လူကုန်ကူးခံရသူများအား ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုခြင်း

လူကုန်ကူးခံရသူများအား ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုခြင်း
by -
အားမီ
ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသား အလုပ်သမားများအား ယာယီနေထိုင်ခွင့်ပြုရန်နှင့် အလုပ်လုပ် ကိုင်ခွင့်ကို တရားဝင်ခွင့်ပြု....

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသား အလုပ်သမားများအား ယာယီနေထိုင်ခွင့်ပြုရန်နှင့် အလုပ်လုပ် ကိုင်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်သည်။

ထိုင်းနိုင်ငံ၏ ဝန််ကြီးများကျင်းပသည့် အစည်းအဝေးမှ မေလ (၄) ရက်နေ့တွင် အတည်ပြု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လူကုန်ကူးခံသူများအနေဖြင့် အကျိုးအများပြားရှိစေသည်ဟု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့၏ အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုုင် က ပြောသည်။

“အမှုရင်ဆိုင်နေရချိန်မှာ သူတို့တွေကို ထိန်းသိမ်းရေးစခန်းမှာနေထိုင်စေပြီး စိတ်ပိုင်း ဆိုင်ရာ ကုသ ပေးတာမျိုးတွေ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းတာမျိုးတွေကိုလည်း လုပ်စေ ပါတယ်။ သူတို့မှာက နကိုယ်ကတည်းကနေလူကုန်ကူးခံရတာတွေကြောင့် ခါးခါးသီးသီး ဖြစ်စေတဲ့ အတွေ့အကြံုတွေအပြင် စိတ်ဓါတ်ကျတာမျိိုးတွေဖြစ်နေတော့ ဒီလူတွေကို တနေရာထဲမှာထားပြီး စိတ်ပို်င်းဆိုင်ရာအတွက် ကုသမှုမျိုးတွေ ပြုလုပ်ပေး နေတာဖြစ်တယ်” ဟု ကိုသက်ခိုင် ကပြောသည်။

ယခု ထုတ်ပြန်ချက်သည် ထိုင်းအစိုးရဝန်ကြီးများအစည်းဝေးတွင် ဆုံးဖြတ် အတည်ပြု လိုက်ခြင်းဖြစ်ပြီး ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြံုရေးဝန်ကြီး ဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်ပြုရန်နှင့် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင် ခွင့်ပြုရန် ဆောင်ရွက်ရမည်ဟု ဖြစ်သည်။

ယင်းအပေါ်နှင့် ပတ်သက်ပြီး ကိုသက်ခိုင်က ယခုလို သုံးသပ်သည်။

“အရင်ကတည်းက ဒီလိုလူကုန်ကူးခံရသူတွေပဲဖြစ်ဖြစ်၊ ဒုက္ခသည်တွေပဲဖြစ်ဖြစ် နှစ်ရှည်လများ အလုပ် အကိုင်မရှိပဲနဲ ဘဝကသေသလိုမျိုးတွေ အများကြီးဖြစ်နေတယ်။ သူတို့က အလုပ်လုပ်ခွင့်ရှိလာမယ်၊ ပုံမှန်ဝင်ငွေတွေဘာတွေလည်းရှိလာမယ်၊ ပြီးတော့ ပတ်ဝန်းကျင် နဲ့လည်းထိတွေ့မှုရှိလာမယ် ဆိုရင် သူတို့အနေနဲ့လည်း စိတ်ပိုင်း ဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ပါတော်တော်လေးပြောင်းလဲ လာမယ်၊ လန်း ဆန်းမယ်ပေါ့ဗျာ”

လူကုန်ကူးခံရသူများသည် ၎င်းတို့ အလုပ်လုပ်ကိုင်သည့် နေရာများတွင် သွားရောက် နေထိုင်ခွင့်ပြုမည့်အပြင် ယာယီနေ ထိုင်ခွင့်လက်မှတ်လည်း ထုတ်ပေးမည်ဟု ပါရှိသည်။

သို့သော် လက်ရှိ ရွှေ့ပြောင်းအလုပ်သမားများ အားထုတ်ပေးထားသော ယာယီရွှေ့ပြောင်း အလုပ်သမား လက် မှတ်များနှင့် အနည်းငယ်ကွာခြား မှုရှိမည်ဖြစ်ပြီး အသေးစိပ် အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိ သေးပေ။

Most read this week