တောထဲပုန်းရှောင်နေသည့် အလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေကြ

တောထဲပုန်းရှောင်နေသည့် အလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေကြ
by -
သီတာထွန်း
ထိုင်းအာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုများကြောင့် တောထဲတွင်ပုန်းအောင်းနေရသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၀၀)ခန့် စားဝတ်နေရေးအခက်အခဲများနှင့်  ရင်ဆိုင်နေရသည်ဟု မြန်မာပြည်သူများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီမှ တာဝန်ခံ ကိုမိုးကြိုးက ပြော ...

ထိုင်းအာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုများကြောင့် တောထဲတွင်ပုန်းအောင်းနေရသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၀၀)ခန့် စားဝတ်နေရေးအခက်အခဲများနှင့်  ရင်ဆိုင်နေရသည်ဟု မြန်မာပြည်သူများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီမှ တာဝန်ခံ ကိုမိုးကြိုးက ပြောသည်။

“ခုလောလောဆယ် သောက်ရေအခက်အခဲရှိတယ်၊ အိမ်မှာနေရတာမဟုတ်ဖူးလေ၊ ရွက်ဖျင်တဲ အခက် အခဲရှိတယ်၊ ရေအခက်အခဲရှိတယ်၊ နောက်သူတို့ထဲမှာ ၀မ်းလျောနေတာ ဆယ်ယောက်လောက် ရှိတယ်၊ ဖျားနာနေတာက ငါးယောက်လောက်ရှိတယ်၊ အယောက် သုံးရာလောက်ထဲမှာ။”

ပုန်းရှောင်နေရသူများဧ။် အလုပ်ရှင်က နေရာကို အာဏာပိုင်များက သိကာ အရေးယူမည် စိုးပြီး အလှူပစ္စည်းများ ပေးပို့ခြင်းကိုပါ တားဆီးလိုက်သောကြောင့် ခိုးဝှက်ပို့ပေး နေရသည်ဟု ပုန်းနေသူများကို ကူညီပေးနေသည့် ကိုထိုက်သူအောင်က ပြောသည်။

“ဒီနေ့အခြေနေမှာ ကျနော်တို့ကို သွားခွင့်မပေးတော့ဘူးခင်ဗျ၊ မပေးတော့ဘူးဆိုတာက ဟိုကအလာ ကိုမခံတော့ဘူး၊ အဲဒီက အလုပ်သမားခေါင်းဆောင်ကိုယ်တိုင်ကိုက သူတို့မှာ အန္တရာယ်တွေ ဖြစ်လာ နိုင်တဲ့ အခြေအနေတွေရှိလို့တဲ့၊ မလာပါနဲ့တဲ့၊ အဲဒါကတော့ ကျနော်တို့နဲ့ ၀ဏ(အလုပ်ရှင်သူဌေး)နဲ့ ဖုန်းပေါ်မှာပဲညှိနှိုင်းလိုက်တဲ့အခါကျတော့ မိုးချုပ်် လာပြီဆို သူတို့ဆီက လူသုံးယောက်ပစ္စည်းတွေ လာ သယ်ခိုင်းမယ်ပေါ့၊ တခြားနည်းလမ်းနဲ့ ကျနော်တို့မှာ ဘယ်သူမှ မလုပ်နိုင်တော့ဘူး။”

ပုန်းရှောင်နေသူတဦးကမူ ရလာသမျှကိုသာ တတ်နိုင်သမျှ ဝေမျှစားသောက်ကြရသည်ဟု ပြောသည်။

“ရေသန့်ဗူးတွေ၊ ငါးသေတ္တာတွေရပါတယ်၊ လုံလောက်မှုတော့ သိပ်မရှိဘူးပေါ့၊ ဒီလိုဘဲ တယောက်နဲ့တယောက် ဟိုက လှည့်ဟယ်၊ ဒီကဖယ်ဟယ်နဲ့ စီစဉ်ရတာဘဲ။”

ရာသီဥတုမှာလည်း အေးလွန်းသောကြောင့် ပုန်းအောင်းနေကြသည့် ကျွန်းခင်းထဲတွင် အအေးဒဏ် သက်သာ စေရန် မီးကို အဆက်မပြတ်ဖိုထားကြရပြီး အချို့ အလှုရှင်များက စောင်များလာရောက်လှုဒါန်းသော်လည်း လိုအပ်ဆဲ ဖြစ်သည်ဟု ကိုမိုးကြိုးက ပြောသည်။

၀မ်းလျောနေသူများနှင့် ကျန်းမာရေးမကောင်းသူများကိုလည်း ညအချိန်မှသာ ခိုးဝင်ပြီး ဆေးကုသရန် စီစဉ်ထားကြသည်ဟုလည်း ကိုထိုက်သူအောင်က ဆက်ပြောသည်။

ယခုလ (၁၄) ရက်နေ့တွင် ထိုင်းအာဏာပိုင်များမှ ဖျက်သိမ်းခိုင်းခဲ့သော ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ် (၄၄) ကီလိုမီတာကျေးရွာအနီးရှိ ၀ါးတော၊ ငှက်ပျောတော၊ ကျွန်းတော စသည့် ကျေးရွာများမှ လူဦးရေ သုံးရာခန့်သည် နီးစပ်ရာတောထဲတွင် ပုန်းအောင်းနေရခြင်းဖြစ်သည်။

Most read this week