘက် ကိုသွားတွေဖို့ ရှိပါတယ်”  ဟုဒေါ်ဒွဲဘူကပြောသည်။အလားတူ မြစ်ကြီးနားမြို့ပေါ်ရှိ ပြည်သူများ၊အစိုးရဝန် ထမ်းများ၊ ကျောင်းသား နှင့် လူငယ်များအားလူတန်းစား မခွဲခြားပဲဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သဘောထားများ ဆက်လက် ကောက်ခံသွားမည်ဟု ဆက်ပြောသည်။

ဝိုင်းမော်ခရစ်ယာန်ဘုရားကျောင်းရောက် ဒုက္ခသည်တစ်ဦးကဒေါ်ဒွဲဘူ၏လုပ်ဆောင်ချက်အပေါ် တုံပြန်ရာတွင် “ငြိမ်းချမ်းရေးရချင်လည်းအခုက စစ်ဖြစ်နေပြီလေ၊  ကျမတို့ကဘာတတ်နိင်မှာလဲလို့ ပြောလိုက်တော့ရှေ့ နေဒွဲဘူကစစ်ဖြစ်တာငါတို့နဲ့မဆိုင်ဘူး။ စစ်ဖြစ်တာစစ်သားတွေအလုပ်၊ ငါတို့ကိုဘာလို ချင်လဲဆို တာဘဲ ပောဆိုပြီးဟောက်သွားတယ်” ဟုပြောပြသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ ဒေါ်ဘောက်ဂျာကဒေါ်ဒွဲဘူအနေဖြင့်ငြိမ်းချမ်းရေးအတွက်ဒုက္ခသည် များကိုမေးမြန်းရန် မလိုကြောင်း နိုင်ငံတော်မှာ တာဝန်ရှိသူများနှင့်သာညှိနှိုင်းစေလိုကြောင်းပြော သည်။

Most read this week