ရှမ်းပါတီဝင်များ၏ ကိုယ်ရေးရာဇဝင်များ စစ်တပ်က စစ်ဆေး

ရှမ်းပါတီဝင်များ၏ ကိုယ်ရေးရာဇဝင်များ စစ်တပ်က စစ်ဆေး
by -
ဇော်ကြီး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းတွင် ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီ (SNDP)ပါတီဝင်များ၏ နောက် ကြောင်းရာဇဝင်များအား ဒေသခံတပ်ရင်းများက စစ်ဆေး မေးမြန်း....

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းတွင် ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီ (SNDP)ပါတီဝင်များ၏ နောက် ကြောင်းရာဇဝင်များအား ဒေသခံတပ်ရင်းများက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည်။

(SNDP) ပါတီဝင်များ၏ နောက်ကြောင်းရာဇဝင်များကို နမ္မတီးဒေသ အခြေစိုက် ခမရ ၃၈၁ နှင့် ၃၈၂ တပ်ရင်း နှစ်ရင်းမှ တာဝန်ရှိသူများက ဒေသခံများထံ စစ်ဆေးမေးမြန်းနေသည်ဟု ဒေသခံရှမ်းခေါင်းဆောင်တစ်ဦးကပြော သည်။

“ရွာမှာ အရာရောက်တဲ့ သြဇာရှိတဲ့သူတွေကိုခေါ်ပြီးတော့ မေးမြန်းတာတွေ ပြုလုပ်နေတာ တွေရှိ တယ်။ အဲတာ ပါတီတွေရဲ့ စည်းရုံးရေးလုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေတယ်။ နောက်ပြီးတော့ ပါတီရဲ့ အလုပ်လုပ်နေတဲ့ အပေါ်မှာ လူထုတွေ ကြောက်လှန့်အောင် ခြိမ်းချောက်ခြင်းနည်းတစ်မျိုးလို့ ကျနော်တို့မြင်တယ်လေ။ အဲတာတွေက မဖြစ်သင့်ဘူး ဆိုတာ ကျနော်တို့ ပြောပြချင်တာ။”

ထို့အပြင် အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနှင့် လူထုအား စည်းရုံးရေး ဆင်းရာ၌ (SNDP) ပါတီအပေါ် စွပ်စွဲပြောဆိုမှုများ ရှိနေသည်ဟု ၎င်းကဆက်ပြောသည်။

“သူတို့ပြောနေတဲ့ စည်းရုံးရေးစကားတွေထဲမှာ ဒီကျားဖြူပါတီ၊ ရှမ်းပါတီတွေဟာ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နောက်ခံနဲ့ လုပ်နေတာဖြစ်တယ်။ တည်မြဲမှာ မဟုတ်ဖူး။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ပါတီကို မဲထည့်ကြပါ။ သူတို့ကနေပြီးတော့ မဲနိုင်လို့ရှိရင် ခင်ဗျားတို့ကို ဖွံ့ဖြိုးရေးတွေ လုပ် ပေးမယ်။ တိုးတက်ရေးတွေလုပ်ပေးမယ်။ ခင်ဗျားတို့ ရှမ်းကောင်းစားရေးတွေ လုပ်ပေးမယ်ဆိုပြီးတော့ ပြောတာတွေရှိတယ်။”

ကချင်ပြည်နယ်အတွင်း၌ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ် ပါတီ (SNDP)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည် (UDPKS)နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ စသည့် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီကြီးလေးခုရှိသည်။

ယင်းပါတီများအနက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေ စီပါတီ(UDPKS) ပါတီ နှစ်ခုကသာ စည်းရုံးရေးလုပ်ငန်းများကို ပြုလုပ်နေကြပြီး ကျန်ပါတီနှစ်ခုအနေနှင့် စည်းရုံးရေးလုပ်ငန်း လုပ်ဆောင် မှုမရှိသေးကြောင်းသိရသည်။

မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကြံ့ဖွံ့ပါတီသို့ ၀င်ရောက်ရန် အင်အားစုဆောင်းနေကြ သည်ဟု ဆက်ပြောသည်။

“ကြံ့ဖွံ့က ပါတီထဲဝင်လို့ရှိရင် ငွေရေးကြေးရေး မထည့်ရတဲ့အပြင် လက်ရှိသူတို့ရဲ့ စည်းရုံးရေး အရှိန် အဟုန်က ပါတီဝင်လျှောက်လွှာတောင်မလိုဘူး။ အခုနောက်ပိုင်းဆိုရင် နာမည်စာရင်း ပေးရင်တောင် ရပြီ။ သူတို့က ပါတီဝင်ကဒ်ပြားတွေ ဘာတွေကအစ သူတို့ Free (အခမဲ့) လုပ်ပေးတဲ့ ပုံစံမျိုး။”

ကချင်တိုင်းရင်းသားပါတီများဖြစ်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ(KSPP)၊ ရှမ်းပြည် နယ် မြောက်ပိုင်းတိုး တက်ရေးပါတီ(NSSPP)၊ စုပေါင်းဒီမိုကရေစီပါတီ (ကချင်)နှင့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (UDPKS) စသည့် ပါတီများ မှတ်ပုံတင်ခွင့် လျှောက်ထား ခဲ့ရာ စစ်အစိုးရက (UDPKS) ပါတီတစ်ခုတည်းကိုသာ မှတ်ပုံတင်ခွင့် ချပေးထား သေးသည်။

ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထား သည့်ပါတီ (၄၆) ပါတီ ရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၄၀) အနက် (၃၉) ပါတီအား မှတ်ပုံတင်ခွင့် ပြု ထားပြီး မည်သည့်ပါတီမျှ တရားဝင် စည်းရုံးခွင့် မရရှိသေးပါ။

Most read this week